လင်မယားနှစ်ယောက်ရဲ့ ရန်ပွဲကြောင့် အလုပ်ရှုပ်ခဲ့ရတဲ့ မွန်ဘိုင်းမြို့က ယာဉ်ထိန်းရဲများ

[email protected]

လင်နဲ့မယား လျှာနဲ့သွားဆိုတဲ့ စကားကိုတော့ လူတိုင်းကြားဖူးကြမှာပါပဲ။ ဒါပေမယ့် ရန်ဖြစ်တာကတော့ ကိုယ့်ဟာနဲ့ကိုယ် အိမ်မှာရန်ဖြစ်တာ အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ကိစ္စတွေဆိုတာက ပတ်ဝန်းကျင်က မသိတာ အကောင်းဆုံးပါပဲ။ အခုလည်း အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရဲ့ လမ်းမကြီးပေါ်မှာ လင်မယားနှစ်ယောက်ရန်ဖြစ်တာကြောင့် ကားလမ်းကြောဟာ အချိန်တော်တော်ကြာ ပိတ်သွားပြီး ယာဉ်ထိန်းရဲတွေတောင် လာရောက်ရှင်းပေးခဲ့ရကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့အတိုင်း မိန်းမဖြစ်သူဟာ ယောက်ျားဖြစ်သူရဲ့ ကားအရှေ့မှာ ပိတ်ရပ်ခဲ့ပြီး တံခါးဖွင့်ပေးဖို့ တောင်းဆိုရင်း ပွဲကြမ်းခဲ့ပါတယ်။ အနီးကလူတွေရဲ့ ပြောပြချက်အရဆိုရင်တော့ ယောက်ျားဖြစ်သူရဲ့ ကားထဲမှာ နောက်ထပ်မိန်းမတစ်ယောက်ရှိနေပြီး မိန်းမဖြစ်သူက အဆိုပါမိန်းမကော၊ သူ့ယောက်ျားကောကိုပါ ကားပေါ်က ဆင်းလာဖို့တောင်လျှောက်ပြောနေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မိန်းမဖြစ်သူဟာ စိတ်မရှည်တော့ပဲ ကားဘေးမှန်တွေကို ရိုက်ခွဲခြင်း၊ ကားလေကာမှန်ကို ဖိနပ်ဖြင့် ရိုက်ခွဲခြင်းတို့ကို လုပ်ခဲ့ပါတယ်။

READ
ပါးစပ်ပြောရာဇ၀င်အမှားတွေနဲ့ ကမ္ဘာပေါ်က အထင်ကရနိုင်ငံ(၈)နိုင်ငံ

 

အဲဒီနောက်မှာတော့ ယောကျာ်းဖြစ်သူဟာ ကားမောင်းပြီး ထွက်ပြေးခဲ့ပေမယ့် အရှေ့မှာ ကားတွေပိတ်နေတာကြောင့် ဆက်မသွားနိုင်ခဲ့ပါဘူး။ ယောကျာ်းဖြစ်သူ မောင်းပြေးသွားတဲ့အနောက်ကို မိန်းမဖြစ်သူကပါ ပြေးလိုက်သွားခဲ့ပါသေးတယ်။ နောက်ဆုံးတော့ မိန်းမဖြစ်သူဟာ ကားထဲကို ဝင်ရောက်ခဲ့ပြီး ယောကျာ်းဖြစ်သူကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ပါတယ်။ အဲဒီနောက်ရဲတွေရောက်လာပြီး သူတို့သုံးယောက်စလုံးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

[email protected]

Pyi Hein Kyaw

SHARE