မိန်းမနဲ့ စကားများလို့ လသားအရွယ် ကလေးငယ်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ဖခင်

Mirror

အသက် (၂၅) နှစ်အရွယ် Maycon Salustiano Silva ဟာ အရက်နဲ့ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲကာ ကိုယ့်သားကိုယ် ပြန်သတ်ခဲ့တဲ့အမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

Brazil နိုင်ငံ Luziania မြို့မှာ သူ့ရဲ့ အသက် (၂၀) အရွယ် မိန်းမဖြစ်သူ Jeniffer နဲ့ စကားများရန်ဖြစ်ခဲ့ရာမှ ပြဿနာအစပြုပါတယ်။ Maycon ဟာ Jeniffer ကို ညနက်သန်းခေါင်အိပ်နေတုန်း ရုတ်တရက်လှုပ်နှိုးကာ သူနဲ့အတူတူအိပ်ဖို့ ပြောခဲ့ပါတယ်။ Jeniffer က ပင်ပန်းနေတဲ့အတွက်ကြောင့် မအိပ်ချင်ဘူးလို့ ငြင်းခဲ့ပေမယ့် Maycon ဟာ မရမကအတင်းတောင်းဆိုခဲ့ပါတယ်။ Jeniffer က ဆက်တိုက်ဆိုသလို ငြင်းနေတဲ့ အတွက်ကြောင့် ဒေါသပေါက်ကွဲကာ အငြင်းအခုံစဖြစ်ကြတော့ပါတယ်။

Mirror

ရန်ဖြစ်နေတုန်းမှာပဲ Maycon ဟာ ရေသွားသောက်ဦးမယ်ပြောပြီး နောက်ဖေးကို ထွက်သွားရာက ပြန်လာတော့ လက်ထဲမှာသေနတ်တစ်လက်ကိုင်လာတာကို ထိတ်လန့်စွာနဲ့ပဲ မြင်ခဲ့ရပါတယ်။ မိန်းမဖြစ်သူ Jeniffer ကို သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက်ခဲ့တဲ့အတွက် Jeniffer ဟာ စိတ်အေးအေးထားဖို့ ဖြောင်းဖြသော်လည်း ခင်ပွန်းဖြစ်သူရဲ့ ဒေါသဟာ ပိုပိုဆိုးလာခဲ့ပါတယ်။

READ
ပထမဆုံး ဒိတ်မှာတင် အလိမ်ခံရသူ အမျိုးသမီးအား ဆိုင်ဝန်ထမ်းများက ကယ်တင်

နောက်တော့ သူမတို့နှစ်ယောက်ရဲ့ သားဖြစ်သူ (၆) လသားလေးရဲ့ ရင်ဝတည့်တည့်ကို သေနတ်နဲ့ချိန်ပြန်တယ်။ Jeniffer ထင်တာက သူမကိုတော့ သတ်ရင်သတ်ရဲမယ် သူ့သားသူတော့ ပြန်သတ်ရက်မှာ မဟုတ်ဘူးဆိုတာပဲ။ ဒါပေမဲ့ ရုတ်တရက်ပဲ သေနတ်မောင်းကို Maycon ဆွဲခဲ့လိုက်ပါတယ်။

Michel ဆိုတဲ့ (၆) လသားလေး ဘာမဆိုင်ညာမဆိုင်နဲ့ သေသွားခဲ့ပါပြီ။

Mirror

တိတ်ဆိတ်နေတဲ့ ညဥ့်နက်သန်းခေါင်အချိန်မှာ ကလေးသေဆုံးသွားလို့ အော်ဟစ်ငိုယိုနေတဲ့ Jeniffer ရဲ့ အသံဟာ စူးခနဲထွက်ပေါ်လာခဲ့ပါတယ်။ ပတ်ဝန်းကျင်အိမ်တွေကလည်း Jeniffer ရဲ့အသံကို ကြားတဲ့အတွက် ညဥ့်နက် တစ်နာရီခွဲလောက်အချိန်မှာပဲ ရဲတွေကို ဖုန်းဆက်ခေါ်ခဲ့ရပါတယ်။ ရဲတွေရောက်လာသော်လည်း အသံသာ ကြားခဲ့ရတာ ဘယ်အိမ်ကမှန်းသေချာ ပြောပြနိုင်တဲ့လူ မရှိတဲ့အတွက် Jeniffer တို့အိမ်ကို ရှာဖွေဖို့ ခက်ခဲခဲ့ပါတယ်။

Mirror

Maycon ဟာ ပစ်မှုရှိတဲ့လူတစ်ယောက်မဟုတ်တဲ့အပြင် ဇနီးမယားနဲ့ သားဖြစ်သူအပေါ်မှာလည်း ကြင်ကြင်နာနာဆက်ဆံတတ်တဲ့ လူမျိုးပါ။ ပတ်ဝန်းကျင်မှာဆိုရင် သူတို့လင်မယားဟာ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြလို့ လူပြောစမှတ်တောင်တွင်နေခဲ့ပါတယ်။ Jeniffer ရော ပတ်ဝန်းကျင်ကပါ Maycon အခုလိုအဖြစ်မျိုး ကျူးလွန်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်မိခဲ့ကြပါဘူးလို့ ဆိုကြပါတယ်။

READ
လူသားတွေထက်ပိုပြီး ချစ်ပြနေကြတဲ့ ပင်ဂွင်းအတွဲ အင်တာနက်မှာ နာမည်ကြီးနေ
Mirror
Mirror

ရဲတွေတစ်အိမ်နဲ့တစ်အိမ်ဝင်စစ်ခဲ့ပြီး နောက်ဆုံးမှာတော့ Jeniffer တို့အိမ်ကို ရှာတွေ့ခဲ့သော်လည်း Michel လေးကတော့ သေနတ်နဲ့ ပစ်ပစ်ခံရချင်းမှာတင် သေဆုံးသွားခဲ့တာပါ။ တရားခံ Maycon ကတော့ သားလေးကို သေနတ်နဲ့ပစ်အပြီး ကြောင်စီစီနဲ့ပဲ သေနတ်ကို ကလေးရဲ့ရင်ဝပေါ်မှာပဲ တင်ခဲ့ပြီး အခန်းထဲဝင်လှဲနေခဲ့ပါတယ်လို့ သိရပါတယ်။ လူသတ်လက်နှက်အဖြစ် ကျည်ဆံတွေနဲ့အတူ ပစ္စတို 22 တစ်လက်ကို ဆိုဖာအနောက်မှာညှပ်ထားပြီး ထူးဆန်းစွာ  သိမ်းဆည်းရမိခဲ့ပါတယ်။ (၂) နာရီအကြာမှာတော့ လူနာတင်ယာဉ်ရောက်လာပြီး အလောင်းကို သယ်သွားခဲ့ပါတယ်။ Jeniffer ရဲ့ထွက်ဆိုချက်အရတော့ Maycon ဟာ အခင်းမဖြစ်မီကာလတွေမှာ အရက်နဲ့မူးယစ်ဆေးဝါးကို အလွန်အကျွံတွေ သုံးစွဲထားတယ်လို့ သိရှိရပါတယ်။

Source : Mirror 

Penny

 

SHARE