အိမ်ထောင်ဖက်ရွေးချယ်ရာမှာ ကိုယ့်ထက်အသက်ကြီးတဲ့လူကိုသာရွေးသင့်တဲ့ အချက်(၅)ချက်

pinterest/suzan

ကိုယ်ထက်အသက်ကြီးတဲ့ အိမ်ထောင်ဖက်ကို ရွေးချယ်လိုက်တဲ့အခါ အချစ်ခံရဖို့များပါတယ်။ ကြီးရင်မှီ ဆိုတဲ့ စကားအတိုင်းပဲ ကိုယ့်ထက်အသက်ကြီးတဲ့ အိမ်ထောင်ဖက်က ကိုယ့်ကို အစစအရာရာဂရုစိုက်ပေးနိုင်ပါတယ်။

(၁) ဦးဆောင်နိုင်စွမ်းရှိတယ်

shutterstock/By Rido

ကိုယ့်ထက်အသက်ကြီးတဲ့ အိမ်ထောင်ဖက်ကို ရွေးမယ်ဆိုရင်တော့ ဘယ်အရာမျိုးမဆို သူပဲ ဦးဆောင်နေမှာပါ။ ခရီးသွားရင်ပဲဖြစ်ဖြစ် ၊ ကိစ္စတစ်ခုခုရှိရင်ပဲဖြစ်ဖြစ် သူကပဲ ဦးဆောင်ပြီး အကုန်လုပ်နေတတ်ပါတယ်။ သူ့မှာ မသိတာ မရှိလောက်အောင် အကုန်သိနေတတ်တဲ့ ဦးဆောင်နိုင်သူ တစ်ယောက်ပဲဖြစ်မှာပါ။

(၂) အလျှော့ပေးတတ်တယ်

အသက်ကြီးတဲ့သူ တော်တော်များများက အလျှော့ပေးတတ်ကြပါတယ်။ ကိုယ့်ထက်အသက်ကြီးတဲ့ အိမ်ထောင်ဖက်ကိုသာ ရွေးချယ်မယ်ဆိုရင်တော သင့်ကို အလျှော့ပေးမှာပါ။ ရန်ဖြစ်လို့ သူဘက်ကမှန်နေရင်တောင် သင့်ကို အလျှော့ပေးတတ်ပါတယ်။ စိတ်ပူတတ်တာလည်း နှစ်ယောက်မရှိကြပါဘူး။

(၃) အလိုက်သိတတ်တယ်

အရမ်းအလိုက်သိတတ်ကြပါတယ်။ သင့်မျက်နှာကို အရိပ်အကဲ အမြဲကြည့်နေတတ်သူပဲဖြစ်ပါတယ်။ သင့်မျက်နှာပျက်ရင် ၊ ညိုးငယ်သွားရင်တောင် ချက်ချင်းတန်းသိနေတတ်ပြီး ပျော်အောင်ထားနိုင်မှာပါ။

READ
သင်မြင်ဖူးမှာမဟုတ်တဲ့ ကလေးတွေရဲ့ကြိုးခုန်ကစားနည်းအသစ်

(၄) နားလည်ပေးတတ်တယ်

အသက်ငယ်တဲ့ သင့်ကို အမြဲနားလည်ပေးနေတတ်သလို သင့်မသိတာတွေကိုလည်း အမြဲစိတ်ရှည်ရှည်နဲ့ ရှင်းပြတတ်တယ်။ ဒါကတော့ အသက်ကြီးသူတွေရဲ့ အားသာချက်တွေပါ။

(၅) အစစအရာရာ ဂရုစိုက်တတ်တယ်

Shutterstock/Kryvenok Anastasiia

သူတို့တွေကို ရွေးချယ်မယ်ဆိုရင် အစစအရာရာ ဂရုစိုက်ခံရပါမယ်။ သင်နေမကောင်းရင်လည်း ဘာစားချင်လည်း ဘာဝယ်ပေးရမလဲ စသဖြင့်ပေါ့။ သင့်ရဲ့မနက်စာကိုတောင် အိပ်ရာထဲထိ ရောက်အောင် ယူလာပေးတတ်ပါတယ်။ သင့်ကို အလိုလိုက်ပေးထားပြီး သင်ချွဲသမျှ ဆိုးသမျှတွေကို ခံရင်း ပျော်နေတတ်ပါသေးတယ်။

Hannwe Soe

SHARE