ကလေးတွေကို နှုတ်ခမ်းချင်း မနမ်းသင့်တဲ့ အ ကြောင်းအရင်း

Image:IG/beckhkam

က လေးတွေကို မြင်ရင် အရင်ကဆိုရင် ချစ်စနိုးနဲ့ ပါးလေး ကိုင်လိုက်၊လိမ်လိုက်၊ပါးလေး ကို နမ်း လိုက် က နေ  နော က်ပိုင်းမှာတော့ နှုတ်ခမ်းနဲ့ နမ်းတာ မျိုးတွေ ပိုများလာပါတယ်။နှုတ်ခမ်းချင်းနမ်းတာ က တော့ အနောက်တိုင်းယဉ် ကျေး မှု တစ်ခုပါ။တကယ်တော့ က လေးတွေကို နှုတ်ခမ်းချင်းထိ နမ်းတာမျိုးက အရမ်း အန္တရာယ်များပါတယ်။ နှုတ် ခမ်း နမ်းတာ သင့်တော် တာ မ တော်ဘူးဆိုတဲ့ အငြင်းပွားမှု မျိုး အရင်ကလဲ ဖြစ်ဖူး သလို အခုလဲ ဖြစ် နေ တုန်း ပါ။ ဆရာဝန်တွေ က တော့ ကလေးကို နှုတ်ခမ်းနဲ့ နမ်းမှ ချစ်ခြင်းကို ဖော်ပြ လို့ ရတာမျိုး မဟုတ်ဘူး လို့ ပြော ခဲ့ ဖူးပါ တယ်။ကလေး ကို နှုတ်ခမ်းနဲ့ မနမ်း သင့်တဲ့ အ ကြောင်း အရင်း ကို တော့ စိတ် ပညာရှုထောင့်  နဲ့ ကျန်းမာ ရေး ရှု ထောင့် တွေ က နေ ပညာရှင်တွေက အခုလို ပြောပြခဲ့ပါတယ်။ဒီ အ ကြောင်းကို တော့ Bright Side မှာ ဖော်ပြ ထား တာပါ။

စိတ်ပညာရှုထောင့်က ပြောတဲ့ က လေးကို နှုတ်ခမ်း မနမ်းသင့်တဲ့ အ ကြောင်းအရင်း…

Image:IG/gregjrutherford

နှုတ်ခမ်းဆိုတာက ခန္ဓာကိုယ်ရဲ့ personal boundary တစ်ခုပါ။ဆိုလိုတာက သီးသန့် လူ တကာ ကို ပေး အထိ မခံ တဲ့ ၊အထိ ခံလို့ မရတဲ့ နေရာပါ။က လေးကို နှုတ်ခမ်း အကျင့်လုပ် နမ်း နေ ရင် က လေး ရဲ့ စိတ် ထဲမှာ က နှုတ်ခမ်း ချင်းနမ်းတာ ပြဿနာ မရှိဘူး ၊လူတိုင်းနဲ့ နမ်းလို့ ရတာပဲ ဆိုတဲ့ စိတ် မျိုး ၀င် သွား နိုင်ပါတယ်။နှုတ် ခမ်း နဲ့ နမ်းတာကို ယဉ် လာပြီး တစိမ်းက နမ်းလာရင် ကျေ ကျေနပ်နပ် အနမ်းခံ တာမျိုး တွေ ဖြစ် သွား နိုင် ပါတယ်။

 

View this post on Instagram

 

Happy Birthday baby girl 🙏🏻💕 We all love you so much 💜💜💜 X @davidbeckham @brooklynbeckham kisses from mummy X

