ဇနီးသည် ဖောက်ပြန်တာကို ကြည်ဖြူစွာ လက်ခံတယ်လို့ သတင်းတွေထွက်နေတဲ့ Will Smith

Instagram- @August Alsina, Will Smith

Will Smith နဲ့ Jada Pinkett Smith တို့ဆိုတာ ဟောလိဝုဒ်လောကရဲ့ အတွဲညီညီနဲ့ နှစ်တွေကြာလာတာတောင် သစ္စာရှိရှိကြည်နူးမှုအပြည့်နဲ့ ဇနီးမောင်နှံအဖြစ်တစ်ကမ္ဘာလုံးက သိထားခဲ့ကြပါတယ်။ အိမ်ထောင်သက်တမ်း ၄၈ နှစ်ကြာခဲ့တာတောင်မှပဲ Will Smith ဖက်ကရော၊ Jada Pinkett Smith ဖက်ကပါ ဖောက်ပြန်တယ်ဆိုတဲ့သတင်း တစ်ခါမှ မထွက်ခဲ့ဖူးပါဘူး။ ဒါဟာ ဟောလိဝုဒ်အကျော်အမော်လောကထဲမှာတော့ တကယ့် ရှာမှရှားစုံတွဲတစ်တွဲဖြစ်နေခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာတော့ Will Smith ဟာ ဇနီးသည်ဖောက်ပြန်နေတာကိုတောင် သူ့ဖက်က ကြည်ကြည်ဖြူဖြူနဲ့လက်ခံနေခဲ့တာဆိုပြီး သတင်းတွေထွက်လာခဲ့ပါတယ်။ အကြောင်းကတော့ The Breakfast Club ဆိုတဲ့ YouTube အစီအစဉ်တစ်ခုရဲ့ အင်တာဗျုးအစီအစဉ်မှာစခဲ့တာပါ။ အင်တာဗျုးကတော့ အဆိုတော် August Alsina နဲ့ ဗျူးထားတဲ့အစီအစဉ်ပါပဲ။

View this post on Instagram

When your feet hurt ❣️

A post shared by Jada Pinkett Smith (@jadapinkettsmith) on

YouTube ဗီဒီယိုအရ အစီအစဉ်တင်ဆက်သူ Angela Yee ကနေပြီး August Alsina ကို မေးခဲ့တယ်၊ “Jada Pinkett Smith နဲ့ တကယ့် ဆက်ဆံရေးအစစ်အမှန်က ဘာလဲ” ဆိုပြီး။ ဒီမေးခွန်းကို Agust Alsina က မစဉ်းစားဘဲ ဒီလိုဖြေခဲ့ပါတယ်။

READ
ပါးကွက်လေးနဲ့ ချစ်စရာကောင်းနေတဲ့ အေးချမ်းမိုး

https://www.instagram.com/p/CBqx-Jzg0JH/

Will Smith ရဲ့ ဇနီး Jada Pinkett Smith နဲ့ သူနဲ့ စသိခဲ့တာဟာ သားဖြစ်သူ Jaden Smith မိတ်ဆက်ပေးရင်းနဲ့ စသိခဲ့ကြတာပါတဲ့။ နောက်ပိုင်း နှစ်ဦးသားအရမ်းရင်းနှီးသွားခဲ့ကြကာ ရင်းနှီးမှုတွေပိုရင်း မေတ္တာတွေပါ ပေါက်ဖွားလာခဲ့ပါတယ်တဲ့။ ဒီအကြောင်းကိုလည်း Will Smith နဲ့ ပွင့်ပွင်းလင်းလင်း ယောက်ျားခြင်း တိုင်ပင်ဆွေးနွေးခဲ့ကြတာလည်း ခဏခဏပဲတဲ့။ နောက် Jada Pinkett Smith နဲ့ သူနဲ့တွဲနေတာကိုလည်း Will Smith က ခွင့်ပြုတဲ့အပြင် အားတောင်ပေးသေးတယ်ဆိုပြီးလည်း ပြောလာခဲ့တာပါ။

သူသည်လည်း Jada Pinkett Smith ကို တကယ်ချစ်တဲ့အပြင် တော်တော်လေးကို စွဲလန်းနေပြီး တွဲနေတာ ၂ နှစ်ကျော်တောင် ရှိပြီဆိုပြီးလည်း ပြောထားခဲ့ပါသေးတယ်။

View this post on Instagram

💕✨⁣ ⁣ 📷: @cristopherschafer

A post shared by Jada Pinkett Smith (@jadapinkettsmith) on

ဒီအင်တာဗျူးဗီဒီယိုလည်း ထွက်လာပြီးရော ဟောလိဝုဒ်တစ်လောကလုံး ဟိုးလေးတကျော်ပဲဖြစ်သွားခဲ့ပါတယ်။ Jada Pinkett Smith ကတော့ ဒါဟာ August Alsina ရဲ့ လုပ်ကြံဖန်တီးပြောဆိုမှုသက်သက်သာဖြစ်ပြီး သူ့အနေနဲ့ ဒီလို သားအရွယ်အဆိုတော်ပေါက်စလေးနဲ့ အမျိုးသားခွင့်ပြုချက်နဲ့တွဲနေတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာလို့ ပြတ်ပြတ်သားသားပဲ ပြောလာခဲ့ပါတော့တယ်။

READ
ကလေးကို ကျောင်းထားတာနဲ့ပတ်သတ်ပြီး ဝေဖန်လာသူတွေကို တုံ့ပြန်လိုက်တဲ့ မိုးယုစံ

Penny

SHARE