တစ်ချိန်က နာမည်ကြီး ရုပ်ရှင်ကားကို ပြန်ရိုက်တော့မယ့် Will Smith နဲ့ Kevin Hart

Instagram- @kevinhart4real, @willsmith

Deadline ရဲ့ဖော်ပြချက်အရ မင်းသားကြီးနှစ်လက်ဖြစ်တဲ့ Will Smith နဲ့ Kevin Hart တို့ကို တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းတစ်ခုကို ပြန်လည်ရိုက်ကူးတော့မှာပါတဲ့။

မူရင်း Steve Martin နဲ့ John Candy တို့ သရုပ်ဆောင်ထားတဲ့ ဟာသဒရာမာဇာတ်လမ်း Planes, Trains & Automobiles ကိုပဲဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါတုန်းက လူကြိုက်သိပ်ကိုများခဲ့ပြီး အအောင်မြင်ဆုံးဆိုတဲ့ စာရင်းထဲမှာတောင် ပါဝင်နေခဲ့တာပါ။

 

View this post on Instagram

 

A post shared by Kevin Hart (@kevinhart4real) on

 

 

View this post on Instagram

 

Me reuniting with the outdoors this weekend Haha 🙂 📷 @georgeholzofficial

A post shared by Will Smith (@willsmith) on

ဇာတ်လမ်းလေးကတော့ ကျေးဇူးတော်နေ့အတွက် နေရပ်ကိုပြန်လာကြတဲ့သူတို့နှစ်ယောက် လေယာဉ် cancel ဖြစ်သွားတဲ့အခါ အိမ်ကို ကျေးဇူးတော်နေ့အမှီ မရောက်ရောက်အောင် မဖြစ်ဖြစ်တဲ့ နည်းနဲ့ပြန်လာခဲ့ကြတာပါ။ လမ်းတွေလျှောက်ရတယ်၊ ကားတွေမောင်းရတယ်၊ လမ်းခုလတ်မှာ ကြုံတွေ့ရတဲ့လူပေါင်းမျိုးစုံနဲ့ သူတို့နှစ်ယောက်ကြားက အလွဲလေးတွေနဲ့ ခံစားမှုတွေကို လက်တွေ့ဆန်ဆန်မြင်တွေ့ရမှာပါ။ ဒါကို မင်းသားကြီးနှစ်လက်က ရိုက်ကူးမယ်ဆိုတော့ တော်တော်လေးတော့ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

READ
ကြွေသွားပြီလားလို့ ပရိသတ်တွေကို မေးလိုက်တဲ့ မိုးမြင့်သဇင်

နောက်ထူးခြားချက်တစ်ခုကလည်း ဒီရုပ်ရှင်ကို Kevin Hart ရဲ့ Heartbeat production နဲ့ Will Smith ရဲ့ Westbrook Studio တို့ကနေ ထုတ်လုပ်ရေးအပိုင်းမှာ ပူးတွဲပြီး တာဝန်ယူသွားမှာဖြစ်တယ်လို့ ပြောလာခဲ့တာပါ။ နောက် ဇာတ်ညွှန်းကိုတော့ Brooklyn 99 လိုမျိုး နာမည်ကြီး စီးရီးတွေကို တာဝန်ယူခဲ့တဲ့ ဆရာမ Aeysha Carr မှလည်း တာဝန်ယူမှာဖြစ်ပါတယ်တဲ့။

Kevin Hart နဲ့ Will Smith တို့ရဲ့ Planes, Trains & Automobiles ထွက်မယ့် ရက်အတိအကျကိုတော့ မကြေငြာထားသေးပါဘူး။

penny

SHARE