မိသားစုအမှတ်တရလေးတွေပါတဲ့ ကွယ်လွန်သူခင်ပွန်းရဲ့ဖုန်းကို လိုက်ရှာနေတဲ့ အမျိုးသမီး

facebook/tamizharmedianetworks

ကိုယ်ချစ်တဲ့သူတွေကို ဆုံးရှုံးလိုက်ရတာ ဘဝမှာအခက်ခဲဆုံးအရာပါ။ အတူတူ သံယောဇဉ်ချည်နှောင်မှုတွေများလေလေ မေ့ပျောက်လွယ်ဖို့ဟာ ခက်ခဲလေပါပဲ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒီအမှတ်တရတွေဟာ နှလုံးသားထဲမှာဆက်လက်ရှင်သန်နေစေဖို့ အရေးကြီးတဲ့ အရာတွေလည်းဖြစ်ပါတယ်။

Kelly Tong ဟာ ဇန်နဝါရီလ ၅ရက်နေ့ကမှ အမျိုးသားဖြစ်သူကို ဆုံးရှုံးသွားခဲ့တာပါ။ အသက် ၂နှစ်နဲ့ ၄နှစ်အရွယ် ကလေး၂ယောက်ကျန်ခဲ့ပါတယ်။ ဒါပေမဲ့ အမျိုးသားဖြစ်သူ ကားအက်ဆီးဒင့်ဖြစ်တော့ လက်ကိုင်ဖုန်းပါပျောက်သွားခဲ့တဲ့အတွက် Kelly က ခင်ပွန်းဖြစ်သူရဲ့ဖုန်းကို လိုက်ရှာနေခဲ့တာဖြစ်ပါတယ်။ လူတွေကိုလည်း သူမခင်ပွန်းသည်ရဲ့ဖုန်းကို ဝိုင်းဝန်းကူရှာပေးဖို့ တောင်းဆိုနေတာပါ။

PLEAD FROM A WIDOW WHOM JUST LOST A HUSBAND

Kindly help to share so that she could get back her husband’s missing HP….

Posted by Tamizhar Media on Tuesday, 12 January 2021

ဖုန်းထဲမှာတော့ အမျိုးသားဖြစ်သူရဲ့ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ပါဝင်တာဖြစ်တဲ့အတွက်ကြောင့်ပါ။ “ဒီဖုန်းထဲမှာ ကျွန်မတို့ မိသားစုအတွက် အဓိပ္ပါယ်ရှိတဲ့ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေအများကြီးပါတယ်။ ကလေးတွေကလည်း သူတို့အဖေကိုလွမ်းနေကြတာ။ ဖုန်းလေးပြန်ရတော့ ကျွန်မတို့မိသားစုရဲ့အမှတ်တရလေးတွေကို ပြန်ရနိုင်တာပေါ့။ ဖုန်းရရင်တော့ လာပေးတဲ့သူကို တကယ်ပဲကျေးဇူးတင်မိမှာပါ။” လို့ Kelly ကဆိုပါတယ်။

READ
(၁၃)နှစ်အရွယ် ရုရှားမလေးကို ကိုယ်ဝန်ရစေခဲ့တဲ့ သကောင့်သားအား၊ ဖော်ထုတ်နိုင်ခဲ့တဲ့အဖြစ်
facebook/tamizharmedianetworks

Kelly ဟာ သူမအမျိုးသားရဲ့ Google Drive နဲ့ Google Photos တွေကိုလည်း စစ်ကြည့်ပြီးပါပြီ။ ဒါပေမဲ့ သူမအမျိုးသားက ဓာတ်ပုံတွေကို backup မလုပ်ထားခဲ့ပါဘူး။ ဖြစ်နိုင်တာက သူမအမျိုးသား ကားအက်ဆီးဒင့်ဖြစ်တုန်းက တစ်စုံတစ်ယောက်က ဖုန်းခိုးသွားခဲ့ပုံပါ။ ဒါပေမဲ့ Kelly ကတော့ ဇွဲမလျှော့ဘဲ ဖုန်းပြန်ရရမယ်ဆိုပြီး အားတင်းထားပါတယ်။ Kelly က တကယ်လို့ သူမအမျိုးသားရဲ့ဖုန်းဟာ အရောင်းဆိုင်တစ်ဆိုင်ကိုရောက်သွားခဲ့မယ်ဆိုရင်လည်း သင့်တော်တဲ့ဈေးတဲ့ပေးဝယ်ပါ့မယ်ဆိုပြီးလည်း ပြောသွားခဲ့ပါတယ်။ လောလောဆယ်မှာတော့ ဖုန်းကို reformatting ဒါမှမဟုတ် factory reset လုပ်မရအောင် သူမက ဖုန်း setting ကိုပိတ်ထားကြောင်းလည်း worldofbuzz အရ သိရပါတယ်။

ShweMom

SHARE