လမ်းခွဲပြီးတဲ့နောက် ရည်းစားဟောင်းကို မထိုးနှက်သင့်ကြောင်း ဖော်ပြနေတဲ့ အချက်များ

Pixabay-Free-Photos

အသည်းကွဲတာကတော့ လူတိုင်းကြုံဖူးကြမှာပါ။ အဲဒီလိုကြုံလာခဲ့ရင် တစ်ချို့လူတွေက ဝမ်းနည်းပြီး ငိုကြွေးတတ်ကြသလို တစ်ချို့တွေကျတော့လည်း စိတ်ဓာတ်ကြံ့ကြံ့ခိုင်ပြီး ဘဝခရီးလမ်းကို တစ်ယောက်တည်း ဆက်လျှောက်တတ်ကြပါတယ်။ ဒီလို ဘဝခရီးလမ်းကို တစ်ယောက်တည်းလျှောက်နေရင်းနဲ့ အခြားတစ်ယောက်နဲ့ တွေ့ရင်လည်း အဆင်ပြေသွားတတ်ကြပါတယ်။ အဲဒီလို ကိုယ်အဆင်ပြေသွားတဲ့အချိန်မျိုးမှာမှ ပြတ်သွားတဲ့ ရည်းစားဟောင်း ဒါမှမဟုတ် ကိုယ့်ကို တစ်ဖက်သတ်ထားခဲ့တဲ့ ချစ်သူဟောင်းက ပြန်လာပြီး ဆက်သွယ်တာတို့၊ အရင်လို ပြန်နေဖို့ပြောတာတို့ကို တော်တော်များများ ကြုံဖူးကြမှာပါ။ ဒါပေမယ့် ကိုယ်က ပြန်မလာတော့ဘူးဆိုတဲ့အကြောင်းကို သေသေချာချာ ရှင်းပြပေမယ့်လည်း တစ်ချို့ချစ်သူဟောင်းတွေက နားလည်ပေးကြသလို တစ်ချို့တွေက နားလည်သလိုနဲ့ နောက်ကွယ်မှ ထိုးနှက်တတ်ပါတယ်။

Pixabay-DanaTentis

တစ်ကယ်တော့ အဲဒီလို ထိုးနှက်တယ်ဆိုတာက လုံးဝမကောင်းပါဘူး။ ဘာကြောင့်ထားခဲ့လဲဆိုတာကတော့ အကြောင်းအရင်းက ရှင်းပါတယ်။ ကိုယ်မလိုချင်လို့ ပစ်ထားခဲ့တဲ့ အရာတစ်ခုကို တစ်ခြားတစ်ယောက်က တန်ဖိုးထားနေလို့ မကျေမနပ်တွေ ဖြစ်နေတာပါ။ တစ်ချို့တွေကျတော့ ကိုယ်တိုင်အရင်ဖောက်ပြန်ပြီး ကိုယ့်ချစ်သူက ကိုယ့်ကိုထားခဲ့ကာ နောက်တစ်ယောက်ရသွားရင်လည်း မကျေနပ်တတ်ကြပါဘူး။ အဲဒီလိုအချိန်ကျရင် စားမရတဲ့အမဲ သဲနဲ့ပက်ဆိုတဲ့ စကားအတိုင်း ကိုယ့်ချစ်သူရဲ့ နောက်ထပ်ချစ်သူအသစ်ကို ဆိုရှယ်မီဒီယာပေါ်မှာဖြစ်ဖြစ်၊ အခြားလူတွေဆီမှာပဲဖြစ်ဖြစ် မကောင်းကြောင်းတွေ ပြောတတ်ကြပါတယ်။

READ
စုံတွဲအချို့ အချစ်ကုန်ခမ်းသွားရခြင်း အကြောင်းအရင်း(၈) ခု
Pixabay-Counselling

အဲဒီလိုထိုးနှက်တာတွေက လုံးဝမကောင်းပါဘူး။ အဲဒီလိုလုပ်ရပ်တွေဟာ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့အပြင် ကိုယ်ကဘယ်လိုလူမျိုးလဲဆိုတာကို ကောင်းကောင်းကြီး ဖော်ပြနေသလိုပါပဲ။ ကိုယ်နဲ့ပြတ်ပြီးသား ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်က သူ့ကို ဖြတ်ပြီးပြီဆိုရင် သူနဲ့ပတ်သတ်ပြီးအကြောင်းတွေကို ဘာမှလိုက်စိတ်ဝင်စားစရာမလိုပါဘူး။ အနားမှာ ရှိခဲ့တဲ့အချိန်တုန်းက ငါဘာလုပ်လုပ်ရတယ်၊ သူငါ့ကိုချစ်နေတာပဲဆိုတဲ့စိတ်နဲ့ မလုပ်သင့်တာတွေလျှောက်လုပ်၊ အနားမှာ မရှိတော့မှ ပြန်လိုချင်နေရင် မဖြစ်နိုင်တော့ပါဘူး။ အရာအားလုံးက ပြီးဆုံးခဲ့ပါပြီ။ ဒါ့ကြောင့် ပြတ်ပြီးသားချစ်သူတစ်ယောက်ကို ဘာအကြောင်းကြောင်းကြောင့်နဲ့မှ လိုက်ပြီးထိုးနှက်နေဖို့ မလိုအက်ဘူးလို့ ထင်ပါတယ်။

Pixabay-1388843

Pyi Hein Kyaw

SHARE