ဇနီးသည် ခံစားနေရတာမမြင်ရက်လို့ ခွဲခန်းထဲမှာ ပျော်ရွှင်စေခဲ့တဲ့ ချစ်စဖွယ်ခင်ပွန်းရဲ့အပြုအမူ

Tin/Weibo

ဇနီးဖြစ်သူက မွေးဖွားခါနီး နာကျင်ခံစားနေရချိန်မှာ နာကျင်မှုဒဏ် လျော့ကျစေဖို့နဲ့ အာရုံပြောင်းသွားစေဖို့ ယောက်ျားဖြစ်သူက သားဖွားခန်းထဲမှာ ကပြ ခဲ့တယ်လို့သိရပါတယ်။

Oriental Daily ရဲ့ ဖော်ပြမှုအရ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ မနက် ၃ နာရီအချိန်မှာ တရုတ်နိုင်ငံ ဟိုင်နန်းက စုံတွဲတစ်တွဲဟာ မွေးတော့မယ်ဆိုတဲ့ အသိနဲ့ ဆေးရုံကို အပြေးအလွှာရောက်ရှိလာခဲ့ကြပါတယ်။ အမျိုးသမီးဖြစ်သူကလည်း အပျိုဗိုက်ဖြစ်တဲ့အတွက် စိတ်လှုပ်ရှား ထိန့်လန့်နေခဲ့ပါတယ်။

Tin/weibo

Wang ဆိုပြီး သိရတဲ့ ခင်ပွန်းဖြစ်သူဟာ သူ့ရဲ့ ဇနီး အခုလို မွေးဖွားခါနီး နာကျင်မှုဝေဒနာ ခံစားနေရတာကို ဘယ်လိုမှ ကြည့်မနေနိုင်ခဲ့ပါဘူး။ ဒါကြောင့် သားဖွားခန်းထဲကို ၀င်ရောက်နိုင်ဖို့၊ ဇနီးဖြစ်သူကို အနီးကပ် အားပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ ဆရာဝန်တွေကို တောင်းဆိုခဲ့ပါတယ်။

READ
လမ်းဘေးခွေးတွေကို သားသမီးတွေလို သဘောထားတဲ့ ဂရုဏာကြီးသူအမျိုးသမီး

အကနည်းပြတစ်ယောက်လည်း ဖြစ်တဲ့ Wang ဟာ ဇနီးသည် ပြုံးရွှင်ဖို့အတွက် စိတ်ကူးအကြံတွေလည်း အဆင့်သင့်ရှိနေပြီးသားဖြစ်နေတယ်။ အဲ့ဒီ့နောက် Wang ဟာ ဇနီးသည် ဖြစ်သူကို ရိုးရာ အက တစ်ချို့နဲ့ ကပြဖြော်ဖြေပြီး သက်သာရာရစေတယ်။

Tin/weibo

ဒီလိုနည်းနဲ့ ဇနီးဖြစ်သူရဲ့ အာရုံကို ပြောင်းပေးနိုင်ခဲ့ရုံသာမက အခန်းထဲမှာရှိတဲ့ ဆေးရုံဝန်ထမ်းတွေရဲ့ စိတ်အာရုံတွေကိုပါ ကြည်ရွှင်စေခဲ့ပါတယ်။ ချစ်တတ်တဲ့ Wang ရဲ့ အပြုအမူလေးကိုလည်း ဆေးရုံ ၀န်ထမ်းတစ်ယောက်က အမိအရ မှတ်တမ်းတင်ထားခဲ့တယ်။ သိပ်မကြာပါဘူး ဆိုရှယ်မီဒီယာပေါ် ရောက်သွားခဲ့ပြီး တစ်ခဏအတွင်း နာမည်ကြီးသွားခဲ့ပါတယ်။

အဲ့ဒီ့နောက်မှာတော့ ဇနီးသည်လည်း ချောချောချူချူပဲ မွေးဖွားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဗီဒီယိုလေးကို ကြည့်ပြီး Wang တစ်ယောက် သားဦးလေးအတွက် ဘယ်လောက် စိတ်လှုပ်ရှားနေခဲ့လည်းဆိုတာကို ထပ်တူ ခံစားမိဖို့ ဖော်ပြပေးလိုက်ရပါတယ်။

READ
နေ့တိုင်းမိုင်ပေါင်းများစွာ ခရီးကြမ်းနှင်ပြီး တပည့်တွေကို စာသင်ပြပေးနေတဲ့ ကျောင်းဆရာ

Matthew 

SHARE