့ဗီဒီယိုလေးတစ်ခုနဲ့ တစ်နယ်လုံး အင်တာနက်လိုင်းကောင်းဖို့ လုပ်ပေးနိုင်ခဲ့တဲ့ သူမ

TouTube- Veveonah M.

YouTube မှာ Veveonah M. ဆိုတဲ့ channel တစ်ခုရှိနေပါတယ်။ မလေးရှားနိုင်ငံ၊ Sabah က ရွာလေးတစ်ရွာမှာ နေထိုင်တဲ့ (၁၈) နှစ်အရွယ်ကောင်မလေးတစ်ယောက်ဖြစ်ပြီး အခုအချိန်မှာ ကျောင်းတက်နေဆဲဖြစ်ပါတယ်။ YouTube channel ကိုတော့ ဧပြီလ (၁၈) ရက်နေ့ကမှ စတင်တည်ထောင်ခဲ့ပေမယ့်လို့ အခုအချိန်မှာ subscriber ပေါင်း (၆၆,၀၀၀)ကျော်တောင် ရှိနေပြီဖြစ်ပါတယ်။

ဇွန်လ (၁၃) ရက်နေ့မှာတုန်းက Veveonah ဟဟာ ဗီဒီယိုတစ်ခု တင်လာခဲ့ပါတယ်။ အဲဒါကတော့ 24 Hours On Tree တဲ့။ ၂၄ နာရီတိတိ သစ်ပင်ပေါ်မှာ နေတဲ့အကြောင်း vlog ရိုက်ထားတာပေါ့နော်။ ဒီလိုသစ်ပင်ပေါ် တက်နေရတဲ့အကြောင်းအရင်းကတော့ အင်တာနက်လိုင်းကြောင့်ပါတဲ့။ အခုကပ်ရောဂါဘေးကြောင့် စာသင်ကျောင်းတွေ အားလုံးနီးပါးဟာ အင်တာနက်နဲ့ စာသင်တဲ့စနစ်ကိုပြောင်းလိုက်ကြပြီမလို့ မပြည့်စုံတဲ့ကျောင်းသားတွေအတွက်တော့ အခက်တွေ့နေခဲ့ကြပါတယ်။

READ
ခွေးတွေနဲ့ရောနှောနေပြီး ကိုယ့်ကိုကိုယ်ခွေးလို့ ထင်နေရှာတဲ့ နွားပေါက်ကလေး
TouTube-Veveonah M.
TouTube-Veveonah M.

အဲဒီအထဲ Veveonah လည်း ပါနေတယ်ပေါ့နော်။ သူကတော့ သူနေထိုင်တဲ့ရွာလေးမှာက အင်တာနက်လိုင်းမကောင်းတာပါပဲ။ ဗီဒီယိုထဲမှာဆိုရင် အဲဒီနေ့က Veveonah ဟာ အွန်လိုင်းမှ စာမေးပွဲဖြေရမှာဖြစ်တဲ့အတွက်ကြောင့် အင်တာနက်လိုင်းမကောင်းတဲ့ အိမ်မှ ထွက်ကာ ရွာရဲ့အမြင့်ပိုင်းတောင်ကုန်းလေးပေါ်မှာ စာလုပ်ဖို့ ကိုယ်ပိုင်တဲအိမ်လေး ဆောက်ထားခဲ့တာပါ။ ဒါပမေဲ့လည်း တဲအိမ်လေးဟာ မိုးအရမ်းရွာလို့ နေမရအောင်ကို ပျက်သွားပါတယ်။

ဒါကြောင့် အမြင့်ပိုင်းမှာပဲကောင်းတဲ့ အင်တာနက်လိုင်းကို စာမေးပွဲဖြေဖို့ သစ်ပင်ပေါ်တက်ပြီး ဖမ်းရပါတော့တယ်။ သစ်ပင်ပေါ်မှာ နေပြီး စာမေးပွဲဖြေရတာပေါ့နော်။ အရေးထဲ ပျားတူကောင်ကြီးနဲ့လည်း ကြုံခဲ့သေးတယ်။

TouTube-Veveonah M.

ဗီဒီယိုကို ကြည့်ရှုသူပေါင်း ၅ သိန်းနီးပါးဖြစ်နေပါပြီ။ မလေးရှားရဲ့ အင်တာနက်အသုံးပြုသူတွောကြားထဲမှာ နာမည်ကြီးသွားရုံတင်မကဘဲ စာသင်ဖို့ သစ်ပင်ပေါ်တက်ပြီး အင်တာနက်လိုင်းဖမ်းတဲ့ ကောင်မလေးဆိုပြီး အစိုးရဖက်ကပါ သိသွားခဲ့ပါတော့တယ်။

TouTube-Veveonah M.

ဒါကြောင့် The Star ရဲ့ဖော်ပြချက်အရ မလေးရှားရဲ့ဆက်သွယ်ရေးဌာနကနေပြီး Veveonah ရဲ့ ရွာလေးကို အင်တာနက်လိုင်းကောင်းအောင် လုပ်ပေးပါတော့မယ်ဆိုပြီး ပြောလာခဲ့ပါတယ်တဲ့။ ရွာနဲ့ ၁.၄ ကီလိုမီတာအကွာမှာ 3G တိုင်တစ်တိုင်ကို ပြုလုပ်ပေးပြီးဖြစ်တာကြောင့် စာသင်ရုံ၊ သာမန်အင်တာနက်သုံးရုံ အတွဆိုရင် အဆင်ပြေမှာဖြစ်ပြီး တခြားသော streaming လုပ်တာတွေ ဘာတွေအတွက်ကိုလည်း လိုင်းထပ်ကောင်းအောင် ကြိုးစားပြီးလုပ်ပေးပါဦးမယ်လို့ ပြောလာခဲ့ပါတယ်။

READ
ဇနီးသည် ရင်သားကင်ဆာခံစားနေရတာကို သိပြီးနောက် ကွာရှင်းသွားတဲ့ အမျိုးသား

ပြည်သူ့အသံကိုနားထောင်ပြီး တကယ်လည်း ကူညီပေးတဲ့ မလေးရှားဆက်သွယ်ရေးဝန်ကြီးဌာနကိုတော့ ပြည်သူတွေက ချီးကျူးလျက်ရှိနေပါတယ်။ Veveonah လေးလည်း သူ့ကြောင့် လူသိရှင်ကြားဖြစ်သွားတယ်ဆိုတော့ ပျော်နေရှာမှာပဲလေ။

Penny

SHARE