နည်းပညာပြောင်းလဲဖြစ်တည်ရေး အနေအထားတစ်ခုကို ၂၀၁၉ ခုနှစ်မှာ မြင်တွေ့လာနိုင်မလား

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့်လည်း မိုဘိုင်းဖုန်းနဲ့ အင်တာနက်အသုံးပြုမှုနှုန်းက အိမ်နီးနားချင်း နိုင်ငံတွေကို အမြန်လိုက်နိုင်နေပြီ ဖြစ်ပါတယ်။ 4G အသုံးပြုသူ များပြားတဲ့အတွက်ကြောင့် မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍဟာလည်း တစ်ဟုန်ထိုးတိုးတက်လာပြီး သုံးစွဲသူတွေကလည်း 4G ဆက်သွယ်မှုကို ပိုမိုအသုံးပြုလာကြပါတယ်။ မြန်မာနိုင်ငံရဲ့ စမတ်ဖုန်းအသုံးပြုမှုနှုန်းဟာ (၈၀)ရာခိုင်နှုန်းရှိပြီး အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ ယိုးဒယား နဲ့ ဗီယက်နမ်ထက် အသုံးပြုမှုပိုများနေတာ တွေ့ရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာကို နည်းပညာမြင့် အခြေခံအဆောက်အဦးများနဲ့ ဖွဲ့စည်းတည်ဆောက်ပြီး လွှမ်းခြုံထားပေမယ့် ဈေးနှုန်းအရဆိုရင်တော့ အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့နဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် အင်တာနက်ဈေးနှုန်းက သိပ်ပြီးမသက်သာပါဘူး။

ရှာဖွေတွေ့ရှိချက်တွေအရ အင်တာနက်ဈေးနှုန်းကြီးတဲ့အတွက် မြန်မာနိုင်ငံက ဒေတာသုံးစွဲသူတွေဟာ ပျမ်းမျှ တစ်လကို 5.5GB သာအသုံးပြုကြပြီး လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာတော့ ပျမ်းမျှ တစ်လကို 14GB နဲ့ 10GB အသီးသီးအသုံးပြုတာကို တွေ့ရပါတယ်။ ဒေသအတွင်းရှိတဲ့ နိုင်ငံတွေကို ယှဉ်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံဟာ ဒေတာ ပမာဏ 30% ကနေ 50% လောက်ပဲ အသုံးပြုတာကို တွေ့ရပါလိမ့်မယ်။

READ
အလုပ်များတဲ့တစ်နေ့တာကို အလှမပျက်ဘဲ ကျော်ဖြတ်နည်း

ဆက်လက်ပြီးပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံက ဘရော့ဘန်း (Broadband) ဒေတာ သုံးစွဲသူတွေဟာ အခြားဒေသအတွင်းရှိတဲ့ နိုင်ငံတွေထက် 1.7 ဆပိုပေးရတာကို တွေ့ရပါတယ်။

သို့သော်လည်း ဈေးကွက်ထဲကို Mytel ဝင်လာတာနဲ့အမျှ အသုံးပြုသူတွေကို ဝန်ဆောင်မှုပေးနေတဲ့ အင်တာနက်နှုန်းထားဟာ သိသိသာသာ လျော့ကျလာခဲ့ပါတယ်။ အခုဆိုရင် အသုံးပြုသူတွေဟာ ပိုမိုသက်သာတဲ့ နှုန်းထားဖြစ်တဲ့ 1MB ကို ၁ကျပ်နှုန်းနဲ့ အသုံးပြုလို့ရနေပြီဖြစ်ပါတယ်။ Mytel အနေနဲ့ အခြား အော်ပရေတာတွေထက်နည်းတဲ့ ဈေးနှုန်းကို သတ်မှတ်လိုက်တာကြောင့် ကျန်တဲ့အော်ပရေတာတွေရဲ့ ဈေးနှုန်းတွေကလည်း အလိုအလျောက် လျော့ကျလာခဲ့ပါတယ်။ သို့သော်လည်း Mytel အနေနဲ့ ၂၀၁၉ ခုနှစ်မှာ သင့်တင့်တဲ့  ဒေတာနှုန်းထားတွေနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ အနီးကပ် ဂရုတစိုက် ကြိုးပမ်းနေပါတယ်လို့ အခိုင်အမာ ပြောလို့ရပါတယ်။

READ
သင့်ဘ၀အတွက် ကောင်းသောအပြောင်းအလဲတွေကို ဘယ်လိုဖန်တီးမလဲ

Sponsored by Mytel

 

SHARE