ဘာလီကို တစ်သက်မှာတစ်ခါလောက်တော့ သွားလည်သင့်တဲ့အကြောင်းပြချက် ၈ ချက်

Igor Tichonow/shutterstock

ပိုက်ဆံတွေရှာမယ်၊ ပုံမှန်ခရီးတွေသွားမယ်၊ ဒါဟာ ဘဝကြီးရဲ့ အနှစ်သာရစစ်စစ်ပါပဲ။ ဒီတစ်ခေါက် ခရီးသွားကဏ္ဍမှာတော့ ဘာလီကို ဘာကြောင့်တစ်ခေါက်လောက်တော့ သွားလည်သင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးသွားမှာပါ။ တချို့တွေက ပြည်ပခရီးစဉ်တွေဆိုရင် သွားလည်ရမှာ တွန့်ဆုတ်တတ်ကြပါတယ်။ ငွေကုန်ကြေးကျများမှာရယ်၊ သွားပြီး မတန်မှာ ဆိုးတာရယ်ကြောင့်ပါ။ ဒါဆို ဒီလိုမျိုး စိုးရိမ်ရတဲ့အချက်တွေကို ပြေပျောက်ပြီး ဘာလီသွားကိုသွားရမယ်လို့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချသွားနိုင်အောင်ဆိုပြီး Hotels.com website မှ ဘာလီကဏ္ဍလေးကို ကိုးကားဖော်ပြပေးလိုက်ပါတယ်နော်။

(၁) ပထမဆုံးတစ်ခုကတော့ ကမ်းခြေပါ။ ဘာလီဆိုတာနဲ့ ကျွန်းရဲ့သဘာဝဆန်ပြီး လှပလွန်းတဲ့ ကမ်းခြေတွေကို အရင်ဆုံးသတိထားမိမှာပါပဲ။ ကျွန်းစုဖြစ်တဲ့အတွက်ကြောင့် ကျွန်းတွေလည်း အများကြီးရှိသလို တစ်ခုနဲ့တစ်ခုမတူညီဘဲ ကွဲပြားနေတဲ့ ကမ်းခြေတွေလည်း ထုနဲ့ဒေးရှိလို့နေပါတယ်။ သဲဖြူဖြူလွှလွှလေးတွေနဲ့ ကမ်းခြေတွေ၊ ကျောက်တုံးတွေနဲ့ ကမ်းခြေတွေကအစပေါ့။ ဘာလီကိုသွားလည်ရုံနဲ့ ကမ်းခြေတွေအများကြီးကို နေ့ချင်းပြန်သွားနိုင်မှာဆိုတော့ ကမ်းခြေခရီးကို အကြိမ်ကြိမ်ထွက်နေရသလို ခံစားရမှာပါ။

READ
ကာတွန်းကမ္ဘာထဲ ရောက်သွားသလို ခံစားမိစေမယ့် ဆိုးလ်မြို့က ကော်ဖီဆိုင်
Svetlana Khovrina/shutterstock

(၂) ဘာလီမှာ ဒုတိယအနေနဲ့ သိသာထင်ရှားနေတာကတော့ ဘုရားကျောင်းတွေပါပဲ။ ရှေးဟောင်းအဆောက်အအုံတွေဖြစ်ပြီး ဗိသုကာလက်ရာတွေကလည်း တော်တော်လေးလက်ရာမြောက်ကြတော့ လေ့လာရုံသာမက ဓာတ်ပုံပါရိုက်ကူးဖို့ လှလွန်းနေမှာပါနော်။

ollivves/pixabay

(၃) အင်ဒိုနီးရှားရူပီယာ ၁၅,၀၀၀ ပတ်ဝန်းကျင်မှ အမေရိကန် ၁ ဒေါ်လာပါ။ ကန် ၁ ဒေါ်လာမှာ မြန်မာငွေက ၁,၅၀၀ ပတ်ဝန်းကျင်မှာရှိတယ်ဆိုတော့ အလွယ်တွက်ရင် ဘာလီမှာ ပိုက်ဆံရှင်းတိုင်း သုညတစ်လုံး ဖြုတ်ပြီး တွက်နိုင်ပါတယ်။ နောက်ပြီး ဟိုတယ်ဈေးတွေကလည်း ပြည်တွင်းခရီးသွားသလို ၃ ၄ သောင်းကနေ စရှိနေတာဆိုတော့ အသင့်အတင့်ပဲလေနော်။

wendysaputra11/pixabay

(၄) တခြားမြို့ကြီးတွေလိုမျိုးမဟုတ်ဘဲ ဘာလီမှာရှိတဲ့ လူအများစုဟာ ဖော်ဖော်ရွေရွေနဲ့ ယဉ်ကျေးပြီး ကူညီလိုစိတ်ရှိကြတာမို့ စိတ်ချလက်ချသွားလည်နိုင်ပါတယ်။

(၅) ဘာလီမှာ ကမ်းခြေအပြင် တောတွင်းတောင်တွင်းက သဘာဝရှုခင်းတွေကိုလည်း ခံစားနိုင်ပါသေးတယ်။

sasint/pixabay

(၆) အဓိကသွားသင့်တဲ့အကြောင်းအရာကတော့ အစားအသောက်ပါ။ လမ်းဘေးဆိုင်ပဲစားမလား၊ ဟိုတယ်တွေနဲ့ စားသောက်ဆိုင်တွေမှာပဲစားစား စိတ်ကျေနပ်စေတဲ့ အရသာတွေကို ခံစားရမှာပါ။

Ariyani Tedjo/shutterstock

(၇) လေ့လာစရာအနေနဲ့ ဘုရားကျောင်းတွေအပြင် ဘာလီကျွန်းစုသားတွေရဲ့ ဓလေ့တွေပါ။ ပွဲတော်ရက်တွေတော်တော်များများမှာ ရိုးရာဓလေ့ဆိုင်ရာ ကပြဖျော်ဖြေပွဲတွေနဲ့ ပြဇာတ်လိုမျိုးတွေ ကပြတတ်တဲ့အတွက် ဟိုတယ်ရဲ့အကူအညီနဲ့ ခံစားနိုင်ပါတယ်။

READ
(၂၀၁၈)ခုနှစ်မြင်းပွဲသဘင်ဆီ ရိုးရာဓလေ့အတိုင်း အမိုးတပ်လှည်းနဲ့ခရီးထွက်လာကြသူများ
keulefm/pixabay

(၈) ဘာလီရဲ့ရေပြင်အနေအထားကြောင့် နိုင်ငံခြားသားတွေကတော့ ရေလှိုင်းစီးရတာကို ကြိုက်ကြပါတယ်။ စွန့်စားချင်တယ်ဆိုရင်တော့ ကမ်းခြေမှာရှိတဲ့ တချို့စားသောက်ဆိုင်တွေမှာ ရေလှိုင်းစီးသင်ပေးတဲ့ နည်းပြတွေနဲ့ ချိတ်ထားတတ်တာကြောင့် သင်ပြခိုင်းပြီး အနေ့အကြုံသစ်တွေကို ခံစားနိုင်ပါတယ်။

wndj/pixabay

Penny

SHARE