အနမ်းပေးတဲ့အခါ ကျွန်တော်တို့တွေ ဘာလို့မျက်လုံး မှိတ်သွားတတ်ကြတာလဲ

Freepik- freepik

အနမ်းပေးတဲ့အခါတိုင်း ကျွန်တော်တို့တွေ မျက်လုံးတွေဟာ အလိုလိုမှိတ်သွားတတ်ကြတာကို သင်သိမှာပါ။ ဘာကြောင့် အနမ်းပေးတိုင်း ဒီလို မျက်လုံးတွေက မှိတ်သွားတတ်ကြတာလဲဆိုတာနဲ့ပတ်သက်ပြီး Bright Side မှာ သိပ္ပံနည်းစနစ်ကျကျ အခုလိုပဲရှင်းပြထားပါတယ်။

ဦးနှောက်ရဲ့အာရုံစူးစိုက်မှုပိုကောင်းစေဖို့

လူတွေဟာ စဉ်းစားတဲ့အခါမှာ မျက်လုံးမှိတ်ထားတတ်သလို တစ်နေရာတည်းကို စူးစူးစိုက်စိုက်ကြည့်တာမျိုးကိုလည်း လုပ်တတ်ကြပါသေးတယ်။ အမြင်အာရုံမများတော့တဲ့အခါ ဦးနှောက်က ပိုပြီးတော့ အာရုံစူးစိုက်နိုင်ပါတယ်တဲ့။ ဒါကြောင့် မျက်လုံးဟာ အလိုလိုမှိတ်သွားတတ်ကြတာပါ။

Freepik- lookstudio

ထိတွေ့မှုတွေကို ပိုပြီးခံစားမိစေဖို့

အနမ်းမှရတဲ့ ထိတွေ့မှုတွေကို အပြည့်အဝ ခံစားမှုရှိစေနိုင်ဖို့အတွက် နှုတ်ခမ်းက ထိတွေ့မှု၊ လက်တွေက ထိတွေ့မှု၊ ခန္ဓာကိုယ်က ထိတွေ့မှု စတာတွေကို မျက်လုံးမှိတ်လိုက်တဲ့အခါ အပြည့်အဝ ခံစားတတ်ကြပါတယ်။

Freepik- jozzeppe

ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရစေဖို့

မျက်လုံးဖွင့်ပြီး အနမ်းပေးတဲ့အခါ တစ်ဖက်သားကို စိတ်မသက်မသာဖြစ်စေနိုင်ပါတယ်။ နောက်ပြီး စော်ကားသလိုလည်း ခံစားရတဲ့အတွက်ကြောင့် ကိုယ်တိုင်လည်း မျက်လုံးမှတ်ထားတတ်ကြတာပါတဲ့။ ဒီလိုမျက်လုံးမှိတ်နေခြင်းဟာ ကိုယ်တိုင်အတွက်ကိုလည်း ယုံကြည်မှုပိုရှိစေသလို နီးနီးကပ်ကပ်မြင်တွေ့ရတဲ့ မြင်ကွင်းကိုလည်း ကွယ်ထားပြီးသားဖြစ်တာကြောင့် သက်တောင့်သက်သာလည်း ပိုရှိပြီး အနမ်းအပေါ်မှာ အပြည့်အဝ စိတ်နှစ်ထားနိုင်ပါတယ်တဲ့လေ။

Freepik- drobotdean

penny

SHARE