(၃)ပတ်အတွင်း Body ကျစ်လစ်လှပစေတဲ့ လျှို့ဝှက်ချက်ကို ဝေမျှခဲ့တဲ့ ဝင်းမင်းသန်း

မြန်မာနိုင်ငံရဲ့ နာမည်ကြီး Beauty Blogger တစ်ယောက်ဖြစ်တဲ့ မ၀င်းမင်းသန်းကတော့ အခုဆိုရင် ကျစ်လစ် လှပတဲ့ Body အချိုးအစားလေးနဲ့ အရမ်းကို လန်းနေတာကို တွေ့ရမှာပါ။ ဒီလို Body မျိုးကို ရဖို့ကတော့ နေ့ချင်း ညချင်း ဖြစ်လာတာ မဟုတ်ပါဘူး။Gym ကို ပုံမှန်သွားတာ၊ သူမ စားတဲ့ အစားအစာတွေကို fb မှာလည်း အမြဲ ဝေမျှ ထားတာကို တွေ့ရပါတယ်။ နောက်ဆုံးမှာတော့ သူမ လိုချင်တဲ့ Body Goal ကတော့ အပြည့်အ၀မဟုတ်တောင် အနည်းအကျဉ်းတော့ ပြည့်ဝသွားတာကို တွေ့ရမှာပါ။

Win Min Than’s fb
Win Min Than’s fb
Win Min Than’s fb

မ၀င်းမင်းသန်းကတော့့ (၃)ပတ်အတွင်း (၅)ပေါင်ကျအောင် ကြိုးစားခဲ့တာပါ။ (၃)ပတ်မှာ (၅)ပေါင်မို့ အရမ်းကြီး မများ ဘူးလို့ ထင်ကောင်းထင်မှာပါ။ ဒါပေမယ့် Gym ဆော့ရင်း၊ ကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံကို လိုက်နာကျင့်သုံး တဲ့ အတွက် ခန္ဓာကိုယ်က အရင်နဲ့စာရင် တော်တော်လေး ကျစ်လစ်လှပသွားတာကို တွေ့ရမှာပါ။ ဒီလို လှပဖို့ သူမ ဘာတွေ လုပ်ခဲ့လဲ၊ ဘယ်လိုတွေ ကြိုးစားခဲ့သလဲဆိုတာကိုတော့ မ၀င်းမင်းသန်းက သူမရဲ့ fb မှာ အခုလို ပြန်လည် ဝေမျှထားပါတယ်။

“၃ပတ်အတွင်း ကိုယ်ခန္ဓာ ကျစ်လစ်သွားအောင် လုပ်ခဲ့တဲ့ အတွေ့အကြုံ
စာကိုသေချာစွာ ဖတ်စေချင်ပါတယ်
‼️အထူးသတိပြုရန် ‼️ လူတယောက်နဲ့တယောက် ကျန်းမာရေးအခြေအနေခြင်း မတူညီနိုင်တဲ့အတွက် နားလည်တက်ကျွမ်းသူနဲ့ တိုင်ပင်ပီးမှသာ လိုအပ်သလို အခုလို program မျိုးကိုလုပ်စေချင်ပါတယ်။ အခု အတွေ့အကြုံက ကိုယ်ပိုင် အတွေ့အကြုံကို ဝေမျှပီး အားတက်လာစေရန် (motivation) အတွက်သာ ရည်ရွယ်ပါတယ်‼️‼️‼️‼️

Win Min Than’s fb
Win Min Than’s fb
Win Min Than’s fb

“ကျနော် Jan 25th 2019 မှာ ဖိလစ်ပိုင်နိုင်ငံ Boracay (ဘိုးရကိုင်) ကို သွားရမယ် စီစဉ်တော့ December လလယ်လောက်ဖြစ်နေပီ September ထဲက တိုင်းခန်းလှည့်လည်ပီး စားတာ စားတာဆိုတာ နောက်ဆုံး 128 ကနေ 145 ဖြစ်တဲ့အထိပဲ ကမ်းခြေကိုလည်း သွားရခါနီးပီ ရေကူးဝတ်စုံနဲ့ကလည်း လှချင်သေးတယ် ဂယက်ရိုက်ပီ 😰 အဲ့တော့ Dec 29 ကနေ Gym မှန်မှန်ပြန်သွားတယ် January လဆန်းမှာ ရှမ်းပြည် ခရီးစဉ်ကလည်း သွားလိုက်သေးတယ် ခရီး ၁ပတ်လုံးမှာ လေ့ကျင့်ခန်း ၁ရက်ပဲ လုပ်ဖြစ်တယ် ခရီး မသွားခင်နဲ့ ခရီးသွားပီး Gym တော့ ပုံမှန်ဆော့တယ် တပတ် မှာ ၆ရက်ဆော့တယ် ၃ရက် ပြေးတယ် 4K 5K လောက်ပြေးတယ် အလေးမလေ့ကျင့်ခန်း တွေလုပ်တယ်

