အောက်ပိုင်းသေနေတဲ့ဖခင်ကို ထွက်သွားတဲ့မိခင်အစား လုပ်ကျွေးပြုနေတဲ့ သမီးငယ်လေး

boredpanda

မိသားစုဆိုတာ ဘယ်လိုဒုက္ခတွေကို မဆိုအတူတူရင်ဆိုင်ပြီး စည်းစည်းလုံးလုံးနေရမယ်ဆိုတာ အားလုံးရဲ့အသိထဲမှာ ရှိနေပြီးသားပါ။ ဒါပေမယ့် တရုတ်နိုင်ငံက အမျိုးသားဖြစ်တဲ့ Tian Haicheng ကတော့ သူအောက်ပိုင်းသေပြီးတဲ့နောက်မှာ သူတို့ရဲ့ မိသားစုဘဝလေး အဖျက်စီးခံခဲ့ရပါတယ်။

boredpanda

Tian နဲ့ (၇) နှစ်ကြာ လက်တွဲခဲ့တဲ့ ဇနီးမယားဟာ သူတို့ရဲ့ သားကြီးလေးကိုခေါ်ကာ မိသားစုကနေ ထွက်ခွာသွားပါတော့တယ်။ အစကတော့ သူ့ဇနီးဟာ အမေအိမ်ကို ခဏပြန်အိပ်လိုက်ဦးမယ်ဆိုပြီး သူတို့သားကြီးကိုခေါ်သွားတာ အခုအချိန်ထိ ပြန်ကိုမလာတော့ပါဘူးတဲ့။ ဒါကြောင့် အောက်ပိုင်းမလှုပ်နိုင်တဲ့ Tain ဟာ (၆) နှစ်အရွယ်သမီးလေးနဲ့ နှစ်ယောက်တည်း ကျန်ခဲ့ပါတယ်။

boredpanda

သိတတ်တဲ့သမီးလေးဟာတော့ သူ့အမေက အစ်ကိုဖြစ်သူနဲ့ ထွက်သွားတာ ပြန်မလာတော့မှန်းလည်းသိရော အောက်ပိုင်းသေလို့ နေ့စဉ်ဝေယျာဝစ္စတွေ မလုပ်ကိုင်နိုင်တော့တဲ့ အဖေဖြစ်သူကို သူမကိုယ်တိုင်ကပဲ စိတ်အားထက်သန်စွာစတင်ပြုစုပေးခဲ့တာ အခုဆို (၂) နှစ်နီးပါးရှိနေပါပြီ။

READ
ကျောင်းဆရာမတစ်ဦးက သူမရဲ့နာရေးလာမယ့်သူတွေအတွက် တောင်းဆိုခဲ့တဲ့နောက်ဆုံးဆန္ဒ
boredpanda

ကျားကျားလေးဟာ မနက်တိုင်း (၆) နာရီထလေ့ရှိပြီး ထထချင်း အောက်ပိုင်းသေနေတဲ့ သူမဖခင်ကို နာရီဝက်ကြာအောင် နှိပ်နယ်ပေးလေ့ရှိပါတယ်။ ကျောင်းမသွားခင်မှာလည်း သူမအဖေကို သွားတိုက်မျက်နှာသစ်ပေး စသည်ဖြင့် လုပ်ဆောင်ပေးပါတယ်။ ကျားကျားလေး ကျောင်းသွားတဲ့အချိန်ကျတော့ Tian ရဲ့ အိုမင်းမစွမ်းတဲ့ မိခင်နဲ့ ဖခင်က Tian ကို ကြည့်ရှုစောင့်ရှောက်ပေးထားပါတယ်။

boredpanda

ခုတင်ပြောင်းဖို့ရွှေ့ဖို့နဲ့ ဝှီးချဲပေါ်တင်တဲ့အခါမျိုးတွေကျ Tian ကိုယ်တိုင်တီထွင်ထားတဲ့ အိမ်လုပ် လူမစက်ကို အသုံးပြုပါတယ်။ Tian ရဲ့ သန့်ရှင်းရေးကအစ ထမင်းကျွေးတာအထိ အကုန်ကျားကျားပဲ လုပ်နေတာပါ။ ကျားကျားလေးရဲ့ ကျောင်းပို့ကောင်းကြိုကိုတော့ Tain က ဝှီးချဲနဲ့ လိုက်ပို့သွားကြိုလေ့ရှိပါတယ်။

boredpanda

Tian ဟာ ၂၀၁၆ ခုနှစ်တုန်းက သူစီးလာတဲ့ တက္ကစီက တခြားကို ဝင်တိုက်ရာမှ ရင်လတ်ကစလို့  အောက်ပိုင်းအကုန်လုံးလှုပ်မရတော့ဘဲ ဒုက္ခိတဘဝနဲ့ နေနေရတာပါ။ ကျားကျားကို အမေ့ကို မလွမ်းဘူးလားမေးတော့ “အဖေ့ကိုမှ မကြည့်တာ” လို့ ဖြေခဲ့ပြီး တစ်ခါတစ်ရံတော့ သူ့အစ်ကိုကို လွမ်းကြောင်း ပြောခဲ့ပါတယ်။

READ
အိမ်ခြေမဲ့အမျိုးသားကို ဖမ်းရမယ့်အစား အံ့သြဖွယ် တုံ့ပြန်ခဲ့တဲ့ ရဲသားတစ်ဦး
boredpanda

ကျားကျားလေးက သူ့မရဲ့ ဖခင်ကို မုတ်ဆိတ်ကအစ ရိတ်ပေးနေတတ်ပါပြီ။ အစကတော့ မုတ်ဆိတ်ရိတ်ရင် အမြဲဒဏ်ရာတွေချည်းရခဲ့ပြီး သွေးတွေ ထွက်လာလို့ စိုးရိမ်ခဲ့ပေမယ့် Tian က မနာပါဘူးလို့ ပြောပြောပေးတဲ့အတွက် ရဲရဲတင်းတင်း လုပ်နိုင်သွားတယ်လို့ ပြောပါတယ်။

boredpanda

ကျားကျားဟာ အရွယ်နဲ့မလိုက်အောင် သိပ်ကိုတော်ပြီး သိတတ်တဲ့ကလေးမို့ Tian က ကလေးဘဝကို ပြည့်ပြည့်ဝဝ မခံစားနိုင်တဲ့ သမီးလေးအဖြစ်ကို စိတ်မကောင်းအမြဲဖြစ်နေရှာပါတယ်။ သူတို့သားအဖနှစ်ယောက်ရဲ့ နေ့စဉ်ကြုံတွေ့ရတဲ့ အခက်အခဲတွေကို မှတ်တမ်းတင် ဗီဒီယိုရိုက်ထားလေ့ရှိပြီး တရုတ်ပြည်ရဲ့ လူသုံးများတဲ့ Kuaishou မှာ account ဖွင့်ကာ နေ့စဉ်ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ တင်ပေးခဲ့ရာ အခုဆို follower ပေါင်း ၄ သိန်းခွဲကျော်ရှိနေပါပြီ။

Source: Boredpanda

Penny

SHARE