LUMIX ရဲ့ (၂၀၁၈)ခုနှစ် သားရဲတိရစ္ဆာန်ဓာတ်ပုံပြိုင်ပွဲမှာ ဆုရခဲ့တဲ့ ဓာတ်ပုံများ

Wildlife Photographer of The Year

ဒီဓာတ်ပုံကိုတော့ နယူးဇီလန်သား လန်ဒန်နေ ဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ David Lloyd မှ မှတ်တမ်းတင်ခဲ့တာပါ။ တိရိစ္ဆာန်တွေရဲ့ ခံစားချက်နဲ့ စိတ်နေစိတ်ထားကို ထင်ဟပ်ပြတဲ့ ဓာတ်ပုံလို့ David ကတော့ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါတယ်။

ပုံမှန်အခ်ျိန်တွေမှာဆိုရင်တော့ ခြင်္သေ့နှစ်ကောင်ထိပ်တိုက်တွေ့ဆုံပြီဆိုတာနဲ့ အချင်းချင်းနယ်မြေလုပြီး တိုက်ခိုက်ကြမှာမှန်ပါတယ်။ ဒီလိုပုံလိုမျိုး နီးနီးကပ်ကပ်ကြီး တစ်ကောင်နဲ့တစ်ကောင်ရန်မမူတာတော့ သိပ်ကိုဖြစ်ခဲပြီး ကြုံတောင့်ကြုံခဲ အခြေအနေလို့ဆိုရမှာပါ။

Wildlife Photographer of The Year

Ndutu, Serengeti, Tanzania ခြင်္သေ့နှစ်ကောင်ဟာ တစ်မအေထဲကမွေးတဲ့နှစ်ကောင်ဖြစ်ပြီး သူတို့ချင်းတွေ့တိုင်း အခုလိုအနေအထားမျိုးနဲ့ (၁၅) စက္ကန့်လောက်နေကာ နှုတ်ဆက်လေ့ရှိတယ်လို့သိရပါတယ်။ David Lloyd ဟာ ဒီဓာတ်ပုံဖြင့် LUMIX နှစ်ရဲ့ သားရဲတိရိစ္ဆာန်ဓာတ်ပုံပြိုင်ပွဲမှာ People’s Choice Award ရရှိသွားခဲ့ပါတယ်။

David Lloyd ဟာ People’s Choice Award အတွက် အခြားသော ပြိုင်ဖက်ဓာတ်ပုံ (၂၄) ပုံကို ကျော်တက်ပြီမှ voting စနစ်နဲ့ အနိုင်ရရှိသွားခဲ့တာပါ။ ၂၀၁၈ ခုနှစ်အတွက် စာရင်းဖြစ်ပြီး အောက်မှာလည်း David Lloyd နဲ့ အတူတူ စံကာတင်ရွေးချယ်ခံခဲ့ရတဲ့ ဓာတ်ပုံများအချို့ကိုဖော်ပြပေးသွားမှာပါ။

READ
ငွေတွေ ပုံအောသုံးခဲ့ပေမယ့် ထင်သလောက် အသုံးမ၀င်ခဲ့တဲ့ အဆောက်အဦးများ
Wildlife Photographer of The Year

တောင်အာဖရိကလူမျိုး Wim Van Den Heever ရဲ့ Falkland ကျွန်းစုမှာ ရိုက်ကူးထားတဲ့ ပုံလေးပါ။ Runner-up ဆု (၄) ခုထဲ အပါအဝင်ဖြစ်ပါတယ်။

Wildlife Photographer of The Year

Justin Hofman ရဲ့ Canadian Arctic မှ ကြေကွဲဖွယ်ရာ ဓာတ်ပုံလေးပါ။ ဒီဓာတ်ပုံကိုကြည့်ခြင်းအားဖြင့် ကမ္ဘာကြီးဟာ ဘယ်လောက်ပျက်ဆီးယိုယွင်းနေပြီလဲဆိုတာ တန်းသိနိုင်ပါတယ်။

Wildlife Photographer of The Year

ဓာတ်ပုံဆရာ Rob Blanken ရဲ့ လှပသေသပ်တဲ့ ဓာတ်ပုံလေးကတော့ နယ်သာလန်မှာ ရိုက်ကူးထားခဲ့တာပါ။

Wildlife Photographer of The Year

David Lloyd ရဲ့ လက်ရာပါပဲ။ Uganda တောထဲ trekking လျှောက်နေတုန်းမှာ တွေ့ခဲ့ရတဲ့မြင်ကွင်းလေးကို လှမ်းရိုက်ထားပါတယ်။ လူဝံပေါက်လေးတစ်ကောင် သူ့အမေကြီးကျောပေါ်မှာ လိုက်သွားတုန်း ဓာတ်ပုံဆရာကို ရှားရှားပါးပါး ငြိမ်ငြိမ်လေး လှမ်းကြည့်နေခဲ့တာပါ။

Wildlife Photographer of The Year

အမေရိကန်နိုင်ငံသား Tin Man Lee ရဲ့ လက်ရာလေးပါ။ တွေ့ရခဲတဲ့ အနက်ရောင်နဲ့ ငွေရောင်မြေခွေးပေါက်လေးနှစ်ကောင်ကြောင့် လူကြိုက်များခဲ့ပါတယ်။

READ
တောင်တက်သမားတစ်ဦးရဲ့ ထင်မှတ်မထားဘဲ ရိုက်ယူနိုင်ခဲ့တဲ့ ဓာတ်ပုံကောင်းများ
Wildlife Photographer of The Year

Konstantin Shatenev ဟာ တကယ့်ကိုမှ ရှားရှားပါးပါးအခိုက်အတန့်တစ်ခုကို မှတ်တမ်းတင်နိုင်ခဲ့တာပါ။ သိမ်းငှက်နှစ်ကောင်ဟာ ရေခဲပြင်ပေါ်မှ သေနေတဲ့ငါးကို တစ်ယောက်တစ်ဖက်ဆီကုတ်ပြီး သယ်သွားခဲ့ကြတာပါ။

Source: Boredpanda, Wildlife Photographer of The Year

Penny

 

SHARE