A post shared by Victoria Beckham (@victoriabeckham) on

အိမ်မှာ မိဘတွေက ချစ်လို့ နှုတ်ခမ်းကို နမ်းတာ ဆိုပေမယ့် က လေးရဲ့ စိတ်ထဲမှာ နှုတ်ခမ်းဆိုတာ ချစ်ခြင်း မေတ္တာ ကို ဖော်ပြတာ၊နှစ်သက် သ ဘောကျ တာကို ဖော်ပြတာလို့ က လေးရဲ့ ခေါင်းထဲမှာ စွဲပြီး  အပြင်မှာ အဲ့လို တွေ လျှော က် လုပ်တာ မျိုး တွေ ဖြစ် သွားနိုင် တယ်လို့ စိတ်ပညာရှင်တွေ က ထောက်ပြ ပြော ဆိုခဲ့ပါတယ်။အပြင် လူတွေ အ နေ နနဲ့ လည်း ဘယ်လောက် ပဲ ကိုယ်နဲ့ ရင်း နှီး တဲ့ လူရဲ့ သား၊ သမီးပဲ ဖြစ် နေပါ စေ၊တစ်ဖက်မိဘက ကြိုက်မှန်း မသိ၊ မကြိုက်မှန်းမသိ နှုတ်ခမ်းကို နမ်းတာ မျိုး တွေ မလုပ် ပါနဲ့။မိဘ တွေ အ နေနဲ့ လည်း တစိမ်းက ကိုယ့်က လေးကို နှုတ်ခမ်းနမ်းတာ မြင်ရင် မကြိုက် ရင် မကြိုက် ကြောင်း နဲ့ နောက် မလုပ်ဖို့ ကို ပြောဖို့ အားမနာပါနဲ့။ပွင့် ပွင့်လင်းလင်း တားမြစ် ပေးပါ။

READ
ကြောင်လေးတွေအတွက် အိမ်တွင်းမှာအလှဆင်ထားနိုင်တဲ့ ချစ်စဖွယ်သစ်ပင်အိမ်လေးများ

ကျန်းမာရေး ရှုထောင့်က ပြောတဲ့ က လေးကို နှုတ်ခမ်း မနမ်းသင့်တဲ့ အ ကြောင်းအရင်း…

 

View this post on Instagram

 

Christmas is coming 🎅🏼 Let’s go skate ♥️

A post shared by David Beckham (@davidbeckham) on

ဒါက တော့ လက်ရှိ ကမ္ဘာ ပေါ်မှာ ဖြစ်ပျက် နေတဲ့ အ ခြေ အ နေ ကို ကြည့်ရင် ပဲ ဘာကြောင့် ကလေး ရဲ့ နှုတ် ခမ်း ကို မနမ်းသင့်လဲဆိုတာ သိသာပါတယ်။ကိုဗစ်လို အသက်ရှု လမ်း ကြောင်းဆိုင်ရာ ရောဂါ ကြောင့် နှုတ်ခမ်း နမ်း ဖို့ မ ဆိုထားနဲ့ လူအချင်းချင်း တောင် ခပ်ခွာ ခွာ နေ နေရတာပါ။ကိုဗစ် ကြောင့် မဟုတ်ရင် တောင်မှ သွားဆရာ ၀န် တွေက ကလေးတွေကို နှုတ်ခမ်းချင်း နမ်းတာ မျိုး မလုပ်ဖို့ တိုက်တွန်းထားတာပါ။ပါးစပ်ထဲမှာ သာမန် မျက်စိ နဲ့ မမြင် နိုင် တဲ့ ပိုးမွှားတွေ အများကြီးပါ။အရွယ် ရောက်ပြီးတဲ့ လူတွေ အဖို့ က တော့ ပိုးမွှားက ပြဿနာ မရှိပမေယ့် နု နယ်တဲ့  ကလေး တွေ အတွက် တော့ အန္တရာယ်များ လွန်းပါတယ်။အန္တရာယ်ရှိတဲ့ ရောဂါ တစ်ချို့ဟာ တံ ထွေး က နေ ကူး စက်တာ ပါ။စာဖတ်သူတွေ အမြင် က ရော…?

READ
အွန်လိုင်းမှာခေတ်စားလာနေတဲ့ ဒေါ်လာ(၁၀၀)ကျော်တန် ဂျင်းဘောင်းဘီအပြဲဖက်ရှင်များ

#SHWEMOM

SHARE