Panic Buying ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုး (၅)မျိုး

Image: shutterstock /By Haliqa Nitaf

Panic Buying ဆိုတာ ကတော့ စိုးရိမ် ထိတ်လန့်စိတ်တွေ အလွန် အကျွံ ဖြစ်ပြီး ဈေးတွေ အလုပ်အယက် ၀ယ်ယူ နေကြ တာမျိုးပါ။(၂၄)ရက်နေ့ ညသန်းခေါင်ယံအချိန်မှာ အစိုးရ အဖွဲ့အစည်းကနေ COVID-19  ကူးစက်ခံရသူ နှစ်ယောက် တွေ့ရှိတယ်ဆိုတဲ့ သတင်းေ ကြညာလိုက်ပြီးနောက်မှာတော့ နီးစပ်ရာ စူပါမားကတ်တွေ ကို အလုအယက် တွေ တိုးပြီး ပစ္စည်းတွေ ၀ယ်ယူကြတာမျိုးပါ။စားနပ်ရိက္ခာတွေ ပြတ်တောက်သွားရင် ဘယ်လို လုပ်မလဲ၊အိမ်မှာပဲ ရက် ရှည် အိမ်တွင်းအောင်းမယ်ဆိုပြီး အစားအစာတွေကို ပုံမှန်ထက် ပိုပြီး အလွန် အကျွံ ၀ယ်ကြတာပါ။လူ့ အဖွဲ့အစည်း အတွက် တော့ ဒီလို မျိုး ကိစ္စ တွေက လုံးဝ လုံးဝ မဖြစ်သင့်ပါဘူး။Panic Buying လုပ်တာမျိုးက လူ့ အွဲ့အစည်း အတွက် အရမ်းကို အန္တရာယ်များပါတယ်။နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီးဖြစ်လာနိုင်ပါတယ်။

(၁)ကုန်ဈေးနှုန်းတွေ အဆမ တန် ကြီးမြင့်လာနိုင်

Image: shutterstock /By Philip Reeve

တစ်ခုခုဆိုတာနဲ့ ကုန်ဈေးနှုန်းတွေ တက်တာကတော့ မြန်မာနိုင်ငံမှာ ထုံးစံလို ဖြစ်နေပါပြီ။အလုအယက် ၀ယ်ယူ ကြ တာ တွေကြောင့် Mask တွေ ၊လက်ဆေးရည်တွေ ကို အလွယ်တကူ ၀ယ်လို့ မရတာ၊၀ယ်ခဲ့ရင်လည်း ပုံမှန်ထက် ဈေး အဆ မတန် ပေးပြီး ၀ယ်ယူနေကြရပါတယ်။ဒါတွေ က COVID-19 မြန်မာနိုင်ငံမှ စမဖြစ်ခင်တည်းက ရှိနေ တဲ့ အခြေအ နေ ပါ။အခုဆိုရင် စားသောက်ကုန်တွေ ကိုပါ အလုအယက် ၀ယ်နေကြလို့ ဈေးတွေ စ တက်နေပါပြီ။ ရောဂါ ကပ်ဆိုးကို စည်းလုံးညီညွတ်စွာ နဲ့ တွန်းလှန် နေရမယ့် အချိန်မှာ ကိုယ်တစ်ယောက်တည်းရဲ့ လောဘ ကြောင့် ကုန် ဈေးနှုန်းတွေ အဆ မတန်တက်တာမျိုးကတော့ လုံးဝ မဖြစ်သင့်ပါဘူး။

READ
သင့်ကိုယ်သင် ဘယ်လိုဂရုစိုက်ရမလဲဆိုတဲ့ အကာင်းဆုံးအကြံဥာဏ် သုံးခု

(၂)ရောဂါ ကူးစက်ပြန့်ပွားမှုတွေ တိုးလာနိုင်

ရောဂါ ကူးစပ်ပြန့်ပွားမှုတွေ မဖြစ်ရ အောင် ကြိုတင်ကာကွယ်တဲ့ အ နေနဲ့ လူထူထပ်တဲ့ နေရာမျိုးတွေကို မသွားဖို့ အစိုးရ က တရားဝင် ကြေညာချက် ထုတ်ထားပါတယ်။ဒီလို ကြေညာချက်ကို မလိုက်နာပဲ ကုန်တိုက်တွေ ၊ဈေးတွေ မှာ လူတွေ စု ပြုံ တိုးပြီး ဈေးဝယ်နေကြတာမျိုးက ကိုယ်တစ်ယောက်တည်း အတွက် တင်မကပဲ လူ့ အဖွဲ့ အစည်း အတွ က်ပါ အရမ်းကို အန္တရာယ်များပါတယ်။ Mask တွေ မတပ်နိုင်၊ရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်လာနိုင်တယ်ဆိုတဲ့ အချက် ကို ထည့်မ တွေးတော့ပဲ ပစ္စည်းတွေ ကို စု တိုးပြီး အလုအယက် ၀ယ်တာမျိုးတွေက COVID-19 ကူးစက်ပြန့် ပွားမှု နှုန်းမြင့်လာအောင် လုပ်နေတာပါ။

