သင်ဘာကြောင့် အချိန်ပြည့်နီးပါး ဗိုက်ဆာနေရတာလဲ ….

Pixabay-Conmongt

လူတော်တော်များများ  အချိန်ပြည့်ဗိုက်ဆာနေတာမျိုးက တစ်ခါတစ်လေကျရင် ဖြစ်တတ်ပါတယ်။ အဲဒီလိုအချိန်မျိုးကျရင် ကိုယ်ဘယ်လောက်စားစား ဗိုက်မပြည့်တတ်ပါဘူး။ စားသလောက်ကို ဝင်နေတတ်ပါတယ်။ ဒါပေမယ့် ကိုယ်စားရင်စားသလောက် ကိုယ်အလေးချိန်တက်လာတာမျိုးတွေ မရှိတတ်ပဲ ပုံမှန်ကိုယ်အလေးချိန်မှာပဲ ရပ်နေတတ်ပါတယ်။ ဒါ့ကြောင့် အဲဒီလို အချိန်ပြည့်ဗိုက်ဆာနေတာမျိုးက အချိန်တစ်ခုအထိကြာနေရင်တော့ နီးစပ်ရာဆေးခန်းက ဆရာဝန်တစ်ယောက်ယောက်နဲ့ တိုင်ပင်သင့်ပါတယ်။ အခုလည်း ဒီလိုအချိန်ပြည့် ဗိုက်ဆာတာမျိုးတွေက ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်း ၇ ချက်ကို Shwemom ပရိသတ်ကြီးသိရအောင် Fabiosa သတင်းဌာနမှာ ဖတ်လိုက်ရတဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။

Pixabay-RyanMcGuire

၁။ ဆီးချိုရောဂါဖြစ်နေတဲ့သူတွေဟာ အချိန်ပြည့် ဗိုက်ဆာနေတတ်ပါတယ်။ အထူးသဖြင့် ဆီးချိုတက်နေတဲ့အချိန်မှာ ကိုယ်စားနေကျထက် အများကြီးပိုစားနေချင်တတ်ပါတယ်။ ဆီးချိုဖြစ်တဲ့သူတွေမှာ အမြင်အာရုံဝေဝါးခြင်း၊ အကြောင်းပြချက်မရှိပဲ မောပန်းနွယ်နယ်နေခြင်း၊ ကိုယ်အလေးချိန်ကျဆင်းတတ်ခြင်း၊ ခြေဖဝါးနဲ့ လက်တစ်ဝိုက်ဟာ ဖောရောင်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

၂။ ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲမှာ သကြားဓာတ် မြင့်မားစွာရှိနေရင်လည်း ဗိုက်ဆာတတ်ပါတယ်။ ခန္ဓာကိုယ်မှာ သကြားဓာတ်ဆိုတာ အညီအမျှရှိနေတာ အကောင်းဆုံးပါ။ သကြားဓာတ်နည်းတိုင်းလဲ မကောင်းသလို သကြားဓာတ်များတိုင်းလည်း မကောင်းပါဘူး။

READ
အချဉ်ဖောက်ပုပ်သိုးအောင် နှပ်ထားပေမယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အရသာရှိ စားစရာများ
Pixabay-nastya_gepp

၃။ အမျိုးသမီးတွေ ရာသီသွေးဆင်းနေတဲ့အချိန်မျိုးမှာ အရင်ကထက် ၂ဆ၊ ၃ဆ အစားအစာတွေကို စားချင်နေတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာတော့ ကိုယ့်ချစ်သူယောက်ျားလေး ဒါမှမဟုတ် ခင်ပွန်းအမျိုးသားတွေက အထူးနားလ်သင့်ပါတယ်။ စားချင်သမျှကို ဝယ်ကျွေးလိုက်ပါ။ ဘာမှ မစဉ်းစားနေပါနဲ့။

