ခင်ပွန်းရဲ့စိတ်ပျက်စရာအပြုအမူတွေကို ပုံရိုက်တင်နေလို့ နာမည်ကြီးနေတဲ့အကောင့်

@gomi_sutero/Instagram

အိမ်ထောင်တစ်ခုမှာ အမျိုးသမီးတွေကတော့ အိမ်ကိစ္စနဲ့ပတ်သက်တဲ့ အဝတ်လျှော်၊ မီးပူတိုက်၊ အိမ်သန့်ရှင်းလေးလုပ်၊ ပစ္စည်းတွေရှင်းလင်း၊ ထမင်းဟင်းကလည်းချက်ရသေး၊ ကိုယ်ချက်တဲ့ထမင်းဟင်းကို ယောက်ျားကစားပြီးရင် ပန်းကန်တွေကလည်း ကိုယ်ပဲဆေးရသေး။ အမျိုးသားတွေကတော့ ပိုက်ဆံရှာတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မနက်နိုးတာနဲ့ ကိုယ်လက်သန့်စင်၊ မိန်းမအသင့်ပြင်ပေးတဲ့ မနက်စာကိုစား၊ ကျော့ကျော့လေးရုံးသွား၊ တစ်နေကုန်ရုံးမှာအလုပ်လုပ်၊ အိမ်ပြန်လာတာနဲ့ အစားတစ်ခေါက်ပြန်စားပြီး ဖသလဝါနဲ့နားနေတော့တာပဲ။ အကုန်လုံးတော့မဟုတ်ပါဘူး၊ များသောအားဖြင့်ကိုပြောပြတာနော်။

ဒီဂျပန်နိုင်ငံကအိမ်ရှင်မတစ်ယောက်ကတော့ သူ့ခင်ပွန်းရဲ့ အပေါ်ကလိုမျိုး စိတ်ပျက်စရာအဖြစ်အပျက်တွေကို စိတ်ပျက်လာလို့ထင်ပါရဲ့။ ဓာတ်ပုံရိုက်ပြီး Instagram မှာ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေ တစ်ခုမှတင်မထားဘဲနဲ့ account ဖွင့်ကာ post တွေတင်နေခဲ့ပါတယ်။ အဝတ်အစားတွေချွတ်ပြီး ကြမ်းပြင်ပေါ် ပုံခဲ့တာ၊ အဖုံးတွေပြန်မပိတ်တာက စလို့ပေါ့။ သူမရဲ့လုပ်ရပ်ကြောင့် Instagram account ဟာ follower ပေါင်း ၁ သိန်း ၉ သောင်းကျော်တောင်ရှိနေခဲ့ပါပြီ။ Account နာမည်ကတော့ @gomi_sutero ဖြစ်ပြီး ဂျပန်စာနဲ့အဓိကရေးတင်ထားခဲ့ပါတယ်။ အခုအချိန်အထိ ဘယ်သူဘယ်ဝါဆိုတာရယ်လို့ မသိရသေးပေမယ့်လို့ ဂျပန်နိုင်ငံနဲ့ အာရှနိုင်ငံတော်တော်များများတို့ရဲ့ အိမ်ရှင်မတွေနဲ့အမျိုးသမီးတွေကြားမှာ ခေတ်စားလို့နေခဲ့ပါပြီ။

သွားတိုက်ဆေးကို မလိုအပ်ဘဲညှစ်ပြီးရင် ဒီလိုတွေအဖုံးမှာကပ်ကုန်တယ်။ စိတ်ကုပေမယ့် သည်းခံခဲ့ပါတယ်။

သာယာပျော်ရွှင်စရာ အိမ်ထောင်သည်ဘဝမှာ ခင်ပွန်းက ဘာပဲချွတ်ချွတ်ကြမ်းပြင်မှာအပုံလိုက်

ဘယ်ပစ္စည်းမဆို ယူပြီးရင်ယူတဲ့နား ပြန်ထားရမယ်ဆိုတာ ကျွန်မခင်ပွန်းရဲ့ဦးနှောက်ထဲ မရှိခဲ့ဘူး

စားပြီးရင်လည်း တို့လို့တွဲလောင်း..

ဘယ်အဖုံးမှလည်း ပြန်ပိတ်ဖို့လက်မပါတော့ဘူး

ချိုးပြီးသားရေတောင် ဒီတိုင်းထားခဲ့တော့လည်း..

Penny

SHARE