ခြေချိတ်မထိုင်သင့်တဲ့ အကြောင်းအရင်းများ (ကျန်းမာရေးရှုထောင့်)

ထိုင်တဲ့ အခါမှာ ခြေထောက်နှစ်ချောင်းကို ချိတ်ပြီး ထိုင်တတ်လေ့ရှိပါသလား.? ဒီလိုထိုင်တဲ့ ပုံစံ(Pose)ကိုအများအားဖြင့် အမျိုးသမီးတွေ မှာတွေ့ရလေ့ရှိပါ တ ယ်။ခြေထောက်တစ်ချောင်းအပေါ်ကို တစ်ချောင်းထပ်ပြီး ချိတ်ထိုင် တဲ့ပုံစံဟာ အ မျိုးသမီးတစ်ယောက်ကို ကြော့ရှင်းတဲ့ဟန်ပန်အပြည့်ရှိနေတဲ့ ပုံပေါက်စေပေမယ့် ကျန်းမာရေးရှုထောင့်က ကြည့်ရင်တော့ မကောင်းတဲ့ အချက်တွေ ရှိပါတယ်။ြေ ခချိတ်မထိုင်သင့်တဲ့ အကြောင်းအရင်းတွေကတော့…
(၁)ကြွက်သားတွေကို ထုံကျင်စေ
ခြေချိတ်ထိုင်တာမျိုးဟာ(peroneal nerve)ကို ဖိထားသ လိုဖြစ်စေပါတယ်။ (peroneal nerve)ဆိုတာကတော့ ဒူးနောက်မှာရှိပြီး ခြေထောက်အောက် ပိုင်း၊ခြေမျက်စိအောက်ပိုင်း ခြေထောက်ရဲ့ ထိတွေ့မှုတွေ ကို ထောက်ပံ့ပေးတဲ့ အာရုံကြောတစ်ခုလို့ အလွယ်ပြောလို့ရပါတယ်။ခြေချိတ်ထိုင်နေတဲ့ အနေအထား နဲ့ ကြာကြာထိုင်တာများလာရင် ကြွက်သားတွေကို ဖိထားသလို၊အပ်နဲ့ထိုးနေသ လို ဖြစ်လာမှာပါ။အဲ့ဒီလိုဖြစ်လာရင်တော့ ကြွက်သားတွေထုံတာ၊ ကျင်တာ၊ မ လှုပ်ရှားနိုင်ဖြစ်တာတွေအထိဖြစ်နိုင်ပါတယ်။ဒီလိုဝေဒနာတွေ ခံစားလာရင်ေ တာ့ သွေးလှည့်ပတ်မှုတွေပြန်ကောင်းလာအောင် ကြွက်သားကို နှိပ်နယ် တာတွေ လုပ်ပေးပါ။
p0354cc1
(၂)အာရုံကြောကို ထိခိုက်စေ
အဲ့ဒီလိုဖိုင်တာတွေများလာရင် အာရုံကြော လေဖြတ်သွားတာမျိုးအ ထိဖြစ်နို င်ပါတယ်။အဲ့ဒီလိုအခြေအနေကိုတော့ peroneal nerve palsy လို့ခေါ် ပါတယ်။ဒီလိုတွေဖြစ်လာရင်တော့ ခြေချောင်းလေးတွေ ကောင်းကောင်းမလှုပ်ရှားတော့တာတွေ ဖြစ်နိုင်ပါတယ်။
(၃)သွေးဖိအားများလာစေ
တကယ်လို့ သွေးတိုးရှိတဲ့ သူဆိုရင်တော့ ဒီအချက်ကို ပိုသတိထားသင့်ပါ တ ယ်။ခြေနှစ်ချောင်းကိုချိတ်ထိုင်တာဟာ သွေးဖိအားကို မြင့်တက်လာစေ(သွေးတိုး)စေပါတယ်။သွေးတိုးသမားတွေအနေနဲ့ခြေထောက်နှစ်ချောင်းကို ဒီအတိုင်း ချ ထိုင်သင့်ပါတယ်။ဒါမှသာ ထိုင်ရတာသက်သောင့်သက်သာရှိ မှာဖြစ်ပြီး သွေး ဖိအားကိုလည်း ပုံမှန်အခြေအနေ (normal level)ဖြစ်အောင် ထိန်းထားပေး ရာမှာ အထောက်အကူဖြစ်စေမှာပါ။
kryq
(၄)ခြေထောက်မှာရှိတဲ့ သွေးကြောတွေကို ထိခိုက်စေ
ခြေထောက်မှာရှိတဲ့ သွေးကြောတွေ (varicose veins)တွေကို ထိခိုက်စေပါ တယ်။ဒီအချက်ကတော့ အရမ်းကြီးရှင်းလင်းသေချာတာမျိုးေ တာ့မဟုတ်သေး ပါဘူး။သွေးကြောထဲမှာရှိတဲ့ အခင်(အဆို့ရှင်)လေးတွေ ဟာ သွေးကို နေရာမှား စီးဆင်းလည်ပတ်တာမျိုးမဖြစ်အောက်ကာကွယ်ပေးတာပါ။တကယ်လို့ အဲ့ဒီလို့ အခင်(အဆို့ရှင်)လေးတွေ လျော့ကုန်တာ၊ဆွဲစန့်တာ၊အားနည်းတာတွေဖြစ်ခဲ့မယ်ဆိုရင်တော့ သွေးလှည့်ပတ်စီးဆင်းမှုမှာ ပြဿနာရှိလာနိုင်ပါတယ်။သွေးကြောတွေကို ကျယ်လာတာတွေဖြစ်စေပြီး ခြေထောက်မှာရှိတဲ့ သွေးကြောတွေကို ထိခိုက်စေတာပါ။ခြေချိတ်ထိုင်တာဟာ သွေးကြောရောင်ရမ်းတာတွေကိုလည်း ဖြစ်စေပါတယ်။

(၅)လည်ပင်း၊ခါး၊တင်ပါး နာကျင်စေ

ဒီလိုထိုင်တာဟာ ကြွက်သားတွေကို ဆွဲဆန့်လိုက်သလို ဖြစ်သွားစေပါတယ်။ ကြာကြာထိုင်ရင် ခါးနာကျင်တာ၊လည်ပင်းနာကျင် တာတွေပါ ဖြစ်စေတတ် ပါ တယ်။ဒါ့အပြင်တင်ပါးကိုပါနာကျင်တာတွေဖြစ်စေနိုင်ပါတယ်။ခြေချိတ်ထိုင်တာမျိုးကြောင့် တင်ပါးဆုံရိုးကို ပုံစံဟန်ချက်မညီဖြစ်စေကာ ပေါင်အတွင်း နဲ့ အပြင် မှာရှိတဲ့ ကြွက်သားတွေကိုပါ ထိခိုက်စေပါတယ်။

Ref;powerofpositivity

SHARE