၎။ နောက်ထပ်အမျိုးသမီးတွေ ဗိုက်အရမ်းဆာနေတတ်တဲ့အချိန်က ကိုယ်ဝန်ရှိနေတဲ့အချိန်မျိုးပါ။ ကိုယ်ဝန်ရှိပြီဆိုရင် အထဲမှာ ရှိနေတဲ့ သန္ဓေသားအတွက်ကော၊ ကိုယ့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အစာအဟာရကို ခန္ဓာကိုယ်က အရင်ထက် ၂ဆ တောင်းဆိုလေ့ ရှိပါတယ်။ ပုံမှန်လာနေကျအချိန်မှာ ရာသီသွေးမဆင်းခြင်း၊ ဆီးခဏခဏသွားချင်နေခြင်း၊ မနက်အိပ်ရာထထချင်း နေမကောင်းချင်သလို ဖြစ်နေခြင်း၊ ရင်သားဟာ အရင်ကထက်ပိုကြီးလာပြီး ရင်သားတစ်ဝိုက်နာကျင်နေခြင်း အစရှိတဲ့ လက္ခာတွေဟာ ကိုယ်ဝန်သည်အမျိုးသမီးတွေဆီမှာ ဖြစ်နေကျ လက္ခဏာတွေပါ။

၅။ အိပ်ရေးဝအောင် မအိပ်တဲ့ လူတွေဟာလည်း သာမန်ထက် ဗိုက်ဆာနေတတ်ပါတယ်။ အကောင်းဆုံးကတော့ အိပ်ရမယ့်အချိန်နဲ့ အိပ်ရာထတဲ့အချိန်ကို ပုံမှန်သတ်မှတ်ပြီး ပြုမူတာ အကောင်းဆုံးပါပဲ။ အိပ်ချိန်မမှန်ရင် ညသန်းခေါင်ယံ အိပ်မပျော်တဲ့အချိန်တွေ၊ ညဘက်တရေးနိုးလာတဲ့အချိန်တွေမှာ ဗိုက်အရမ်းဆာနေတတ်ပါတယ်။ အဲဒီလိုအချိန်မှာ စားလိုက်ရင်လည်း အစာချေတဲ့စနစ်က အစာအိမ်မှာ ကောင်းစွာအလုပ်မလုပ်တဲ့အတွက် အစာမကြေပဲ ပိုပြီးအိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။

READ
ဗိုက်ကလေးချပ်နေအောင် စားသင့်သောအစားအစာ(၅)မျိုး
Pixabay-geralt

၆။ စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့ လူတစ်ယောက်ဟာလည်း အချိန်ပြည့် ဗိုက်ဆာနေတတ်ပါတယ်။ အဲဒီလို စိတ်ဖိစီးမှုတွေရှိတာ လူတိုင်းအတွက် မကောင်းပါဘူး။ စိတ်အရမ်းဖိစီးနေတဲ့အချိန် ခန္ဓာကိုယ်က ထွက်လာတဲ့ ဟော်မုန်းဓာတ်က အဆီဓာတ်ပါတဲ့ အစားအသောက်တွေကို စားချင်းတဲ့စိတ် ပိုဖြစ်စေတဲ့အပြင် ခေါင်းကိုက်တာတွေ၊ အလိုလို ပင်ပန်းနွမ်းနယ်နေတတ်တယမျိုးတွေ၊ ဗိုက်အောင့်တာတွေ၊ အိပ်မပျော်တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

၇။ ခန္ဓာကိုယ်ကို ပိန်ချင်ဇောနဲ့ အသည်းအသန် ဝိတ်ချနေတတ်တဲ့ လူတွေဟာလည်း သာမန်အချိန်ထက် ဗိုက်အရမ်းဆာတတ်ပါတယ်။ ကိုယ့်ရဲ့ အစာအိမ်ထဲကို ထည့်နေကျ အစာအဟာရတွေကို ရုတ်တရက်လျှော့ချလိုက်ရင် အစာအိမ်က အရင်ကကိုယ်စားနေကျထက်ပိုတဲ့ အစာအဟာရဓာတ်ကို တောင်းဆိုလာတတ်ပါတယ်။ ဒါ့ကြောင့် ဝိတ်ချမယ်ဆိုရင်တောင် ကိုယ်စားနေကျ အစားအစာတွေကို နည်းနည်းချင်းစီ လျော့ချပြီး ပဲအမျိုးအမျိုး၊ ဟင်းသီးဟင်းရွက် အစရှိတာတွေကို ဖြည့်စွက်စားသုံးသင့်ပါတယ်။

Pyi Hein Kyaw

SHARE