သင်မသိသေးတဲ့ ကော်ဖီသောက်ခြင်း အကျိုးကျေးဇူးများ

ကော်ဖီဟာ ကမ္ဘာ့နေရာအနှံ့မှာ လူပေါင်းများစွာ နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးနေကြတဲ့အရာ ဖြစ်ပါတယ်။ လူအများစု သောက်သုံးနေကြတဲ့ ကော်ဖီဟာ ထင်မှတ်မထားတဲ့ ကောင်းကျိုးစွမ်းအင်တွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ကော်ဖီကို နေ့စဉ်သောက်သုံးသင့်တဲ့ အကြောင်းရင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

စိတ်ဖိစီးမှုကို လျော့ကျစေခြင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်တက္ကသိုလ်မှ လေ့လာစမ်းသပ်ချက်များအရ ကော်ဖီရဲ့ရနံ့ဟာ အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုကို လျော့ကျစေတယ်လို့ သိရပါတယ်။ နေ့စဉ် ကော်ဖီမွှေးမွှေးလေးကို သောက်သုံးခြင်းအားဖြင့် အိပ်ရေးပျက်တဲ့အခါတွေမှာလည်း စိတ်ဖိစီးမနေဘဲ လန်းဆန်းတက်ကြွနေစေမှာ ဖြစ်ပါတယ်။

အသည်းအတွက် ကောင်းမွန်ခြင်း

စမ်းသပ်ချက်များအရ နေ့စဉ် အနည်းဆုံး ကော်ဖီတစ်ခွက် သောက်ခြင်းအားဖြင့် ရေရှည်မှာ အသည်းရောဂါတွေကို ကာကွယ်နိုင်တယ်လို့ ဆိုကြပါတယ်။ အထူးသဖြင့် ယမကာမှီဝဲသူများမှာ ဖြစ်တတ်တဲ့ အသည်းပျက်စီးခြင်းနဲ့ ခုခံအား စနစ်ကျဆင်းခြင်းကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း ဖြစ်နိုင်ချေလျော့နည်းအောင် ကာကွယ်ပေးနိုင် တယ်လို့ သိရပါတယ်။ ကော်ဖီများများသောက်လေလေ၊ ယမကာကြောင့်ဖြစ်တဲ့ အသည်းပျက်စီးမှုကြောင့် ဆေးကုသမှု ခံရနိုင်ချေနည်းလေလေ (သို့မဟုတ်) အသည်းရောဂါနဲ့ သေဆုံးနိုင်ချေနည်းလေလေလို့ ကျွမ်းကျင်ပညာရှင်အချို့က ဆိုထားပါတယ်။

READ
သင့်ရဲ့ဆံကေသာပြဿနာကို အခုပဲအဖြေရှာကြည့်ပါ။

အရေပြားကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေနည်းပါးခြင်း

ဟားဗတ်ဆေးတက္ကသိုလ်ရဲ့ စမ်းသပ်ချက်အရ ကော်ဖီနေ့စဉ် သောက်သုံးတဲ့ အမျိုးသမီးတွေဟာ အရေပြားကင်ဆာ ရောဂါ ဖြစ်နိုင်ချေ နည်းပါးတယ်လို့ သိရပါတယ်။ တစ်နေ့လျှင် ကော်ဖီသုံးခွက်နဲ့အထက် ပုံမှန်သောက်သုံးလေ့ရှိတဲ့ အမျိုးသမီးတွေဟာ အခြားသော ကော်ဖီမသောက်တဲ့ အမျိုးသမီးတွေထက် အရေပြားကင်ဆာဖြစ်နိုင်ချေ အလွန်လျော့ နည်းတယ်လို့ ထိုစမ်းသပ်မှုက ဆိုထားပါတယ်။

ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို မြင့်တက်စေခြင်း

သွေးတွင်းမှာ ကဖင်းဓာတ်မြင့်မားနေတဲ့ အသက်(၆၅)နှစ်နဲ့အထက် လူကြီးတွေဟာ အခြားသော ကဖင်းဓာတ်လျော့နည်း နေတဲ့ လူကြီးတွေထက် အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ချေ နှစ်နှစ်ကနေ လေးနှစ်အထိ နောက်ကျနိုင်တယ်လို့ ပညာရှင်များ က ဆိုထားပါတယ်။ ၄င်းပညာရှင်များရဲ့အဆိုအရ နေ့စဉ်ကော်ဖီသောက်သုံးခြင်းဟာ လူကြီးများမှာ ဖြစ်ပွားတတ်တဲ့ အယ်လ်ဇိုင်းမားရောဂါ (သတိမေ့ရောဂါ)ကို လုံးဝမဖြစ်ပွားအောင် မကာကွယ်ပေးနိုင်ပေမယ့် ဖြစ်ပွားနိုင်ချေ လျော့ကျ အောင်တော့ တဖက်တစ်လမ်းက ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။

အရည်အသွေးမြင့်တဲ့ကော်ဖီကို နေ့စဉ်ရွေးချယ်သောက်သုံးပါ။

ကော်ဖီနေ့စဉ် သောက်သုံးခြင်းဟာ ထင်မှတ်မထားတဲ့ ကောင်းကျိုးများစွာကို ယူဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကော်ဖီ မွှေးမွှေးလေးတစ်ခွက်နဲ့ တစ်နေ့တာကို စတင်လိုက်ခြင်းအားဖြင့် လန်းဆန်းကြည်လင်ပြီး တက်ကြွတဲ့အချိန်တွေကို ရရှိ ခံစားနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့တစ်နေ့တာကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ဖို့ဆိုရင်တော့ အရည်အသွေးမြင့်မား တဲ့ Nescafe Blend & Brew လို အနံ့၊အရသာနဲ့ ကော်ဖီကိုသာ ရွေးချယ်လိုက်ပါ။ Nescafe က အသစ်ထုတ်လုပ် လိုက်တဲ့ Blend & Brew ကော်ဖီဟာဆိုရင် သောက်နေကျ သာမာန် 3 in 1 coffee-mix တွေနဲ့ မတူကွဲပြားတဲ့ အရသာကို ခံစားရမှာဖြစ်ပြီး အခြားသောကော်ဖီများထက် ဆယ်ဆပိုမိုနုညက်တာကြောင့် ပြေပြစ်တဲ့အရသာကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ သမားရိုးကျကော်ဖီအရသာတွေကနေ ခွဲထွက်လိုက်တဲ့ Nescafe ရဲ့ ပြေပြစ်ကောင်းမွန်တဲ့ အရသာနဲ့အတူ သင့်ရဲ့နေ့ရက်တွေကို ပိုမိုကောင်းမွန်လှပအောင် ဖန်တီးလိုက်ပါ။ ကဲ .. ကော်ဖီပူပူလေးတစ်ခွက်နဲ့အတူ အကောင်းဆုံးသော နေ့ရက်တွေကို ရရှိပိုင်ဆိုင်နိုင်ကြပါစေနော်။

READ
မိုးအေးအေးနဲ့ အိမ်ထဲမှာ နှပ်ချင်သူများအတွက် အကြံဥာဏ်ကောင်းများ

Sponsored by Nescafe

SHARE