(၃)စားနပ်ရိက္ခာ၊ဆေးဝါး ယာယီပြတ်တောက်မှုတွေ ဖြစ်နိုင်

Image: shutterstock /By Haliqa Nitaf

ပုံမှန်ဆိုရင် လူ(၁၀)ယောက် လောက် အတွက် လုံလောက်တဲ့ စားနပ်ရိက္ခာ တွေ ကို ကိုယ်တစ်ယောက်တည်းက ပဲ လောဘကြီးပြီး ၀ယ်မယ်၊ကိုယ့်လိုလူမျိုး (၁၀) ယောက်လောက်ရှိနေမယ်ဆိုရင် စားနပ်ရိက္ခာ ယာယီ ပြတ် တောက်မှု တွေ ဖြစ်ပွားနိုင်ပါတယ်။ရုတ်တရက်ကြီးဝယ်လို အား တွေ အရမ်းများလာလို့ ဈေးကွက်ထဲမှာ ယာယီ ပြတ် တောက် သွားရင် အချိန် အတိုင်းအတာ တစ်ခုထိ ယူပြီးမှ ပြန်လည် ဖြည့်တင်းလို့ရမှာပါ။ေ ၀မျှ သုံးစွဲရမှာကို တစ်ယောက်တည်း က လောဘကြီးပြီး အပိုင်စီးဖို့ ကြိုးစားနေတာမျိုးက အရမ်းကို ရှက်ဖို့ ကောင်းတဲ့ လုပ်ရပ်ပါ။

READ
အမျိုးသားများဟာ ကလေးအဖေဖြစ်သွားတာနဲ့ ပိုဝလာတတ်ကြတယ်ဆိုတဲ့တွေ့ရှိချက်

(၄)လက်လုပ်လက်စားတွေရဲ့ ဘ၀ကို ဖျက်စီးသလို ဖြစ်စေ

လူချမ်းသာတွေနဲ့ အတိုင်းအတာ တစ်ခု ထိ ငွေ ကြေး ပြည့်စုံတဲ့ လူတွေက စားနပ်ရိက္ခာ တွေကို ၀ယ်ယူစု ဆောင်းလို့ ရ ပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လူတွေ အတွက်တော့ စု ဆောင်းဖို့က မဖြစ်နိုင်ပါဘူး။အတင်းတွေ လုယက် ၀ယ်လို့ ကုန်ဈေးနှုန်းတွေ အဆ မတန် မြင့်တာ ဒါမှမဟုတ် ဈေးကွက်ထဲမှာ စားနပ်ရိက္ခာ ယာယီပြတ် တောက်မှု တွေ ဖြစ် ခဲ့ရင် သာမန်အခြေခံလူတန်းစားတွေနဲ့ လက်လုပ်လက်စားတွေပဲ ဒုက္ခ ရောက်ကြရမှာပါ။

(၅)ရာဇ၀တ်မှုတွေ မြင့်တက်လာနိုင်

Image: shutterstock /By Frozzymagine

COVID-19  ရဲ့ ဂယက်ကြောင့် စက်ရုံ၊အလုပ်ရုံနဲ့ လုပ်ငန်းတစ်ချို့ ဖျက်သိမ်းပစ်လိုက်ရတဲ့ သတင်းတွေ ထွက်ပေါ် လာခဲ့၊ထွက်ပေါ် လာနေ တာကို လူတိုင်းသိကြမှာပါ။ငွေ ကြေး အခက်အခဲတွေ နဲ့ ရင်ဆိုင် နေရတဲ့ ဒီလို အချိန် မှာမှာ Panic Buying ဆိုတာကြီးကြောင့် ကုန်ဈေးနှုန်းတွေ ထပ်ပြီး တက်မယ် ဆိုရင်တော့ ဒီ့ထက်ပိုဆိုးတဲ့ အခြေအနေ တွေ ဖြစ်ပေါ် လာနိုင်ပါတယ်။ဒီလိုတွေ ခက်ခဲလာမယ်ဆိုရင်တော့ သေချာ ပေါက်ကို ခိုးဆိုး၊လုယက် မှုတွေပိုများ လာပါလိ့မ်မယ်။

#SHWEMOM

SHARE