ဝိုင်နဲ့ချိစ့်ကို ပုံမှန်စားသုံးပေးခြင်းဟာ သင့်ဦးဏှောက်ကျန်းမာရေးကို ကောင်းမွန်စေနိုင် …

Freepik-freepik

ဝိုင်လေးကို ချိစ့်လေးနဲ့ မြည်းရတဲ့အရသာလောက် ဘယ်အရာကမှ မကောင်းပါဘူး။ အခု အဲဒီလို ဝိုင်နဲ့ချိစ့်နဲ့ကို ပုံမှန်လေးစားသုံးပေးခြင်းကလည်း ဦးဏှောက်ကျန်းမာရေးကို ကောင်းစေနိုင်တယ်ဆိုပြီးတော့ လေ့လာတွေ့ရှိမှုအသစ်တစ်ခုကို ရှာတွေ့ခဲ့ပါတယ်။

Martha Stewart ဆိုတဲ့ website အရ ကျွန်တော်တို့တွေရဲ့ cognitive acuity ဆိုတဲ့ လုပ်ဆောင်မှုဟာ ဝိုင်နဲ့ချိစ့်အကို ပုံမှန်တွဲစားသုံးပေးခြင်းကြောင့် လုပ်ဆောင်မှုနှုန်း ပိုမိုမြင့်တက်လာနိုင်ပါတယ်တဲ့။ ဒီတွေ့ရှိချက်ကိုတော့ Iowa State University ရဲ့ Alzheimer’s Disease ဆိုတဲ့ စာတမ်းမှာ ရေးထားထားခဲ့တာပါ။

Freepik-freepik

အပေါ်မှာဖော်ပြခဲ့တဲ့ cognitive acuity ဆိုတာ ဘာလဲဆိုတော့ ကျွန်တော်တို့ ဦးဏှောက်ရဲ့ မှတ်နိုင်မှုစွမ်းအားဖြစ်တဲ့ မှတ်ဥာဏ်ပိုင်းဆိုင်ရာ၊ အသစ်အသစ်တွေကို လေ့လာသင်ယူနိုင်စွမ်းနဲ့ နေ့စဉ်ဘဝမှာ ချရတဲ့ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်နဲ့ ပြတ်ပြတ်သားသား ချနိုင်ခြင်းတို့ ပါဝင်နေပါတယ်။ ဒါတွေဟာ အသက်ကြီးတဲ့လူတွေနဲ့ စိတ်ဖိဆီးမှုအရမ်းများတဲ့လူတွေမှာ အဖြစ်များတတ်တဲ့ လက္ခဏာတွေပါပဲ။

Freepik- ipopba

ဒီလက္ခဏာတွေမဖြစ်အောင်လို့ဆိုရင်တော့ လူတစ်ယောက်ဟာ နေ့စဉ် ဝိုင်နီတစ်ခွက်နဲ့ ချိစ့်အနည်းငယ်တို့ကို နေ့စဉ်ပုံမှန်လေးစားသုံးပေးပါက အသိသာဆုံးပါပဲတဲ့။

ဒီအပြင် လတ်ဆတ်တဲ့အသီးအနှံတွေ၊ သစ်သီးခြောက်တွေ၊ ဟင်းရွက်တွေ၊ ငါးကြီး၊ အသားနီတွေဖြစ်တဲ့ သိုးတို့ အမည်းသားတို့အပြင် ပေါင်မုန့်၊ လက်ဘက်ရည်၊ ကော်ဖီ၊ ရှန်ပိန်နဲ့ ဘီယာတွေကနေလည်းပဲ cognitive acuity ရဲ့လုပ်ဆောင်မှုကို ပိုပြီးမြှင့်တင်ပေးနိုင်ပါတယ်လို့လည်း ဖော်ပြထားပါတယ်။

Freepik-freepik

penny

SHARE