ခင်ပွန်းသည်ရဲ့ ပေါင်(၄၅၀၀၀)တန်ဖိုးရှိ အမှတ်တရပစ္စည်းတွေကို (၅)ပေါင်ထဲနဲ့ ရောင်းချပစ်ခဲ့သူ

အမျိုးသမီးတစ်ယောက်ဟာ ဖောက်ပြန်နေတယ်လို့ သံသယရှိထားတဲ့ ခင်ပွန်းကို လက်စားချေတဲ့အနေနဲ့ သူ စုဆောင်းထားတဲ့ ပေါင်(၄၅၀၀၀)တန်ကြေးရှိ ဘောလုံးလောကအမှတ်တရ ပစ္စည်းတွေကို (၅)ပေါင်ထဲနဲ့ ပြန်လည်ရောင်းချခဲ့ကြောင်း သိရပါတယ်။ သူမရဲ့ အမည်ကတော့ Shelly Cohen ဖြစ်ပြီး အသက် (၄၁)နစ်ပါ။ ဒီအကြောင်ကိုတော့ အင်္ဂလန်ရဲ့ နာမည်ကျော် သတင်းစာတစ်စောင်ဖြစ်တဲ့ The Sun က ဖော်ပြခဲ့တာပါ။

Shelly ဟာ  Warrington, Cheshire မှာ နေထိုင်သူဖြစ်ပြီး၊ ခင်ပွန်းသည် Paul ရဲ့ အပြုအမူတွေကို ဘယ်လိုမှ သည်းမခံနိုင်တော့ဘူးဆိုကာ မဆိုင်တဲ့အပေါက်ကို ကလိုင်နဲ့ ခေါက်ခဲ့တာ ဖြစ်ပါတယ်။ Paul ကတော့ အသက်(၃၅)ဖြစ်ပါတယ်။ Paul ကလည်း တကယ် ဖောက်ပြန်ခဲ့သလားဆိုတာတော့ သူကိုယ်တိုင်ပဲ သိမှာပါ။

READ
မော်ဒယ်နပမ်းမယ်များနဲ့ နပမ်းလုံးရတဲ့ လန်ဒန်ကBoxing Gym
Shelly Cohen _Paul Cohan Facebook

Shelly ရဲ့ သူငယ်ချင်းတစ်ယောက်က Paul ကို တီဗွီပေါ်မှာ အခြားအမျိုးသမီးတစ်ယောက်နဲ့ အတူတွေ့လိုက်တယ်လို့ သတင်းပေးခဲ့ရာက ပြဿနာ စခဲ့ပါတယ်။ အဆိုပါ အမျိုးသမီးဟာ ဆံပင်ရွှေရောင်နဲ့ဖြစ်ပြီး၊ မန်စီးတီးရဲ့ ပရီးမီယားလိဂ်ပွဲစဉ်တစ်ခုပါတဲ့။

ဒါပေမယ့် Paul ကတော့ လူချင်းတူတာ ဖြစ်နိုင်ပြီး အဲဒီအချိန်က သူဟာ အလုပ်မှာရှိနေတယ်လို့ အလီဘိုင်ပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Shelly ဟာ Paul ကို လုံးဝ မသင်္ကာဖြစ်သွားခဲ့ပြီး၊ နောက်ဆုံးတော့ သူ လေးစားတန်ဖိုးထားတဲ့ ဘောလုံးလောက အမှတ်တရပစ္စည်းတွေကို ရောင်းပစ်လိုက်တော့တာပါဘဲ။

Shelly Cohen _Paul Cohan Facebook

Paul စုဆောင်းထားတဲ့ ပစ္စည်းတွေထဲမှာ လွန်ခဲ့တဲ့ နှစ်(၆၀)က စုထားတဲ့ ဘောလုံးလောက အမှတ်တရတွေတောင် ပါပါတယ်။ နောက်တော့ Paul က ဘောလုံးပွဲကို သွားရောက်ကြည့်ရှုခဲ့တာ ဝန်ခံခဲ့ပြီး ရွှေရောင်ဆံပင်နဲ့ ကောင်မလေးက ခုံဘေးချင်းကပ် ကြတဲ့အဆင့်သာဖြစ်ကြောင်း ပြောဆိုခဲ့ပေမယ့် Shelly က မယုံတော့ပါဘူး။

READ
ဆိုင်ထဲမှာရှုးရှုးပေါက်ခွင့်မပေးလို့ ကောင်တာပေါ်တက်ပြီးခွက်ထဲပေါက်ပြသူ

အကြောင်းကတော့ Paul ဟာ ယခင်ကတည်းက အလုပ်ကိစ္စအကြောင်းပြပြီး ခရီးထွက်နေသူဖြစ်တာကြောင့် အခုအခါမှာ အဲဒီအကြောင်းပြချက်တွေဟာ အားလုံး အလိမ်အညာတွေဖြစ်တယ်လို့ Shelly က ကောက်ချက်ချခဲ့ပါတယ်။ သူမဟာ Paul စုဆောင်းထားတဲ့ ပစ္စည်းတွေကို OnBuy အကောင့်ကနေ “မြန်နိုင်သမျှ ရောင်းထုတ်ချင်တယ်”လို့ ကြေညာခဲ့တာပါ။

Shelly Cohen _Paul Cohan Facebook
On Buy .com

Paul သွားရောက်ကြည့်ရှုခဲ့တဲ့ပွဲကတော့ မန်စီးတီးက ဘရိုက်တန်ကို 4-1 နဲ့ အနိုင်ရတဲ့ပွဲစဉ်ဖြစ်ပါတယ်။ လောလောဆယ်တော့ သူတို့တစ်တွေဟာ ကွာခန်းရှင်းခန်းအထိ မရောက်ကြသေးဘဲ၊ လင်မယားဖြစ်နေကြဆဲပါ။ နှစ်ယောက်သားရဲ့ဆက်ဆံရေးဟာ ကလေးနှစ်ယောက်သံယောဇဉ်နဲ့ ဆက်ရှိနေဆဲပါဘဲ။ ဒါပေမယ့် အေးစက်စက် ဖြစ်နေတယ်လို့ သိရပါတယ်။

လင်းသူရိန် (Shwemom)

SHARE