ခင်ပွန်းဖြစ်သူရဲ့ ရူးသွပ်မှုတွေကို ကလေးဆန်တယ်ဆိုပြီး ပေါပေါပဲပဲ ရောင်းချဖို့ကြိုးစားသူ

Avengers: Endgame လည်း တင်တာ တစ်လနီးပါးရှိနေပေမယ့် အခုထိ ပရိတ်သတ်ရဲ့ ကိစ္စတွေက မအေးချမ်းနိုင်ကြသလိုရှိနေပါတယ်။ တစ်ချို့လူတွေက ရုပ်ရှင်ကြည့်ပြီးတဲ့နောက် ၀တ်စုံတွေ၊ အရုပ်တွေကို ၀ယ်ယူစုဆောင်းနေကြတုန်းပါပဲ။

Bastille Post

ဟောင်ကောင်က အသက်လေးဆယ်အရွယ် အမျိုးသား ပရိတ်သတ်တစ်ဦးဟာလည်း ၀ါသနာရင့်နေတုန်းမို့လို့ အရုပ်တွေကို ၀ယ်စုပါတယ်။ အဲ့ဒါကို သူရဲ့ အမျိုးသမီးက မကျေမနပ်တွေဖြစ်ပြီး သူမအိမ်မှာမရှိတုန်း အကုန်လုံးကို ရောင်းဖို့ လုပ်ခဲ့ကြောင်း Bastille ပိုစ့်ရဲ့ ဖော်ပြမှုအရ သိရပါတယ်။

Bastille Post

သူမက ဓာတ်ပုံတွေရိုက်ပြီး Facebook ပေါ်က ဒါမျိုး ပရိသတ် ရူးသွပ်မှုတွေ ရောင်းချတဲ့ ဂရု(ပ်) တွေမှာ တင်ခဲ့ပါတယ်။ အသည်းနှလုံးမရှိပုံကတော့ အကုန်လုံးကို ဟောင်ကောင်ဒေါ်လာ ၁၀၀၀ နဲ့ ရောင်းမှာတဲ့လေ။ ကြည့်ရတာတော့ သူမ ခင်ပွန်းက Iron Man ခရေဇီပဲနေမှာပါ။

READ
ကွဲပြားတဲ့ဇာတ်အိမ်နဲ့ Rush Hour 4 လာတော့မယ်လို့ ဂျက်ကီချန်း အတည်ပြု
Bastille Post

နောက်ဆုံးရုပ်ရှင်ကို ကြည့်ပြီးတဲ့နောက်မှာ သူမခင်ပွန်းဟာ တော်တော်လေး စွဲစွဲလမ်းလမ်းတွေဖြစ်လာတယ်။ နေ့တိုင်း အိမ်ပြန်လာရင် ဒီအရုပ်ဘူးတွေ တစ်ဘူး နှစ်ဘူး ပါပါလာတယ်၊ အသက်က ၄၀ ထဲရောက်နေပြီ၊ ကလေးစိတ်က မကုန်ဘူး၊ အိမ်ကလည်း ကျဉ်းရတဲ့အထဲ၊ နောက်အရုပ်တွေဝယ်ဦးမယ်တဲ့လေ၊ ဒါတွေကို ရှင်းဖို့ ကူညီကြပါ၊ သူ အိမ်ပြန်မလာခင် ရက်အတောအတွင်း ရောင်းနိုင်မယ်ဆို အကောင်းဆုံးပါပဲ ဆိုပြီး ရေးခဲ့တာဖြစ်ပါတယ်။

Bastille Post

ဒီလိုမျိုး ရူးသွပ်မှုရှိသူရဲ့ နောက်ကွယ်မှာ ဒါမျိုး လုပ်ရပ်ကို လုပ်ရဲတဲ့ အမျိုးသမီးကြောင့် အင်တာနက်သူ အင်တာနက်သားများမှာလည်း ရှောခ့်ဖြစ်ကုန်ကြပါတယ်။ သူမရဲ့ ပိုစ့်ကို ကန့်ကွက်တဲ့ သူတွေလည်း အများအပြားရှိလာခဲ့ပြီး ဒီလိုမရိုးသားမှုကြောင့် သူမ ခင်ပွန်းအနေနဲ့ သူမကို ကွာရှင်သင့်ကြောင့် ပြောဆိုလာတာတွေတောင် ရှိခဲ့ပါတယ်။

READ
ကင်းမြှီးကောက်ထောင်နေတုန်းအိပ်ပျော်သွားခဲ့တဲ့တူမကြောင့် လန့်သွားခဲ့တဲ့အဒေါ်
Bastille Post

ဒါတွေကြောင့်နဲ့ အမျိုးသမီးက ပိုစ့်ကို ပြန်ဖျက်သွားခဲ့သလို ဘာဆက်ဖြစ်တယ်ဆိုနဲ့ ပတ်သက်ပြီးတော့ မကြားရတော့ပါဘူး။ အဆင်ပြေကြမယ်လို့ပဲ မျှော်လင့်ပါတယ်။

 

Matthew (ShweMOM)
SHARE