ဝက်ခြံကို ထိုးဆွခြင်းမလုပ်သင့်တဲ့ သတိပြုစရာအန္တရာယ်များအကြောင်း

အရေပြားပေါ်မှာဝက်ခြံထွက်တာဆယ်ကျော်သက်အရွယ်ရောက်ပြီဆိုကတည်းလူတိုင်းလိုလိုကြုံနေကျပြဿနာတစ်ခုဖြစ်ပါတယ်။လေထုထဲမှာပါလာတဲ့ဖုန်မှုန့်နဲ့အညစ်အကြေးတွေကြောင့်ပဲဖြစ်ဖြစ်၊ ဟော်မုန်းအပြောင်းအလဲကြောင့်ပဲဖြစ်ဖြစ်အရေပြားပေါ်မှာစူထွက်ပြီးနီနီရဲရဲဖြစ်နေတဲ့ဝက်ခြံကတကယ်စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ဒီကြားထဲမသန့်ရှင်းတဲ့အရာတွေနဲ့ထိကိုင်မိရင်လည်းအခြေအနေပိုဆိုးသွားတတ်ပါတယ်။ဒါပေမယ့်တချို့ဝက်ခြံထွက်လာရင်မကိုင်ရမနေနိုင်၊မညှစ်ရမနေနိုင်တဲ့သူတွေရှိပါတယ်။အဲဒီလိုဝက်ခြံကိုထိုးဆွတာ၊လက်နဲ့ကုတ်ခြစ်တာတွေကဘယ်လောက်ထိအန္တရာယ်ဖြစ်စေလဲဆိုတာရှောင်ကြဉ်နိုင်အောင် ကျန်းမာရေးဗဟုသုတအဖြစ် Shwemomကနေစုစည်းဖော်ပြပေးလိုက်ပါတယ်။

၁)လက်ဖြင့်ထိကိုင်ရုံနဲ့ရောဂါပိုင်းဝင်နိုင်

လက်က ရောဂါပိုးအများဆုံးရှိတဲ့ခနာကိုယ်အစိတ်အပိုင်းတွေထဲမှာတစ်ခုအပါအ၀င်ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လူတိုင်းနီးပါးဖုန်းကိုင်ကြပါတယ်။ဖုန်းမှာရောဂါပိုးတွေများစွာကပ်တွယ်နေပါတယ်။အဲဒီလိုဖုန်းကိုင်လိုက်၊သွားရင်းလာရင်းဘတ်စ်ကားစီးရင်းစသဖြင့်လက်ကရောဂါပိုးတွေနဲ့အမြဲတမ်းထိတွေ့နေတဲ့အတွက်ဝက်ခြံထွက်နေတဲ့အရေပြားကိုလက်နဲ့ထိကိုင်မိရုံနဲ့ရောဂါပိုးကူစက်ခံရနိုင်တယ်ဆိုတာအံ့သြစရာမရှိပါဘူး။ဒါကြောင့်ဝက်ခြံကိုသန့်ရှင်းသည်ဖြစ်စေ၊မသန့်ရှင်းသည်ဖြစ်စေလက်နဲ့ထိုးဆွတာမျိုးမလုပ်သင့်ပါဘူး။

၂)၀က်ခြံကိုထိုးဆွခြင်းက အရေပြားပျက်စီးနိုင်

အသားအရေထိန်းသိမ်းမှုကိုဂရုတစိုက်လုပ်လေ့ရှိတဲ့အမျိုးသမီးတွေမှာတောင် ၀က်ခြံကို လက်နဲ့ထိုးဆွမိရင် အသားအရေ ပျက်စီးနိုင်ပါတယ်။အရေပြားကနေမယ်လ်နင်ဓာတ်တွေထွက်ရှိခြင်းကြောင့်အရေပြားမှာအမဲကွက်တွေဖြစ်ပြီးမြန်မြန်ဆန်ဆန် အိုမင်းရင်ရော့်စေပါတယ်။

၃)ပြည်ရည်က ၀က်ခြံရှိတဲ့အရေပြားတ၀ိုက်ကိုပိုဆိုးရွားနိုင်

ဝက်ခြံကိုထိုးဆွ၊ ကုတ်ဖဲ့မိခြင်းကြောင့် ထွက်လာတဲ့ပြည်ရည်တွေက ၀က်ခြံတ၀ိုက်အရေပြားကိုထိမိပြီး ၀က်ခြံကို ပိုပျံ့နှံ့ပြီး ဆိုးရွားစေတဲ့အတွက် လက်နဲ့ကုတ်ခြစ်ခြင်းက ၀က်ခြံပျောက်ကင်းစေတဲ့နည်းလမ်းကောင်းမဟုတ်ပါဘူး။

၎)လက်ဖြင့်ဖိခြင်းက ၀က်ခြံပျေက်ကင်းဖို့နှေးကွေးစေနိုင်

တချို့ ၀က်ခြံထွက်ပြီးသားနေရာကပဲ နောက်ထပ်ဝက်ခြံထပ်ထွက်လာတာမျိုးကြုံဖူးကြမှာပါ။ဝက်ခြံသံသရာလည်တယ်ပြော ရင်မမှားပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဝက်ခြံရှိတဲ့နေရာကိုလက်နဲ့ဖိတဲ့အခါ အဲဒီနေရာမှာရှိတဲ့ မိတ်ကပ်၊သနပ်ခါးနဲ့ skin care တွေကအနည်ထိုင်ပြီးဝက်ခြံအရေပြားပေါ်ကအဆီဂလင်း(ချွေးပေါက်)တွေပိတ်စေတဲ့အတွက်အရေပြားကနေ အောက်ဆီဂျင်ကောင်းကောင်းမရတဲ့အတွက်ဝက်ခြံထပ်ပေါက်ခြင်းဖြစ်ပါတယ်။ဝက်ခြံရှိပြီးသားဆိုရင်လည်း ပျောက်ကင်းဖို့အချိန်အတော်ကြာလေ့ရှိပါတယ်။

၅)Scabs လုပ်ခြင်းက၀က်ခြံကိုပိုဆိုးရွားနိုင်

Scabs(အရေပြားကိုဖျစ်ညှစ်နှိပ်နယ်ခြင်း)လုပ်ခြင်းကလည်းဝက်ခြံကိုပိုမိုဆိုးရွားစေတဲ့ထဲမှာတစ်ချက်အနေနဲ့ပါဝင်နေပါတယ်။အကြောင်းကတော့ ၀က်ခြံရှိတဲ့နေရာတ၀ိုက်ကိုပါ ဆွပေးသလိုဖြစ်ပြီး scabsလုပ်တဲ့အခါ အသုံးပြုတဲ့ skin care ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင် အခြေအနေပိုဆိုးသွားနိုင်လို့ရှောင်ကြဉ်သင့်ပါတယ်။

READ
ရင်သားကြီးတယ်လို့ ထင်ရစေမယ့် အလွယ်နည်းလမ်း(၅)မျိုး

ChoChoThan(Shwemom)

ref:beautips.info

SHARE