ပန်းကန်ဆေးပျင်းတဲ့ ယောက်ျားကို သည်းမခံနိုင်လို့ ကွာရှင်းလိုက်တဲ့ ဇနီး

Image:shutterstock/By Andrey_Popov

အ ကြောင်းအရင်း အမျိုးမျိုး ကြောင့် အိမ် ထောင်သည်တွေ လမ်းခွဲ ပြတ်စဲ ကြတာ တွေ အများကြီးပါ။အများစု က တော့ ဖောက်ပြန် လို့ ၊ညှိနှိုင်းမရ တော့လို၊မချစ်တော့လို့… အစရှိတဲ့ အ ကြောင်းအရင်းတွေ ကြောင့် ပါ။ဒါ ပေမယ့် Matthew Fray  ဆိုတဲ့ အမျိုးသား ကတော့ သူများနဲ့ မတူ ထူးခြားတဲ့ အ ကြောင်းအရင်း တစ်ခု ကြောင့် ကွာရှင်း ခံခဲ့ရပါတယ်။စားသောက်ပြီးရင် ပန်းကန်တွေ ကို မ ဆေးပဲ ဘေစင်မှာ ဒီတိုင်းထားခဲ့တဲ့ သူ့ရဲ့ လုပ်ရပ် ကြောင့် ကွာရှင်းခံခဲ့ရတာပါ။ဒီအ ကြောင်းကိုတော့ News .Com.Au မှာ ဖော်ပြထားတာပါ။

1. You’re not going to get a lot of selfies from me. I think we can all agree that’s a good thing.2. I’m visiting my…

Posted by Matthew Fray on Thursday, 4 July 2019

Matthew Fray ရဲ့ ဇနီး ဟောင်းဘက်က ကြည့်ရင် လည်း လွန် တော့ မလွန်ပါဘူး။အိမ် ထောင် သက် (၁၃) နှစ် ကြာ ပြီး မှ ခုလို ကွာရှင်းခွင့် တောင်းတာ ဖြစ်တာ ကြောင့် ဒီ (၁၃)နှစ် လုံးလုံး  ကြိတ်မှိတ် ကြိုးစား သည်း ခံခဲ့ရပုံ ရပါတယ်။ဒါပေမယ့် Matthew Fray  က တော့ ” သူမ က ရူးနေတာ။ဒီဘာ မှမဟုတ်တဲ့ကိစ္စ လေးနဲ့ ပုံ ကြီး ချဲ့ ချင် တော။သောက်ပြီးရင် ဖန်ခွက် တွေ ကို ဘေစင်နားမှာ ကျ တော် ထားခဲ့တာ။ဒါကို ကျ တော့် ဇနီးက ဒေါ သ ထွက် အောင် ဆွ သလို ဖြစ်တယ်ဆိုတော့.။မ ဆေးရ သေးတဲ့ ပန်းကန် တွေ ကြောင့် အခု လို စိတ် တို ဒေါသ ထွက် နေတဲ့ လူ မျိုးဆို တော့ စဉ်းစားသာကြည့်.” ဆိုပြီး ပြောခဲ့ပါတယ်။သူ့ အတွက်က တော့ ဒီ လောက် လေး က ခု လောက် ဖြစ်ရမယ့် ကိစ္စ မဟုတ်ဘူး လို့ ထင် နေပါတယ်။

READ
မရေရာတဲ့အခြေအနေတွေကြား ဖုန်းသစ်တစ်လုံးကို ထပ်မံမိတ်ဆက်ပြလိုက်တဲ့ Huawei
Image:Pixabay/chefkeem

အိမ်ထောင်သက် (၉)နှစ်၊အတူ နေခဲ့ ချိန် (၁၃)နှစ်အတွင်းမှာ လေးနှစ် အရွယ် သား လေးတစ်ယောက် ရခဲ့ပါတယ်။ဒါ ပေမယ့် လည်း ပန်းကန် မ ဆေးတဲ့ ကိစ္စ ကြောင့် ဇနီး သည်က သူ့ကို ထားခဲ့ ဖို့ ဆုံးဖြတ် ခဲ့ ကြောင်း Matthew Fray  က  ပြောပါတယ်။ဒီ အ ကြောင်းကို (၂၀၁၆) ဇန်န၀ါရီမှာ ကျ တော် စ ရေးခဲ့တယ်။” ပန်းကန် မ ဆေးပဲ ဘေစင် မှာပဲ ထားခဲ့လို့ သူ ကျ တော့်ကို ကွာရှင်းခဲ့တယ်..” ဆိုပြီး Blog Post ရေး ခဲ့တယ်။အဲ့ဒီ Post ကို တော့ ဖတ်တဲ့ သူ သုံး သန်း ကျော် ခဲ့ပါတယ်။တစ်ချို့ အမျိုးသားနဲ့ အမျိုးသမီးတွေ က တော့ သူ့ Post ကြောင့် သူတို့ လင်မယား ဆက် ဆံ ရေး ပြန် အဆင် ပြေ ခဲ့လို့  ကျေးဇူးတင် ကြောင်းလာ ပြောခဲ့တယ်လို့ ဆိုပါတယ်။တစ်ချို့ က တော့ ဖောက် ပြန် တဲ့ ယောက်ျား ဆိုပြီး စွပ်စွဲ ဝေဖန်တာ မျိုး လည်းရှိတယ်လို့ ဆိုပါတယ်။

READ
လူဆိုးဂိုဏ်းက သတ်ဖို့ခေါ်သွားတဲ့ရဲသားကြီးကို သတ္တိကောင်းစွာ ကယ်တင်ခဲ့တဲ့ခွေးကြီး
Image:shutterstock/By Andrey_Popov

ဇနီးဖြစ်သူကို တခြား အိမ်သန့်ရှင်းရေးနဲ့အ၀တ်လျှောက်တာ၊ ခေါက်တာ တွေ မှာလည်း ကူညီ ပေးခဲ့ဖူး  ကြောင်း၊ တစ်ခါ တုန်းက မှင် ဖောင် တိန် ကို ဇနီးဖြစ်သူရဲ့ ဂျင်းဘောင်းဘီ အိတ် ထဲမှာ  မေ့ပြီး ထည့်မိလို့ ဇနီး ရဲ့ ဒေါ ပွ တာကို ခံ ခဲ့ရတယ်လို့ ဆိုပါတယ်။Matthew Fray  က တော့ ဇနီးဖြစ်သူက သူ အမှား လုပ်မိရင်  သူ့ အပေါ် အရမ်း ပြစ်တင် ပြော ဆို တယ်လို့ ဆိုပါတယ်။သူမ အလှည့်တုန်းကလည်း သူ့ အပေါ် ဒီလို အမှားလုပ်ဖူး ပေမယ့်  သူမ အ ပေါ်  စိတ် ဆိုး ပြောဆိုတာ မျိုး မရှိခဲ့ဘူး လို့ ဆိုပါတယ်။ဒါ ပေမယ့်လည်း လက်ထပ်ခဲ့ချိန်တုန်းက ထက် စာရင် ပို ပြီး ကောင်းတဲ့ လက် တွဲ ဖော် ကောင်း ဖြစ်အောင် သူ့ကိုယ်သူ ပြောင်းလဲ ခဲ့ပြီလို့ ပြောခဲ့ပါတယ်။

#SHWEMOM

SHARE