ဗစ်တိုးရီးယားဘက်ခမ်း အမြဲလိုလို ရုပ်တည်နေရတဲ့ အကြောင်းအရင်း

ဒေးဗစ်ဘက်ခမ်းရဲ့ ဇနီးချောဖြစ်တဲ့ ဗစ်တိုးရီးယားဘက်ခမ်း ပြုံးတာကို တွေ့ခဲလှပါတယ်။ သူမမှာ ဥစ္စာပေါ ရုပ်ချော ကျော်ကြားတဲ့ ခင်ပွန်း၊ သားသမီးအလန်း (၄)ယောက်၊ ဖက်ရှင်လောက,က အောင်မြင်မှု စသဖြင့် အရာရာ ပိုင်ဆိုင်ထားရက်နဲ့ သူမ ဘာကြောင့် မပြုံးရသလဲဆိုတာ နားလည်ဖို့ ခက်လှပါတယ်။ လူတွေကတော့ ထင်မြင်ချက် အမျိုးမျိုးပါ။ ဗစ်တိုးရီးယားက ပျော်ပျော်မနေတတ်တဲ့ သူမို့လို့၊ သူမက လောကကြီးကို မကျေမနပ်ဖြစ်နေလို့ စသဖြင့် မျိုးစုံခန့်မှန်းကြပါတယ်။ အဖြေမှန်ကရော ဘာဖြစ်မလဲ။

AFP

Vogue မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာတော့ သူမဟာ အားလုံးသိချင်နေတဲ့ မေးခွန်းတစ်ခု မေးတာခံခဲ့ရပါတယ်။ “ဘာကြောင့် ဘယ်တော့မှ မပြုံးရသလဲ” ဆိုပြီးတော့ပါ။ ပထမဆုံးတော့ သူမက အပြင်မှာ မပြုံးပေမယ့် စိတ်ထဲမှာ ပြုံးနေတယ်လို့ နောက်ခဲ့သေးပေမယ့် သူမရဲ့ တကယ့်အဖြေကတော့ “ကျွန်မဟာ ခပ်တည်တည်နေတာကို ဖက်ရှင်လောကအတွက် တာဝန်တစ်ခုလို့ ခံစားရလို့ပါ” ဆိုပြီးဖြစ်ပါတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ခပ်တည်တည်နေတော့ အထာပိုကျနေတာပဲ မဟုတ်ပါလား။

READ
ရွှေရောင်ဆံပင်ပိုင်ရှင်လေးနဲ့ အတူတွဲတွေ့လိုက်ရတဲ့ Robert Pattinson
AFP

ဂျိမ်းစ်ကော်ဒန်ရဲ့ The Late Late Show အစီအစဉ်မှာလည်း အလားတူ အမေးခံခဲ့ရပါတယ်။ ဗစ်တီးရီးယားလည်း ဖက်ရှင်ကြောင့်လို့ပဲ ထပ်ဖြေခဲ့ပါတယ်။ ဒါပေမယ့် သူမလည်း တစ်ခါတစ်လေ အားရပါးရ ပြုံးတဲ့အခါမျိုးတွေလည်း ရှိပါသေးတယ်။ မေ (၁၉)က တော်ဝင်မင်္ဂလာပွဲမှာလည်း သူမရဲ့ အပြုံးမရှိတဲ့ မျက်နှာကြောင့် ဝေဖန်မှုတချို့ခံခဲ့ရပါသေးတယ်။ သူမကတော့ အင်စတာဂရမ်ပို့စ်တစ်ခုနဲ့ ဖြေရှင်းခဲ့ပါတယ်။

သူမက “မပြုံးပေမယ့် ပျော်နေတဲ့ မျက်နှာ” လို့ အဓိပ္ပာယ်ရတဲ့ စာတမ်းပါ အင်္ကျီကို ဝတ်ဆင်ပြီး ပုံတင်ထားတာပါ။ ပုံအောက်မှာရေးထားတာကတော့ “အတွင်းစိတ်ထဲက ပြုံးနေသောအခါ.. အင်္ကျီက ပြောနေတဲ့အတိုင်းပါပဲ” လို့ ရေးထားခဲ့ပါတယ်။ ကဲ.. ဗစ်တိုးရီးယား ဘာကြောင့် မပြုံးရသလဲဆိုတာ ရှင်းသွားလောက်ကြပြီထင်ပါတယ်။ အကြံပိုင်တဲ့ ဗစ်တိုးရီးယားက သူမ မပြုံးတဲ့အကြောင်း ဖြေရှင်းခဲ့တဲ့ အပြင် သူမ၀တ်ထားတဲ့ စာတမ်းပါ အကျီင်္ကို လိုချင်ရင်လည်း သူမရဲ့ အွန်လိုင်း စတိုးမှာ ၀ယ်ယူနိုင်ကြောင်း တစ်ဆက်တည်း ကြေညာသွားပါတယ်။

READ
Fan Meeting ပွဲ မလုပ်နိုင်လို့ YG Entertainment အပေါ် စိတ်တိုနေတဲ့ Lee Jong Suk

White (Shwemom)

Ref: Fabiosa, Instyle

SHARE