ဖက်ရှင်အရောင်းသမားတွေအတွက်တော့ ဒီကပ်ရောဂါကြီးဟာ ဆိုးဝါးတဲ့အချိန်တစ်ခုဖြစ်ခဲ့ပါတယ်။ အရောင်းဆိုင်တွေကလည်း အချိန်အများစုမှာပိတ်ထားကြတော့ လက်ထဲပိုက်ဆံရှိလို့ ဝယ်ချင်ရင်တောင် ဆိုင်တွေပိတ်တာနဲ့တော့ မဝယ်ဖြစ်ကြပါဘူး။ ဒါပေမဲ့ အခုတော့ အွန်လိုင်းဈေးအရောင်းသမားတွေက တော်တော်လေးအလုပ်ဖြစ်နေပါတယ်။ ရောင်းသူတွေကလည်း ပေါ်တဲ့အင်္ကျီအသစ်တွေကိုလိုင်းပေါ်တင်ပြီးရောင်း၊ ဝယ်သူတွေကလည်း အွန်လိုင်းကနေမှာလိုမှာနဲ့ အတော်ဟုတ်နေကြတာပါ။
အွန်လိုင်းပေါ်ဈေးရောင်းသူတွေထဲမှာမှ အချို့ဈေးရောင်းသူတွေကတော့ ဆိုင်နာမည်မကြီးတဲ့အတွက် ကိုယ့်ဆီ ဝယ်သူလာအောင် အမျိုးမျိုးဆွဲဆောင်ရပါတယ်။ ကိုယ်ရောင်းမယ့်ပစ္စည်းကို လူတွေစိတ်ဝင်စားအောင် ဖန်တီးရပါတယ်။ အခုတွေ့ရမယ့် ဖိလစ်ပိုင်နိုင်ငံက အမျိုးသမီးတစ်ယောက်ကတော့ သူမရဲ့ဖန်တီးဉာဏ်ကို ကောင်းကောင်းအသုံးချခဲ့တာ ဖြစ်ပါတယ်။


Jocelyn May Jazareno Caday ဟာ Jo’s Online Shoppe ရဲ့ပိုင်ရှင်ဖြစ်ပါတယ်။ တစ်နေ့တော့ သူမဟာ ခင်ပွန်းဖြစ်သူက အနေအထားကျကျနဲ့ အိပ်ပျော်နေတာကိုတွေ့ပြီး ရုတ်တရက်အကြံရသွားခဲ့ပါတယ်။ အဲ့ဒါကတော့ ခင်ပွန်းကို အဝတ်အစားမော်ဒယ်အဖြစ် အသုံးချဖို့ပဲဖြစ်ပါတယ်။ သူမဟာ ဘောင်းဘီတို၊ စကတ်၊ အင်္ကျီအပွင့်အခက်တွေကို ခင်ပွန်းဖြစ်သူရဲ့ ကိုယ်ပေါ်မှာဆင်ပေးပြီး ဓာတ်ပုံရိုက်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေကို သူမရဲ့ဖေ့စ်ဘုတ်ပေ့ခ်ျပေါ်တင်ပြီးနောက်မှာတော့ ခဏချင်းအတွင်းမှာပဲ လူသိများသွားခဲ့တာကိုလည်း boredpanda အရ သိရပါတယ်။

ShweMom