သင် ဘာကြောင့် (၁)ရက် (၂)ရက်အတွင်း ရုတ်တရက် ဝိတ်တက်လာလေ့ ရှိတာလဲ

Pixabay-jarmoluk

လူတော်တော်များများ ၁ရက် ၂ရက်အတွင်း ဝိတ်တက်လာတာကို ကြုံဖူးကြမှာပါ။ ဒီလိုချက်ချင်းကြီး ဝိတ်တက်လာတာကို အများစုက ဘာကြောင့်မှန်းမသိကြပါဘူး။ ဒါပေမယ့် တော်တော်များများက ဒီလိုအချိန်တိုအတွင်း ဝိတ်တက်လာရင် စိုးရိမ်တက်ကြပါတယ်။ ဒီလောက်ပုံမှန်စားနေတာကို အရမ်းလဲမစားပဲနဲ့ ဘာကြောင့် ဒီလို ဝိတ်တက်လာသလဲ၊ ငါဝများဝနေပြီလား အစရှိသဖြင့် အတွေးတွေ ဝင်တက်ကြပါတယ်။ ဒါ့ကြောင့် ဘာလို့  ဒီလို အချိန်တိုအတွင်း ဝိတ်တက်လာရသလဲဆိုတဲ့ အကြောင်းအရာလေးတွေကို Shwemom ပရိသတ်ကြီးသိအောင် Bright Side သတင်းဌာနရဲ့ ဖော်ပြချက်တစ်ချို့ကို မှီငြမ်းပြီး ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။

Workout လုပ်ပြီးတဲ့အချိန်တွေမှာ ဝိတ်တက်နိုင်ပါတယ်

Pixabay-Pexels

Gym သွားပြီးတဲ့အချိန် ဒါမှမဟုတ် Workout အပြင်းအထန်လုပ်ပြီးတဲ့အချိန် ကိုယ့်မှာရှိနေတဲ့ ကိုယ်အလေးချိန်ထက် ဝိတ်တက်နိုင်ပါတယ်။ ဒီလို ဝိတ်တက်တယ်ဆိုတာလည်း Workout လုပ်ပြီးတဲ့အချိန်ခဏပါပဲ။ ဘာကြောင့်လဲဆိုတော့ Workout လုပ်ပြီးတဲ့အချိန် ခန္ဓာကိုယ်က ကြွက်သားတွေဟာ ရောင်ရမ်းကြီးထွားနေတဲ့အတွက် Workout လုပ်ပြီးပြီးချင်း ပေါင်ချိန်လိုက်ရင် ဝိတ်တက်နေတတ်ပါတယ်။

READ
ငိုခြင်းကကျန်းမာရေးအတွက် အထောက်အကူပြု

စားနေကျ အစာထက် ပိုစားမိတဲ့အခါလည်း ဝိတ်တက်နိုင်ပါတယ်

Pixabay-mohamed_hassan

လူတစ်ယောက်ဟာ ကိုယ့်ရဲ့ အစားလစ်မစ်ကို သိတတ်ရပါတယ်။ ကိုယ်စားနေကျ အစာလစ်မစ်ထက်ကျော်သွားရင် အစာချေဖျက်တဲ့စနစ်က လုပ်နေကျအတိုင်းမဟုတ်တဲ့အခါ အစာခြေဖက်မှုဟာ ပုံမှနထက်ကြာမြင့်နေတတ်ကြပြီး အဲဒီလိုအချိန်မှာ ကိုယ်အလေးချိန်တိုင်းမိမယ်ဆိုရင် ရှိနေကျ ကိုယ်အလေးချိန်ထက် ပိုများနေတတ်ပါတယ်။

မနက်နိုးတဲ့အချိန်ကိုယ်အလေးချိန်နဲ့ ညဖက်အိပ်ခါနီးတိုင်းတဲ့ ကိုယ်အလေးအချိန်က ပုံမှန်မဟုတ်တတ်ပါဘူး

Pixabay-PublicDomainPictures

မနက်အိပ်ရာနိုးတဲ့အချိန် ကိုယ်အလေးချိန်တိုင်းတဲ့အခါ ရှိနေကျ ကိုယ်အလေးချိန်ထက် လျော့နေနိုင်ပါတယ်။ ဘာကြောင့်လုဆိုတော့ တစ်ညလုံးကိုယ်အိပ်နေတဲ့အချိန် ကိုယ့်ခန္ဓာကိုယ်ကနေ ထွက်တဲ့ ချွေးတွေထဲမှာ အဆီတွေ ပါသွားတတ်ပါတယ်။ ညဖက်အိပ်ခါနီး ကိုယ်အလေးချိန်တိုင်းမယ်ဆိုရင်တော့ ရှိနေကျအလေးချိန်ထက် အနည်းငယ်ပိုများနေတတ်ပါတယ်။

ဓမ္မတာလာတဲ့အချိန်မှာလဲ ဝိတ်အတက်အကျ မြန်တတ်ပါတယ်

Pixabay-RyanMcGuire

ဒါကတော့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အမျိုးသမီးတွေဟာ လစဉ် ဓမ္မတာမလာမီ ကိုယ်အလေးချိန် ၃ ပေါင်ကနေ ၅ ပေါင် အထိ ဝိတ်တက်လေ့ရှိပါတယ်။ ဒါကပုံမှန်ဖြစ်နေကျ ဖြစ်စဉ်ပါပဲ။ ဓမ္မတာလာတဲ့အချိန်ပြီးသွားရင်တော့ ဆင်းသွားတဲ့ သွေးနဲ့အတူ ခန္ဓာကိုယ်မှာရှိတဲ့ အဆီတစ်ချို့လဲပါသွားတာကြောင့် ရာသီသွေးဆင်းပြီးတဲ့အချိန်မှာ ကိုယ်အလေးချိန်က ပုံမှန်ပြန်ဖြစ်သွားတတ်ပါတယ်။

READ
ချစ်သူ(သို့)ခင်ပွန်းဖြစ်သူ စိတ်ဓါတ်ကျနေတယ်ဆိုတာကို ပြနေတဲ့ လက္ခဏာများ

အငန်ဓာတ်ပါတဲ့ အစားအစာတွေ စားပါများရင်လည်း ကိုယ်အလေးချိန် ရုတ်တရက်တက်နိုင်ပါတယ်

Pixabay-RitaE

မနက်နိုးလာတဲ့အချိန်မှာ ရုတ်တရက်ကိုယ်အလေးချိန်တက်ပြီး ခေါင်းလေးနေရင်တော့ အရင်နေ့က သင်အငန်ဓာတ်ပါတဲ့ အစားအစာတွေကို စားထားလို့ပါပဲ။ အဲဒီလိုအချိန်ကျရင် ရေများများသာသောက်ပါ။ ရေသောက်လိုက်ရင် ခန္ဓာကိုယ်မှာ များနေတဲ့ အငန်ဓာတ်တွေကို ကျောက်ကပ်တွေကနေတစ်ဆင့် စစ်ထုတ်ပေးနိုင်ပါတယ်။

Pyi Hein Kyaw

SHARE