Will Smith သရုပ်ဆောင်မယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းကို Apple မှ ဈေးကြီးပေးဝယ်ယူ

Instagram- @willsmith

ဟောလိဝုဒ်ရဲ့ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Will Smith ကတော့ နောက်ထပ်ဇာတ်လမ်းကောင်းတစ်ခုမှာ ခေါင်းဆောင်မင်းသားနေရာက ဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းထံထားရပါတယ်။ ရုပ်ရှင်နာမည်ကတော့ Emancipation ပါတဲ့။

ဇာတ်လမ်းကတော့ ရှေးအခါက အမေရိကန်မှာ ကျွန်ခေတ်ထွန်းကားစဉ်တုန်းက အပြင်မှာတကယ်ရှိနေခဲ့တဲ့ Peter ဆိုတဲ့ လူမည်းအမျိုးသားတစ်ယောက်အကြောင်းပါ။ Peter ဟာ လူဝီစီယားနားပြည်နယ်မှာ ကျွန်အဖြစ် ထိန်းသိမ်းခံထားရတုန်း ထွက်ပြေးလာကာ ပြည်ထောင်စုတပ်ထဲ ဝင်ရောက်ဖို့ အသက်လုပြေးခဲ့ရတဲ့အကြောင်းလေးကို Peter ကိုလည်း ဂုဏ်ပြုရင်း အမေရိကန်တွေရဲ့ ပြောင်းလဲဖုံးကွယ်လို့ မရနိုင်တော့တဲ့အတိတ်ကို ပြန်လည်သတိရကာ လက်တွေ့မှာပြင်ဆင်နိုင်ဖို့အတွက် ရိုက်ကူးမှာပဲဖြစ်ပါတယ်တဲ့။

READ
ထူးထူးခြားခြား မော်ဒယ်ဘ၀ကို ပိုင်ဆိုင်ထားသူများ

Peter နေရာမှာတော့ ပြောခဲ့တဲ့အတိုင်း Will Smith က သရုပ်ဆောင်မှာဖြစ်ပြီး Training Day ရဲ့ ဒါရိုက်တာ Antoine Fuqua က ရိုက်ကူးမှာပါ။ ဒီဇာတ်လမ်းကိုတော့ ပြီးခဲ့တဲ့ Cannes Film Festival ရဲ့ virtual market မှာတုန်းက တာဝန်ယူရိုက်ကူးပေးမယ့်လူကိုရောင်းချဖို့အတွက် ပြသခဲ့တာဖြစ်ပြီး ကမ္ဘာကျော်ထုတ်လုပ်ရေးကုမ္ပဏီ Wanner Bros. နဲ့ Apple တို့မှ ကမ်းလှမ်းခဲ့တယ်ဆိုပြီး People မှာ ဖော်ပြထားပါတယ်။

https://www.instagram.com/p/CAk2oQNhCgZ/

နောက်ဆုံးမှာတော့ Apple ဖက်ကို ဒေါ်လာ သန်းပေါင်း ၁၂၀ ကျော်လောက်နဲ့ ရောင်းချဖြစ်သွားခဲ့ပါပြီတဲ့။ ဒါဟာ ရုပ်ရှင်ပွဲတော်တွေမှာ ခင်းကျင်းပြသပြီး ရောင်းချဖြစ်ခဲ့တဲ့ ရုပ်ရှင်တွေထဲ တန်ကြေးအကြီးဆုံးရုပ်ရှင်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။

Emancipation ရဲ့ ရိုက်ကူးရေးတွေကိုတော့ ၂၀၂၁ မှာ စတင်ဖို့ ကြေငြာထားခဲ့ပါတယ်။

READ
Amazon Prime က ရိုက်ကူးမဲ့ Lord of the Rings စီးရီးကို ၂၀၂၁ တွင် စတင်ပြသဖို့ရည်မှန်းထား

https://www.instagram.com/p/B7CX73yBG2m/

Penny

SHARE