ယောဂ ပုံမှန်လုပ်ပေးရင် ရလာမယ့် ကောင်းကျိုး(၅) မျိုး

Image:freepik.com/cookie-studio

ယောဂ ကေ တာ့ ကျန်းမာရေး အတွက် လူတိုင်း လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းပါ။လူကြီးတွေနဲ့ ရော လူငယ်တွေ နဲ့ ပါ သင့် တော်ပါတယ်။နာတာရှည် ကျန်းမာရေး ပြဿနာရှိ နေတယ်ဆိုရင်တော့ ယောဂ ကို ပုံမှန်ပြု လုပ် ပေးသင့်ပါတယ်။ယောဂ လုပ်ပေးခြင်းအားဖြင့် ရလာနိုင်တဲ့ ကျန်းမာရေး ကောင်းကျိုးတွေ အ ကြောင်းကိုတော့ .pinkvilla မှာ ဖော်ပြထားပါတယ်။

သွေးတိုးရောဂါ သက်သာစေ

Image:freepik.com/user17364411

သွေး တိုးရောဂါ ရှိတဲ့ သူတွေ အနေနဲ့ ယောဂ ကို ပုံမှန် ပြု လုပ် ပေးသင့်ပါတယ်။နှလုံး ခုန်နှုန်းကို ပုံမှန် ထိန်းညှိ ပေး ခြင်း အား ဖြင့် သွေးတိုးရောဂါ ကို ထိန်းလို့ ရပါတယ်။ဒါကြောင့် အရမ်း မပြင်းထန်တဲ့ အားကစားတစ်ခုခုကို ပုံမှန်ပြု လုပ် ပေးပါ။ လမ်းပုံမှန် လျှောက်တာ တို့ ၊ဒါမှမဟုတ် ယောဂ လုပ် တာ တို့ ကို ပုံမှန်လုပ် ပေးပါ။

READ
နှလုံးကျန်းမာရေးအတွက် အမြဲမှီဝဲနေသင့်တဲ့ အစားအစာများ

မှတ်ဥာဏ် အားကောင်းစေ

အသက်ကြီးလာ လို့ မှတ်ဥာဏ် အားနည်းလာတာပဲ ဖြစ်ဖြစ်၊တခြား အ ကြောင်းကြောင့် မှတ်ဥာဏ် အား နည်းလာ တာ၊ အာရုံစူးစိုက်နိုင်စွမ်း လျော့ ကျလာခဲ့ရင် ယောဂ လေ့ကျင့်ခန်းကို ပုံမှန် လုပ် ပေးပါ။

အိပ် ပျော်စေ

Image:freepik.com/cookie-studio

ယောဂ ပုံမှန် ပြုလုပ် ပေးမယ်ဆိုရင်တော့ ညအိပ် မ ပျော်တာတွေကို သက်သာ စေပြီး နှစ်ခြိုက်စွာ အိပ် ပျော် စေပါတယ်။ ည ဆို အိပ် မ ပျော်ဘူး၊ခဏခဏ နိုးနေတာ မျိုး.. အစရှိတဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာ တွေကို ယောဂ ပုံမှန် ပြု လုပ် ပြီး ဖြေရှင်းလို့ ရပါတယ်။

နှလုံးရောဂါ အတွက် ကောင်း

နှလုံးရောဂါ သမားတွေ ကအ ရမ်းပြင်းထန်တဲ့ ကိုယ်လက် လှုပ်ရှားမှုတွေကို လုပ် လို့ မရပါဘူး။အဲ့လို လူ မျိုး တွေ အတွက် ယောဂက အ ကောင်းဆုံး လေ့ကျင့်ခန်းပါ။

READ
ကော်ဖီက ကျန်းမာရေးအတွက် သင့်/မသင့်ဆိုတာ ... ဒီအချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်

တခြား ကောင်းကျိုးများ

Image:freepik.com/may-chanikran

ယောဂ မှာတော့ ပုံစံ အမျိုးမျိုး ရှိပါတယ်။တစ်ခုနဲ့ တစ်ခု ထိ ရောက်တာ ခြင်းလည်း မတူပါဘူး။ဥပမာ- သွေး တိုးသမား တွေ လုပ်သင့်တဲ့ ယောဂ လေ့ကျင့်ခန်း၊မှတ်ဥာဏ် အားကောင်းစေတဲ့ ယောဂ လေ့ကျင့်ခန်း၊အိပ် ပျော် စေ တဲ့ လေ့ကျင့်ခန်း .. အမျိုးမျိုး ရှိပါတယ်။ယောဂ ကို ပုံမှန် လုပ် ပေးရင် သွေးတွင်းသကြားဓါတ်ကို ထိန်းညှိ ပေးနိုင် ပြီး ဆီးချို သွေး ချို နဲ့ အ၀ လွန်ခြင်းတွေကို သက်သာစေပါတယ်။ဒါ့အပြင် ကင်ဆာ ဖြစ်ပွားမှုနှုန်းကို ကျဆင်း စေပါတယ်။ဒါ့အပြင် နုပျို ကျန်းမာ လှပ လာ စေပါတယ်။

#shwemom

SHARE