ဟော့ပေါ့ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးဖို့ ဒီအချက်တွေကို လိုက်နာပေးပါ ….

Pixabay-lsachelny

ယနေ့ခေတ်မှာတော့ ဟော့ပေါ့တွေ၊ အကင်တွေ၊ နှစ်ခုစလုံးပါတဲ့ ဘူဖေးတွေကို လူတိုင်းနီးပါး သွားသွားစားနေတတ်ကြပါတယ်။ အဝစားစနစ်ဆိုတော့ မွေးနေ့ပဲလုပ်မလား၊ ကုမ္ပဏီပွဲတွေလား၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ပဲ သွားစားမလား ဘေအရှုပ်အရှင်းလည်းမရှိ၊ ပိုလည်း အကုန်အကျလည်း သက်သာစေတာမလို့ ဟော့ပေါ့ဘူဖေးဆိုတာနဲ့တင် ဘယ်သူမှ ငြင်းနိုင်ကြမှာမဟုတ်ပါဘူးနော်။

လူတွေက ထင်ကြတာ အကင်နဲ့ဟော့ပေါ့ဆိုရင် ဟော့ပေါ့က ရေနွေးပူထဲ အသား၊ ငါးနဲ့ အသီးအရွက်တွေကို ပူပူနွေးနွေးကိုယ်တိုင်ပြုတ်ပြီး စားရတာမလို့ ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်မယ်ပေါ့။ ဒါပေမဲ့ Business Insider ရဲ့ ဖော်ပြချက်အရ ဟော့ပေါ့ဟာလည်း ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်တဲ့လေ။

Pixabay-lsachelny

ဒါကိုတော့ စင်္ကာပူနိုင်ငံမှ Mount Alvernia ဆိုတဲ့ ဆေးရုံမှ သူတို့ရဲ့ Facebook စာမျက်နှာမှတစ်ဆင့် ဇန်နဝါရီလ ၁၇ ရက်နေ့တုန်းက ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ တရုတ်နှစ်သစ်ကူးပွဲတော်ာ လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့ဆိုရင် ကျရောက်တော့မှာဖြစ်တဲ့အတွက်ကြောင့် လူတွေဟာ စားပွဲမှာ ဟော့ပေါ့ကိုလည်း လုပ်စားကြမယ်လို့ ကြိုတင်ခန့်မှန်းကာ အခုလိုပဲအချိန်မှီသတိပေးခဲ့တာပဲဖြစ်ပါတယ်။

READ
ချောကလက်တစ်ပတ်တစ်ကြိမ်စားပေးခြင်းက မှတ်ဥာဏ်နဲ့အာရုံစူးစိုက်မှုကိုပိုကောင်းစေ

လူတစ်ယောက်အတွက် ပျမ်းမျှစားသုံးသင့်တဲ့ ဆားပမာဏဟာ လက်ဖက်ရည်ဖျော်တဲ့ဇွန်းသေးလေး တစ်ခုသာသာပဲ ရှိသင့်ပါတယ်တဲ့။ ဒါပေမဲ ဟော့ပေါ့မှာတော့ တစ်ခါ ဗိုက်ပြည့်အောင်စားရုံနဲ့တင် ဆိုဒီယမ်ပါဝင်မှုနှုန်းဟာ ၆ ဆနဲ့အထက်မှာရှိသတဲ့။ ပင်လယ်စာများတဲ့ဟော့ပေါ့ဆို ပိုလို့တောင်ဆိုးပါသေးတယ်။

အထူးသဖြင့် ဟော့ပေါ့အရည်တွေမှာ ပါဝင်မှုနှုန်း ပိုများပြားနေတာပါ။ ဒါကြောင့် ဟော့ပေါ့စားမယ်ဆို အရည်ပါသောက်သူတွေအနေနဲ့ သွေးတိုးရောဂါတွေ၊ နှလုံးနဲ့ ကျောက်ကပ်တို့ကို ကြာလာရင် ထိခိုက်နိုင်တာကြောင့် တစ်လမှ တစ်ခါတည်းသာ စားသုံးသင့်တယ်ဆိုပြီး ပြောလာခဲ့တာပါ။

Pixabay-pixcode

ဒါပေမဲ့လည်း ဟော့ပေါ့မဖြတ်နိုင်တဲ့သူတွေအတွက်ကတော့ ဟော့ပေါ့ကို အတတ်နိုင်ဆုံး ကျန်းနာရေးနဲ့ညီညွတ်စွာ စားသုံးဖို့ဆိုရင် ဒီအချက်တွေကို လိုက်နာပါတဲ့။

  • ဟော့ပေါ့အရည်ရွေးတဲ့အခါ အတတ်နိုင်ဆုံး ကြင်လင်နေတဲ့အရည်ကိုရွေးချယ်ပါ
  • အသားလုံးနဲ့ ပါကင်ထုပ်ရေခဲရိုက်အသားတုတွေကို တတ်နိုင်သလောက်ရှောင်ပါ
  • အဆီပါတဲ့ အသားတွေအစား အသားချည်းပါတဲ့ အသားပန်းကန်တွေကိုသာ ရွေးချယ်ပါ
  • ဘူဖေးစနစ်မှာပါဝင်တဲ့ side dish တွေထဲက အကြော်တွေနဲ့ အအေးတွေကို အတတ်နိုင်ဆုံးရှောင်ကျဉ်ပါတဲ့။
READ
ဗြိတိန်က ဆရာဝန်(၄) ဦးမှာ (၁) ဦးဟာ စိတ်ကျန်းမာရေးပြဿနာတွေ ခံစားနေရကြောင်း သိရ

Penny

SHARE