ခင်ပွန်းဖြစ်သူ အိပ်ပျော်နေတဲ့ပုံကို photoshop လုပ်ပြီးအပီအပြင် troll ခဲ့တဲ့ဇနီးသည်

[email protected] Overman

ဇနီးမောင်နှံတွေမှာ တစ်ယောက်နဲ့တစ်ယောက် ဓာတ်ပုံရိုက်ပေးရင် နောက်ခံ background ကောင်းကောင်းနဲ့ အထာကျကျသာ ရိုက်ပေးလေ့ရှိတတ်ပါတယ်။ များသောအားဖြင့် ခင်ပွန်ဖြစ်သူတွေက သူတို့ရဲ့ ဇနီးသည်တွေကို အမြဲတမ်းလိုလို ဓာတ်ပုံလှလှလေးတွေ ရိုက်ပေးလေ့ရှိပါတယ်။ ဒါပေမယ့် အခုကျတော့ ဇနီးသည်က သူ့ယောကျာ်းဖြစ်သူ ကားပေါ်မှာ အိပ်နေတဲ့အချိန် ဓာတ်ပုံခိုးရိုက်ပြီး နောက်ခံရှုခင်းကို photoshop တွေလုပ်ပြီး ဟာသပုံတွေဖြစ်အောင် ပြောင်းလဲခဲ့ပါတယ်။ အဆိုပါပုံတွေဟာ အခုအချိန်မှာတော့ ဆိုရှယ်မီဒီယာပေါ်မှာ လူကြိုက်များပြီး နာမည်ကြီးနေကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

"Inside all of us is hope, fear and adventure. Inside all of us is a Wild Thing" 👑 ❤

Posted by Sharea Overman on Sunday, June 24, 2018

အပေါ်ကပုံမှာတွေ့ရတဲ့ အမျိုးသားကတော့ Nate လို့ အမည်ရပြီး အမျိုးသမီးကတော့ Nate ရဲ့ ဇနီးဖြစ်သူ Sharea Overman လို့ အမည်ရတဲ့ အမျိုးသမီးပဲ ဖြစ်ပါတယ်။ Sharea ဟာ အပျော်တမ်း ဓာတ်ပုံဆရာမတစ်ယောက်ဖြစ်ပြီး photoshop ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်တဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ပြီးခဲ့တဲ့ တစ်ပတ်တုန်းက Sharea နဲ့ Nate ဟာ သူတို့သားသုံးယောက်နဲ့ အမေရိကန်နိုင်ငံ၊ Indiana ပြည်နယ်မှာရှိတဲ့ မိဘတွေဆီကို ကားမောင်းပြီး အလည်အပတ်ခရီးသွားခဲ့ကြပါတယ်။ အဲဒီသွားတဲ့လမ်းမှာ Sharea တစ်ယောက် ကားမောင်းနေတုန်း Nate ဟာ Sharea ဘေးမှာ ခဏအိပ်ပျော်နေတုန်း Sharea ဟာ Nate အိပ်နေတဲ့ပုံကို ဒီအတိုင်းဓာတ်ပုံရိုက်ခဲ့ပါတယ်။

READ
ကမ္ဘာကော်ျကာတွန်းဇာတ်ကားတွေမှာ မြင်ရတဲ့ ဟာသအလွဲလေးများ
Facebook-@Sharea Overman
[email protected] Overman
Facebook-@Sharea Overman

ရိုက်ပြီးတဲ့အချိန်မှာတော့ Nate အိပ်နေတဲ့ ပုံကို စိတ်ကူးရပြီး နောက်ခံ background ကို photoshop နဲ့ ပြင်ကာ နည်းလမ်းမျိုးစုံနဲ့ ဟာသဆန်ဆန်ပုံတွေ လုပ်ခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ပါတယ်။ ပုံတွေဟာ တော်တော်လေးကို အထာကျပြီး လက်ရာသေသပ်တာကြောင့် Sharea တင်တဲ့ပုံကို တွေ့တဲ့လူတိုင်းဟာ Sharea ရဲ့ photoshop အစွမ်းကို ချီးကျူးခဲ့ပါတယ်။ Sharea ရဲ့ ပို့စ်ဟာ လည်း ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်လေး ပျံ့နှံ့ခဲ့ပြီး ၃ ပတ်အတွင်း Sharea ရဲ့ ပို့စ်ကို share တဲ့လူ ၄ သိန်းနီးပါးလောက်ကို ရှိခဲ့ကြောင်း သိရပါတယ်။

Facebook-@Sharea Overman
Facebook-@Sharea Overman
Facebook-@Sharea Overman

“တစ်ချို့အိမ်ထောင်ရှင် အမျိုးသမီးတွေကလည်း သူတို့ အမျိုးသားတွေ အိပ်နေတဲ့ပုံတွေကို လာပို့ပြီး photoshop နဲ့ လုပ်ပေးဖို့တောင် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Nate လည်း သူ့ပုံတွေမြင်ပြီး တော်တော်လေးကို သဘောကျခဲ့ပါတယ်။ ကျွန်မလည်း ဒီလောက်ထိ လူကြိုက်များသွားမယ်လို့တောင် မထင်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် တော်တော်လေး အမှတ်တရဖြစ်ရပါတယ်” လို့ Sharea က ပြောကြားခဲ့ပါတယ်။

READ
မျောက်တွေကို သွားစလို့ သင်ခန်းစာကောင်းကောင်း ရသွားတဲ့ ကမ္ဘာလှည့်ခရီးသွား

Pyi Hein Kyaw

SHARE