ဇနီးဖြစ်သူရဲ့ မပြတ်သားမှုတစ်ခုကြောင့် ကိုယ့်ကိုကိုယ် သိမ်ငယ်သလို ခံစားနေရတဲ့ Will Smith

Shutterstock- Featureflash Photo Agency, Instagram- @2pac

ဟောလိဝုဒ်လောကရဲ့အကျော်အမော် အနုပညာရှင်ကြီး Will Smith ကိုတော့ အနုပညာပိုင်းမှာ တစ်ပြားသားမှ မလျော့တဲ့သူအဖြစ် အသိအမှတ်ပြုထားကြတဲ့အပြင် အနုပညာရှင်အချင်းချင်း၊ ဝေဖန်ရေးဆရာတွေရော ပရိတ်သတ်တွေကပါ ခင်ပွန်းကောင်း၊ ဖခင်ကောင်းတစ်ယောက်အဖြစ်ပါ ချီးကျူးခဲ့ကြပါတယ်။

Instagram-@willsmith

ဒါပေမဲ့ Buzz Feed မှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်အရ Will Smith ဟာ ဇနီးသည် Jada ရဲ့ မပြတ်သားတဲ့ သံယောဇဉ်နှောင်ကြိုးတစ်ခုကြောင့် သူ့ခင်ဗျာ လူတစ်ယောက်ကြောင့် အမြဲတမ်း သိမ်ငယ်ခဲ့ရပါတယ်တဲ့လေ။ အဲဒီလူကတော့ Tupac Shakur ပါပဲ။ Hip Hop လောကရဲ့ဂန္တဝင်မြောက်အနုပညာရှင်အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့မှာတော့ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။

Instagram- @2pac

Tupac နဲ့ Will Smith ဇနီး Jada တို့ ဘယ်လိုပတ်သက်မှုတွေရှိခဲ့တာလဲဆိုတာ တစ်ချက်လောက် ပြန်ကြည့်လိုက်ရအောင်။ Jada ဟာ ဟိုးအရင်ကတည်းကိုက မီဒီယာအင်တာဗျူးတွေမှာ Tupac နဲ့ ရင်းနှီးမှုတွေအကြောင်းကို အမြဲတမ်းလိုလို တဖွဖွထည့်သွင်းပြောပြခဲ့တာ အမာခံပရိတ်သတ်တွေတော့ သိထားပြီးဖြစ်မှာပါ။ သူတို့ဘယ်လောက် ရင်းနှီးခဲ့ကြောင်း၊ ဘယ်လောက်သံယောဇဉ်ကြီးခဲ့ကြောင်း၊ ဘယ်လိုအမှတ်တရတွေရှိခဲ့ကြောင်း စသဖြင့်ပေါ့။

Instagram- @jadapinkettsmith
View this post on Instagram

When your feet hurt ❣️

A post shared by Jada Pinkett Smith (@jadapinkettsmith) on

တကယ်တော့ Tupac နဲ့ Jada တို့ဟာ Maryland က Baltimore အနုပညာကျောင်းကို အတူတူတက်ရောက်ရင်း ရင်းနှီးမှုရခဲ့ကာ လူငယ်ချာတိတ်ဘဝကတည်းကိုက အရင်းနှီးဆုံးသော လူသားနှစ်ယောက်ဖြစ်လာခဲ့ကြတာပဲဖြစ်ပါတယ်။ Rapper မဖြစ်ခင်တုန်းက Tupac က ကဗျာဆရာအဖြစ်လည်း လူငယ်တွေကြား ကျော်ကြားခဲ့တယ်။ Jada ကို ကဗျာတွေဘာတွေတောင် ရေးခဲ့ပေးဖူးတယ်ဆိုပဲ။ ကဗျာနာမည်က “Jada” တဲ့။ “U R my Heart in Human Form, a Friend I could never replace.” ဆိုလိုတာ Jada က သူ့အတွက် လူ့ခန္ဓာက အသည်းနှလုံးလိုပဲ အဓိကအရေးပါးပြီး အစားထိုးမရတဲ့ သူငယ်ချင်းတစ်ယောက်ပေါ့လေ။ (Friendzone ချက်ကြီးက) တကယ်လည်း Tupac အတွက် Jada လို မိန်းကလေးမျိုး ထပ်မရှိခဲ့တာပါ။

