အင်ဒိုနီးရှားမှာ အိမ်ဝယ်ရင် မိန်းမပါတစ်ခါတည်း ရနိုင်မယ့် အခွင့်အရေး

Elite Readers

(၂၀၀၀) ခုနှစ်ကတည်းက ကံဆိုးပြီး မုဆိုးမဖြစ်သွားရှာတဲ့ အသက် (၄၀) အရွယ် အမျိုးသမီး Wina Lia ဟာ အင်ဒိုနီးရှား၊ Sleman မှာရှိတဲ့ အိမ်နဲ့ခြံကို ရောင်းချဖို့ ကြော်ငြာစာတွေဖြန့်ဝေလျက်ရှိပါတယ်။

Elite Readers
Elite Readers

တကယ်တော့ အရွယ်ကောင်းသေးတဲ့ Wina ဟာ သူမပိုင်ဆိုင်တဲ့ အိမ်နဲ့ခြံကို ရောင်းချင်တာမဟုတ်ပါဘူး။ သူမအတွက်ဖူးစာဘက်ရှာဖို့ ခုတုံးလုပ်ကာ အချစ်အတွက် Marketing ဆင်းနေတာပါ။

Elite Readers

အိပ်ခန်းနှစ်ခန်းပါပြီး အိမ်နောက်ဖက်မှာ မြက်ခင်းနဲ့ မြေကွက်လပ်၊ ခြံထဲက ငါးကန်၊ အထက်တန်းကျလှတဲ့ အပြင်အဆင်တွေနဲ့ ဆိတ်ငြိမ်ရပ်ကွက်မှာရှိတဲ့ သူမရဲ့အိမ်ကို ပရိဘောဂအစုံအလင်အပါအ၀င် ဒေါ်လာ (၇၆,၅၀၀) နဲ့ ဈေးခေါ်ထားပါတယ်။ ဒါပေမယ့် အိမ်ဝယ်တဲ့သူဟာ သူမကိုပါ တစ်ပါတည်း လက်ထပ်ယူရမှာဖြစ်ပါတယ်။

Elite Readers

Lia ဟာကြော်ငြာအတွက် ပြည်တွင်းမီဒီယာတစ်ခုနဲ့ ချိန်ဆက်ပြီးတောင် လူသိရှင်ကြားကြေညာခဲ့တာ ဖြစ်ပါတယ်။ ဖူးစာရှင်ရှာဖွေမှုမှာတော့ ကန့်သတ်ချက်တွေ မရှိပဲ သူမသဘောကျ ကြိုက်နှစ်သက်ဖို့သာ အဓိကဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

READ
စကားပြောလို့မရအောင် လိုက်ဆိတ်နေတဲ့စင်ရော်ငှက်လေးရဲ့ ရယ်စရာဗီဒီယိုဖိုင်
Elite Readers

Source: Elite Readers

Penny

SHARE