(၂၀၁၈) ခုနှစ် တောရိုင်းတိရစ္ဆာန်ဓာတ်ပုံပြိုင်ပွဲရဲ့ ရင်သပ်ရှုမောဖွယ် ဓာတ်ပုံများ

ဒီဇင်ဘာ(၄)ရက်နေ့ဟာ World Wildlife Conservation Day (ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ ကာကွယ်ထိန်းသိမ်းရေးနေ့)ဖြစ်ပါတယ်။ ဒီနေ့လေး ပေါ်ပေါက်လာပုံကိုလည်း စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးချင်ပါတယ်။

(၂၀၁၁)ခုနှစ်တုန်းက ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းရဲ့ စာရင်းဇယားတွေအရ ကမ္ဘာတစ်ဝန်းမှာ ဖမ်းဆီးရမိတဲ့ ဆင်စွယ် အလေးချိန်စုစုပေါင်း (၂၃)တန်လောက်ရှိခဲ့ပြီး အဲ့ဒီအရေအတွက်ကိုရဖို့ ဆင်ပေါင်း(၂,၅၀၀)လောက် အသက်ဆုံးရှုံးခဲ့ရ မှာပါ။ ဒါ့အပြင်လည်း ကိုယ်ကျိုးရှာစီးပွားရေးသမားတွေကြောင့် အာဖရိက တိုက်တွင်းက အခြားတောရိုင်းတိရစ္ဆာန်မျိုးစိတ်ပေါင်း(၂၀၀)ကျော်ဟာ လူမသိ သူမသိနဲ့ သေဆုံးမှုတွေရှိနေတာကြောင့် (၂၀၂၀)ပြည့်နှစ် နှောင်းပိုင်းမှာ မျိုးတုန်းပျောက်ကွယ်မယ့် အရေးနဲ့ ရင်ဆိုင်နေရလို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် (၂၀၁၂)ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့မှာတော့ အဲ့ဒီအချိန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင် တန်ဟာ အစည်းအဝေးတစ်ရပ်ကို ခေါ်ယူပြီး ဒီဇင်ဘာလ(၄)ရက်နေ့ကို World Wildlife Conservation Day အဖြစ် သတ်မှတ်ဖို့နဲ့ အမေရိကန်နိုင်ငံက ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ ကာကွယ်ထိန်းသိမ်းဖို့ ရန်ပုံငွေအဖြစ် တစ်နှစ်ကို ဒေါ်လာ (၇)ကနေ (၁၀)ဘီလျံ လောက်ထည့်ဝင်သွားမှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

READ
အမ,သတ္တဝါကကသာ ဗိုလ်လုပ်အုပ်ချုပ်ရလေ့ရှိတဲ့ တိရစ္ဆာန်မျိုးစိတ်များ

အခု ဖော်ပြပေးမယ့် ရင်သက်ရှုမောဖွယ် ဓာတ်ပုံတွေကတော့ (၂၀၁၈) ခုနှစ်အတွက် ကျင်းပခဲ့တဲ့ Wildlife Photographer of the Year ဓာတ်ပုံပြိုင်ပွဲမှာ Lumix Peolple’ Choice ဆုအတွက် ပဏာမ ရွေးချယ်ခံရတဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။

WILDLIFE PHOTOGRAPHER OF THE YEAR/NATURAL HISTORY MUSEUM

အခုဆို ကမ္ဘာပေါ်က သက်ရှိမျိုးစိတ်ပေါင်း (၂၆၀,၀၀၀) ကျော်လောက်ဟာ သဘာဝ ဘေးအန္တရာယ်အမျိုးမျိုးရဲ့ ခြိမ်းခြောက်မှုတွေကို ခံစားနေကြရတယ်လို့ the International Union for the Conservation of Nature ရဲ့ ဖော်ပြချက်တစ်ခုမှာ တွေ့ရပါတယ်။

ဒီလို သဘာဝ လောကကမ္ဘာကြီးနဲ့ စိတ်ကူးစိတ်သန်းကောင်းတဲ့ ပရိသတ်တွေကြား လှုံဆော်မှုကောင်းတွေနဲ့ ဆက်နွှယ်မှုရှိစေဖို့က  ရည်ရွယ်ချက်အရင်းခံဖြစ်ပြီး ဒါကြောင့်နဲ့ ဒီပြိုင်ပွဲကို ဂုဏ်ယူဖွယ်ကျင်းပနေတာဖြစ်ကြောင်း Natural History Musuem ရဲ့ ဒါရိုက်တာလည်းဖြစ်၊ ပြိုင်ပွဲရဲ့ ဒိုင်တစ်ယောက်လည်း ဖြစ်တဲ့ Ian Owens က ပြောပြပါတယ်။

READ
ဝိုင်အကြောင်း သင်မသိသေးတဲ့ အချက်(7)ချက်
WILDLIFE PHOTOGRAPHER OF THE YEAR/NATURAL HISTORY MUSEUM

Lumix People’s Choice ဆုက အထူးဆုတစ်ခုဖြစ်ပြီး ဆုရှင်ကို ရွေးချယ်ဖို့အတွက် ပြည်သူလူထုကိုပါ အခွင့်အရေးပေးထားကြောင်းလည်း သိရတယ်။ ဒီနှစ်ပြိုင်ပွဲမှာ ကမ္ဘာအရပ်ရပ်က ပရော်ဖက်ရှင်နဲ့ အပျော်တမ်း ဓာတ်ပုံဆရာ အယောက် (၄၅၀၀၀) ကျော် ၀င်ရောက်ယှဉ်ပြိုင်တာကိုတွေ့ရပါတယ်။

Vote ပေးတဲ့စနစ်ကို ပြတိုက်ရဲ့ ၀က်ဘ်ဆိုက်မှာ ဖေဖော်ဝါရီလ (၅) ရက်နေ့ကတည်းက စတင်ခဲ့တယ်လို့လည်း သိရပါတယ်။

Ref: The Mirror, The Sun

Matthew
SHARE