READ
ဆက်တိုက်ဆိုသလို လမ်းခွဲခဲ့ကြတဲ့ ပြည်တွင်း ပြည်ပ ဆယ်လီများ
MTV Books

Jada ကိုယ်တိုင်ကိုက သူမနဲ့ Tupac တို့ရဲ့ ပတ်သက်မှုဟာ တစ်ယောက်ကိုတစ်ယောက် တွဲခေါ်ဖေးမနှစ်သိမ့်မှုတွေနဲ့ တစ်ယောက်ဘဝမှာ တစ်ယောက်မရှိမရှိဖြစ်ခဲ့ကြတယ်ဆိုပြီး Sway in the Morning နဲ့ အင်တာဗျူးမှာ ဖြေသွားခဲ့ပါသေးတယ်။

Will Smith နဲ့မတွေ့ခင်ကတည်းကိုက နှစ်ယောက်က ဇာတ်လမ်းလေးတွေ ရှိခဲ့ကြတာပါ။ ၁၉၉၄ ခုနှစ်ကမှ Will Smith နဲ့ Jada တို့ နှစ်ယောက် The Fresh Prince of Bel-Air ရုပ်သံဇာတ်လမ်းတွဲကို အကြောင်းပြုရင်း သိကျွမ်းခဲ့ပြီးနောက် ၁၉၉၅ ခုနှစ်မှာတော့ ဒိတ်လုပ်ခဲ့ကြပါတော့တယ်။ ဒါကြောင့် Will Smith တစ်ယောက် Tupac နဲ့ Jada ကြောင့် ၁ နှစ်ကျော်လောက်အထိတော့ အဆက်အဆံပြုခဲ့ရပုံပါပဲ။

READ
“..စိတ်မတိုကြပါနဲ့” လို့ ပြောလိုက်တဲ့ စိုးသူရဲ့ ဇနီးဟောင်း မခငယ်

အဲဒီအချိန် Will Smith ကလည်း Hip Hop လောကထဲမှာ ရောက်နေခဲ့ပါပြီ။ Tupac ထက် အနုပညာသက်တမ်းက ၄ နှစ်လောက်စောပေမယ့်လို့ သူ့ခင်ဗျာ အခုအချိန်အထိ Jada နဲ့ပတ်သက်လို့ Tupac ရှေ့ရောက်တိုင်း၊ Tupac အကြောင်းပြောတိုင်း သိမ်ငယ်နေရတုန်းပါပဲတဲ့လေ။ စကားတောင်မပြောရဲလို့ ရှောင်နေခဲ့ရတယ်ဆိုပြီး သူ့ရဲ့ Instagram မှာ ဗီဒီယိုကို ကိုယ်တိုင် တင်လာခဲ့တာပါ။ ဒါကို သဝန်တိုတယ်လို့ပြောလည်း ခံရမှာပါပဲတဲ့။

 

View this post on Instagram

 

⁣ Insecurity is a Vicious Dragon! @breakfastclubam

A post shared by Will Smith (@willsmith) on

Tupac ရဲ့ဘဝဇာတ်ကြောင်းအတိုင်း ပြန်လည်ရိုက်ကူးထားခဲ့တဲ့ ရုပ်ရှင် All Eyez On Me ထဲမှာတောင်မှပဲ Jada အကြောင်း ရိုမန့်တစ်ဆန်ဆန်ကဒ်တွေ ပါခဲ့တဲ့အထိကို Jada နဲ့ Tupac တို့ရဲ့ ဇာတ်လမ်းကလည်း မွှေးခဲ့တာပါ။

Penny

 

 

SHARE