ဘာလို့သင့်ချစ်သူကတစ်ခြားကောင်လေးတွေကို အထာပေးနေသေးတာလဲ

ယောက်ကျားတိုင်း စိတ်ထဲမှာ တအုံ့နွေးနွေးနဲ့ မလုံမလဲဖြစ်စေတဲ့ အရာကတော့ ဘာလို့ တစ်ခြားယောက်ျားလေးတွေကို ကိုယ့်ချစ်သူက အထာပေးနေသေးတာလဲ-ဆိုတဲ့ကိစ္စဖြစ်ပါလိ့မ်မယ်။ အမျိုးသမီးတော်တော်များများကလည်း အခြားအမျိုး
သားတစ်ယောက်ကို ရည်ရွယ်ချက်မရှိပါဘဲ မွေးရာပါ ဗီဇအရ(အခြားလူတစ်ယောက်ရဲ့ ယေဘုယျအမြင်အရ) အခြားအ
မျိုးသားတွေ အထာပေးသလိုပုံစံနဲ့ ဆက်ဆံမိတတ်ပါတယ်။ ဒါဟာ ချစ်သူဖြစ်တဲ့ ကာယကံရှင်အမျိုးသားတစ်ယောက်အ
နေနဲ့ မနာလိုဝန်တိုစရာ ကိစ္စမဟုတ်ကြောင်း Shwemom ကနေ မျှဝေလိုက်ပါတယ်။

(၁) ယုံကြည်မှုရှိလို့

ချစ်သူရှိရက်နဲ့ အခြားအမျိုးသားတစ်ယောက်ကို အထာပေးတယ်ဆိုတာ တကယ်တော့ လက်မခံနိုင်စရာပါ။ နောက် တစ်
ချို့ မျက်နှာခပ်နောက်နောက် ကောင်မလေးတွေကလည်း ရှိနေတော့ ဒီကိစ္စဟာ ဖြေရှင်းရခက်ပါတယ်။ ဒါပေမယ့် အမျိုး
သမီးအများစုဟာ များသောအားဖြင့်တော့ ပွေချင်လို့ ရှုပ်ချင်လို့ မဟုတ်ဘဲ မိမိရဲ့အလှကို ယုံကြည်မှုရှိုလို့၊ တနည်း အမျိုး
သမီးတွေရဲ့ မွေးရာပါဗီဇအရ ဒါကို ပြုမူမိကြတာပါ။

READ
ချစ်သူနဲ့အတူ ရိုလာကိုစတာစီးစဉ် မူးမေ့သွားတဲ့ အာဂရည်းစားကောင်လေး

(၂) အာရုံစိုက်မှုသာ မျှော်လင့်တယ်

အမျိုးသမီးတွေဟာ အခြားယောက်ျားကို အထာပေးမိချင် ပေးမိပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလူရဲ့ မေတ္တာကို လိုချင်လို့မ
ဟုတ်ပါဘူး။ အဲဒီလူရဲ့စိတ်ထဲမှာ ဒီအမျိုးသမီးဟာ လှတယ်ဆိုတာ လက်ခံရုံလောက်သာ မျှော်လင့်ပါတယ်။

(၃) ကိုယ့်ကို အထာပေးခဲ့တဲ့ပုံစံလေးတွေနဲ့ နှိုင်းယှဉ်မိလို့

အမျိုးသားတော်တော်များများဟာ ကိုယ့်ချစ်သူ တစ်ခြားကောင်လေးနဲ့ စကားပြောနေချိန်ဆို အရင်ဆုံး အကဲခတ်မိတာက
ဒီကောင့်ကို သူ ငါ့တုန်းကလိုများ အထာတွေ ပေးနေဦးမလား-ဆိုတဲ့ နှိုင်းယှဉ်မှု လုပ်တတ်ပါတယ်။ အဲဒီလို လုပ်တယ်လို့ ယူဆရတာနဲ့ သ၀န်တို ဒေါသထွက်တော့တာပါဘဲ။

(၄) မနာလိုတာကို မြင်ချင်တဲ့သဘော

အမျိုးသမီးတော်တော်များများဟာ အချစ်မှာ တည်မြဲချင်ကြပါတယ်။ ရည်းစားများတယ် လင်များတယ်-ဆိုတာ သူတို့အ
နေနဲ့ ရှက်စရာလို့ သူ့တို့အသိစိတ်နဲ့ ခံယူကြပါတယ်။ ဒါပေမယ့် တစ်ခါတလေ ကိုယ့်ချစ်သူက ချစ်သ၀န်တိုတာမျိုးကို
လည်း တောင့်တတတ်တော့ ဒီလိုအထာပေးတာမျိုး လုပ်မိတတ်ပါတယ်။

READ
ပုရိသတွေလက်တွဲဖြုတ်သင့်တဲ့ စရိုက်ဆိုးမိန်းကလေးများ

(၅) အထာပေးမိသလား ကိုယ့်ဘာသာတောင် မရိပ်မိဘူး

နောက်တစ်ခုက အလွန်ကို သဘောရိုးစင်းတဲ့ အမျိုးသမီးတွေဟာ တစ်ဘက်သားကို ဆက်ဆံတဲ့နေရာမှာလည်း ရိုးသား
စွာဆက်ဆံတတ်ပြီး ကိုယ်အထာပေးမိသလား ကိုယ့်ဘာသာတောင် မရိပ်မိတာမျိုးလည်း ရှိတတ်ပါတယ်။

(၆) ဂရုစိုက်မှုကို တန်ပြန်ဆန္ဒရှိလို့ပါ

ဒီလိုလုပ်ရခြင်းရဲ့ နောက်ထပ် အကြောင်းပြချက်ကတော့ လင်သား/ချစ်သူက သူ့အပေါ်မှာ ဂရုမစိုက်ဘူးလို့ ခံယူမိရင် သ
ဝန်ုတိုပြီး ပြန်ချဉ်းကပ်လာလေးမလားဆိုတဲ့ ဆန္ဒမျိုးလည်း ရှိတတ်ပါတယ်။

(၇) ညည်းငွေ့တဲ့ အရိပ်အယောင်ကို မြင်ရလို့

နောက်ဆုံးအချက်အနေနဲ့ကတော့ ကာယကံရှင်ချစ်သူက သူ့အပေါ်မှာ ညည်းငွေ့တဲ့အရိပ်အယောင်မျိုးကို မြင်တွေ့ရတဲ့
အခါ နံပတ်ခြောက်အချက်လိုပဲ ပြန်ပြီး အာရုံစိုက်ခံရလေးမလားဆိုပြီး လုပ်မိတတ်ပါတယ်။

နတ်စည်တော် (Shwemom)

shwemom post photo

source : lovepanky.com

SHARE