January 1st ကနေ ကမ်းခြေ မသွားခင် January 25 ထိ ၁၅ရက် လေ့ကျင့်ခန်းလုပ်တယ် ၇ရက် ပျက်တယ် ပီးတော့ မချောDieting Tips of Thin Zar ဆီကနေ detox meal plan ကို ၁၁ရက်နေ့မှာ စစားတယ် မချောကို အစထဲကပြောတယ် “အမ ကျနော်က gym ကိုပြင်းပြင်းထန်ထန် ကစားမှာ” ဆိုတော့ သူက meal plan ကို ကျနော်နဲ့ အဆင်ပြေတာ စီစဉ်ပေးတယ် ပရိုတိန်းနဲ့ အရွက်တွေကြီးပဲ (ကာဗိုဟိုက်ဒြိတ် မပါဘူး) စီစဉ်ပေးတယ် စားလို့ အဆင်ပြေတော့ meal plan ၁ ပတ်က ဒုက္ခမရောက်ဘူး ကိုယ်တိုင်လည်း အရွက်များများ စားရတာကြိုက်တယ်ဆိုတော့ ကွက်တိပဲ meal plan ၁ ပတ်ပီးတော့ Detox juice တွေကြီးပဲ ၃ရက် သောက်တယ် အရမ်းခက်ပါတယ် ရူးခါနေတယ် ဒါပေမဲ့ လှချင်တဲ့ စိတ် များတယ် juice တွေသောက်တဲ့နေ့မှာ gym ကို yoga လောက်ပဲဆော့တယ် အရမ်းပြင်းတာတွေ မလုပ်ဘူး juice သောက်တဲ့နေ့တွေ လူသတ်ချင်စိတ်ပေါက်လို့ အလုပ်သိပ်မများတဲ့နေ့နဲ့ ချိန်ကိုက်ပီး လုပ်ရင်ကောင်းမယ်လို့တော့ တွေးမိတယ် မင်္ဂလာဆောင်တွေသွားလည်း မစားရဘူးလေ 😤 စိတ်ထဲမှာတော့ ငါ ဒါတွေစားဖူးတယ် bikini 👙 ဝတ်ပီး မလှဖူးသေးဘူး စတေးစတောင်း စိတ်နဲ့ပဲ ၁၀ရက်တိတိ ကျော်ဖြတ်ခဲ့တယ်”

Win Min Than’s fb
Win Min Than’s fb
Win Min Than’s fb

Training Ground Myanmar က ဆရာတွေ ဆရာမတွေကလည်း ကူ ညီပေးတယ် ဟိုဆရာပြောတာ ၁ရက်လုပ် ဒီဆရာမပြောတာ ၁ရက်လုပ်နဲ့ ခါတိုင်း gym မှာ နာရီဝက် ၄၅မိနစ်နေတဲ့သူက ၂နာရီလောက်နေဖြစ်သွားတယ် gym ဆော့တဲ့ အခါမှာ ပုံစံမှန်ဖို့ ဦးစားပေးတယ် သေသေချာချာ စိတ်နှစ်ပီးဆော့တယ် ဒါနဲ့ပဲ ကမ်းခြေရောက်တော့ bikini ဝတ်ဖြစ်သွားတယ်ပေါ့နော် bikini မဝတ်ရတော့ရော် ဘာဖြစ်လဲ? ဘာမှ မဖြစ်ပါဘူး ဒါပေမဲ့ ကိုယ်စိတ်ထဲမှတော့”ငါ သန်တုန်း မြန်တုန်း မအို မနာခင် ဘယ်လောက်လေးအထိ လှနိုင်မလဲ” ဆိုတဲ့ မိန်းမတယောက်ရဲ့ ရိုးရှင်းတဲ့ အတ္တနဲ့ လှချင်ခဲ့တယ် လှချင်စိတ်လေးများသွားတော့ ရလာဘ်ကိုလည်းရ ကိုယ်တိုင်ခံစားရတော့ ကျေနပ်တယ် ဘယ်သူလှတယ် ထင်ထင် မထင်ထင် ကိုယ့်ဟာကိုတော့ လှတယ်ထင်တယ် ကိုယ့်လိုပဲ လှချင်တဲ့သူတွေ ကျန်းမာချင်တဲ့သူတွေရှိမှာပဲ လှချင်ရက်နဲ့ ပျင်းတော့လည်း မတတ်နိုင်ဘူးနော့် ၃ပတ်အတွင်းမှာ အစားရော လေ့ကျင့်ခန်းရော ၂မျိုးလုံး သေချာလုပ်ခဲ့လို့ ၁၂၈တုန်းကတော်တဲ့ ဘောက်ဘီတောင် ပြန်ဝတ်လို့ရသွားတယ် 💪🏼😤
အဲ့တော့ bikini body ရဖို့ ကြိုးစားတဲ့ ၃ပတ်မှာ အလေးချိန် 145 ကနေ 140 အထိ ၅ပေါင်ပဲ ကျပေမဲ့ ဆိုဒ်ကတော့ အရမ်းကွာသွားတာ တကယ့်လက်တွေ့ပါ တကယ်လုပ်ရင် ရပါတယ် စိတ်ကလေးပဲ လိုတာပါ 😘😘……” ဆိုပြီး သူမရဲ့ လျှို့ဝှက်ချက်ကို ဝေမျှပေးထားပါတယ်။

ဝိတ်ကျချင်သူတွေ လိုက်လုပ်ကြည့်ကြအုံးနော်……………………………………။

READ
ကင်ဆာရောဂါ မဖြစ်လိုလျှင် ကြိုတင်စားသုံးထားသင့်တဲ့ အစားအစာများ
Win Min Than’s fb
Win Min Than’s fb

Source: ၀င်းမင်းသန်းရဲ့ fb

SHARE