အစ်ကိုဝီလျံနဲ့ သူနဲ့ လျှောက်နေတဲ့လမ်းချင်း မတူပါဘူးလို့ ထုတ်ပြောလိုက်တဲ့ မင်းသားဟယ်ရီ

instagram/kensingtonroyal instagram/sussexroyal

မကြာသေးခင်က မင်းသားဝီလျံနဲ့ မင်းသားဟယ်ရီတို့နှစ်ဦးကြား တင်းမာမှုတွေဖြစ်နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်ခဲ့ပေမယ့် ညီအစ်ကိုနှစ်ဦးစလုံးက ငြင်းဆန်ခဲ့ကြပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ မင်းသားဟယ်ရီကိုယ်တိုင်က အင်တာဗျူးတစ်ခုမှာ သူတို့ညီအစ်ကိုနှစ်ယောက်ဟာ ရွေးချယ်တဲ့လမ်းကြောင်းချင်းမတူတဲ့အကြောင်း ထုတ်ပြောခဲ့တာကို dailymail သတင်းစာမျက်နှာကတဆင့် သိရှိခဲ့ရတာပဲ ဖြစ်ပါတယ်။

ဟယ်ရီက သူနဲ့ သူ့အစ်ကိုကြားက တင်းမာမှုဟာ တဖြည်းဖြည်းနက်ရှိုင်းလာတယ်လို့ ၀န်ခံခဲ့ပါတယ်။ ဒါ့အပြင် သူနဲ့ သူ့မိန်းမကို မျက်ခြည်မပြတ်စောင့်ကြည့်နေတဲ့ မီဒီယာကိုလည်း ဟယ်ရီက တိုက်ခိုက်ခဲ့တဲ့အပြင် သူ့အမေကို သတ်ခဲ့သလို ကစားနည်းမျိုးနဲ့ သူက အနိုင်ကျင့်ခံမှာမဟုတ်ဘူးလို့လည်း ဟယ်ရီက ဆိုပါသေးတယ်။

instagram/sussexroyal

ဟယ်ရီရဲ့ အခုလို မီဒီယာတွေကို တုံ့ပြန်တိုက်ခိုက်မှုဟာ သူနဲ့မီဂန်တို့ ဗြိတိန်သတင်းစာတော်တော်များများကို မဟုတ်မမှန် သတင်းပြောဆိုမှုနဲ့ပတ်သက်ပြီး ဥပဒေအရ အရေးယူမယ်လို့ ဆိုပြီးနောက်မှာ ပိုပြင်းထန်လာတာ ဖြစ်ပါတယ်။ အရင်တုန်းကလည်း ဆော့ဆက်စ်မြို့စားစုံတွဲနဲ့ ကိန်းဘရစ်မြို့စားစုံတွဲကြားမှာ ပဋိပက္ခတွေရှိနေတဲ့အကြောင်း သတင်းပေါင်းများစွာက အမျိုးမျိုးအဖုံဖုံပြောဆိုပြီး တက်လာခဲ့ပါသေးတယ်။

READ
မီးဖွားထားတဲ့ ဇနီးသည်ကို ဖောက်ပြန်တယ်ဆိုပြီး လေးနာရီကြာရိုက်သတ်ခဲ့သည့် အမျိုးသား

ဒီအကြောင်းနဲ့ပတ်သက်လို့ ဟယ်ရီကို မေးမြန်းတဲ့အခါမှာတော့ သူက အခုလို ဆိုပါတယ်။ “ကျွန်တော်တို့ဆီမှာက အလုပ်တာဝန်တွေရှိတယ်။ ဖိအားတွေလည်း အသီးသီးရှိတယ်။ ဒါကြောင့် မလွှဲမရှောင်သာ ခုလို ကိစ္စမျိုးတွေက ဖြစ်မှာပါပဲ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က ညီအစ်ကိုတွေလေ။ အမြဲတမ်းလည်း ညီအစ်ကိုတွေ ဖြစ်နေကြဦးမှာပဲ။ လောလောဆယ် ကျွန်တော်တို့ လျှောက်နေတဲ့လမ်းချင်း မတူတာပဲရှိတယ်။ ကျွန်တော်က သူ့အတွက် အမြဲတမ်းရှိနေပေးမှာဖြစ်သလို သူကလည်း ကျွန်တော့်အတွက် အမြဲတမ်း ရှိနေပေးသွားမှာပါပဲ.. ”

instagram/sussexroyal

ဒါ့အပြင် ဟယ်ရီက “ကျွန်တော်တို့ အရင်တုန်းကလောက် သိပ်မတွေ့ဖြစ်ကြတော့တာ မှန်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အလုပ်များတာကိုး။ ဒါပေမယ့် ကျွန်တော် ကျွန်တော့်အစ်ကိုကို အရမ်းချစ်ပါတယ်။ သတင်းတွေတက်တဲ့ ကိစ္စတော်တော်များများက ဘာမှမဟုတ်တာကို ပုံကြီးချဲ့ထားတာတွေပဲလေ။ ကျွန်တော်တို့က ညီအစ်ကိုတွေဆိုတော့ တည့်နေတဲ့ အချိန်တွေလည်းရှိမယ်၊ မတည့်တဲ့အချိန်တွေလည်း ရှိချင်ရှိမယ်လေဗျာ…” လို့လည်း ထပ်လောင်းပြောပြသွားခဲ့ပါတယ်။ ဖော်ပြပါစကားတွေကိုတော့ ဟယ်ရီဟာ ITV အစီအစဉ်တင်ဆက်သူဖြစ်တဲ့ တွမ်ဘရက်ဒ်ဘီနဲ့  အင်တာဗျူးထဲမှာ ပြောပြသွားခဲ့တာပဲ ဖြစ်ပါတယ်။

READ
လေယာဉ်ပေါ် နွားနို့ဗူးကြီးမသယ်ရဘူးဆိုတဲ့အပေါ် တုန့်ပြန်လိုက်တဲ့ အံ့သြစရာဖြစ်ရပ်

လင်းလင်း (ShweMom)

SHARE