ကမ္ဘာပေါ်မှာ သွားလည်ချင်စရာအကောင်းဆုံး မြို့လေး (သို့) အမ်စတာဒမ်

အမ်စတာဒမ်ကတော့ နယ်သာလန်နိုင်ငံရဲ့ မြို့တော်ဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံက ဥရောပတိုက်ရှိ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဂျာမနီနိုင်ငံနဲ့ ဘယ်ဂျီယမ်နိုင်ငံတို့ကြား တည်ရှိတဲ့ နိုင်ငံငယ်လေး တစ်ခုပါ။ အမ်စတာဒမ်မြို့လေးကို ၁၂ ရာစုက စတည်ထောင်ခဲ့တာဖြစ်ပြီး ထိုစဉ်တုန်းက တံငါရွာလေးတစ်ရွာမျှသာ ဖြစ်ခဲ့ပါတယ်။ ၁၉ နဲ့ ၂၀ ရာစုတွေမှာတော့ တိုးတက်လာတဲ့ မြို့လေးဖြစ်လာခဲ့ပြီး နိုင်ငံရဲ့ ယဉ်ကျေးမှု အချက်အခြာကျတဲ့ နေရာလည်း ဖြစ်လာခဲ့ပါတယ်။

အခုဆိုရင်တော့ အမ်စတာဒမ်မြို့လေးဟာ လှပသာယာလွန်းတဲ့ ဥရောပရဲ့ မြို့ငယ်လေးတစ်မြို့ဖြစ်တဲ့အလျောက် နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် ဦးရေ ၄ သန်းခန့် ပုံမှန်လာရောက်လည်ပတ်နေတဲ့ ကမ္ဘာ့ခရီးသွား ဆွဲဆောင်မှုနေရာလည်း ဖြစ်နေပါပြီ။ ခရီးသွား ဝါသနာပါသူတွေအတွက် အမ်စတာဒမ်ကို သွားလည်သင့်တဲ့ အကြောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) အမ်စတာဒမ်မြို့ဟာ ကမ္ဘာပေါ်မှာ ဥရောပယဉ်ကျေးမှုနဲ့ ပတ်သက်လို့ အစုံလင်ဆုံး စူးစမ်းရှာဖွေနိုင်တဲ့ ဥရောပ ယဉ်ကျေးမှု အထွန်းကားဆုံး မြို့လေးဖြစ်ပါတယ်။ 

@Dutchie via Instagram, Kevin Gessner via Flickr

(၂) မြို့ရှိ လူဦးရေရဲ့ (၈၆) ရာခိုင်နှုန်းက ဘာသာစကား (၂) မျိုးနဲ့အထက် တတ်မြောက်ကြတာကြောင့် သွားရောက် လည်ပတ်ရာမှာလည်း ဘာသာစကား အခက်အခဲ ကြုံနိုင်စရာ မရှိပါဘူး။

Pixabay

(၃) ယဉ်ကျေးမှုစုံလင်စွာ ထွန်းကားလို့ အစားအသောက် မျိုးစုံကိုလည်း မရိုးတမ်း မြည်းစမ်းနိုင်မှာပါ။

@mypropaganda via Instagram, @Terpentijn via Instagram

(၄) ချိစ်ပေါလား မပေါလားဆိုရင်လည်း ချိစ်ပြတိုက်တောင် ရှိပါတယ်။ ချိစ်ကြိုက်သူတွေ အတွက် နိဗ္ဗာန်ဘုံပေါ့လေ။

Ana Paula Hirama via Flickr / Via Flickr: anapaulahrm

(၅) မြို့သေးသေးလေးထဲမှာ ပွဲတော် အကြီးကြီးတွေလည်း ကျင်းပတတ်တာ..

@yaoming.yang via Instagram, @anthonyleesmith via Instagram

(၆) လူထက် စက်ဘီးများတဲ့ မြို့ပါတဲ့။ ကားပိတ်မှာလည်း မပူရတော့ဘူးပေါ့။

Pixabay

(၇) အဆောက်အဦးတွေက ပုံပြင်စာအုပ်ထဲက ထွက်လာတဲ့အတိုင်း…

Pixabay

(၈) အမ်စတာဒမ်ဆို ကုန်းပေါ်မှာ မနေချင်လို့ ရေထဲမှာ နေချင်တယ်ဆိုလည်း ဖြစ်တယ်

Pixabay

(၉) တောင်သူလယ်သမားတွေဆီက လတ်လတ်ဆတ်ဆတ် ရတဲ့ စားသောက်ဖွယ်ရာများနဲ့ ပြည့်နှက်နေတဲ့ ဈေးများ

@maeandmany via Instagram, @hungryhugh via Instagram

(၁၀) တစ်မြို့လုံးမှာ ကော်ဖီဆိုင် (၁၆၀) ရှိတယ်တဲ့..

@greyarea420 via Instagram, @i_like_big_buds via Instagram

(၁၁) အနုပညာချစ်သူတွေအတွက် ဗင်းဆင့်ဗန်ဂိုးပြတိုက်

TripHobo

(၁၂) လှပသာယာလွန်းတဲ့ မြို့ရှုခင်းများ

Pixabay
Pixabay
Pixabay

Ref: Buzzfeed

SHARE