မြို့ထဲကရေပိုက်ခေါင်းတိုင်း ဖွင့်လိုက်တာနဲ့ ဝိုင်တွေကျလာနေတဲ့ အီတလီကမြို့လေး

Facebook- 9 News Melbourne

ကျွန်တော်ကြားဖူးတာကတော့ ရေပိုက်ခေါင်းဖွင့်လိုက်ရင် ရေထွက်လာတာပါပဲ။ ရေပိုက်ခေါင်းကနေ ရေဖွင့်တာ ရေထွက်မလာပဲ ဝိုင်တွေထွက်လာတယ်ဆိုရင် ယုံနိုင်ပါ့မလား။ ဒီအဖြစ်အပျက်ကတကယ်ပါ။ အီတလီနိုင်ငံ မြောက်ပိုင်း၊ Modena မြို့အနားမှာ ရှိတဲ့ ရွာလေးတစ်ရွာက ဒေသခံတွေဟာ တော်တော်ဒုက္ခရောက်နေကြပါတယ်။ အကြောင်းအရင်းကတော့ အိမ်တိုင်းမှာရှိတဲ့ ရေပိုက်ခေါင်းတွေကို ဖွင့်လိုက်တိုင်း ရေမထွက်လာပဲနဲ့ ဝိုင်တွေသာ ထွက်ထွက်လာနေကြောင်း Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Pixabay- Free-Photos

ဒီအဖြစ်အပျက်ဟာ တစ်ရွာလုံးမှာ အရင်ကမဖြစ်ဖူးပါဘူး။ အခုမှပထမဆုံးအကြိမ်စတင်ဖြစ်ပွားခြင်းသာ ဖြစ်ပါတယ်။ အီတလီလိုနိုင်ငံမျိုးဟာ ဝိုင်ကို အဓိကထားပြီး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်တာကြောင့် အခုလိုရေပိုက်ခေါင်းကနေ ဝိုင်တွေ ထွက်နေခြင်းဟာ ရွာအနီးအနားမှာ ရှိတဲ့ ဝိုင်လှောင်ကန်ကနေ ဝိုင်စိမ့်ထွက်တာကြောင့်လားလိုတော့ သံသယရှိစရာပါပဲ။ တာဝန်ရှိသူတွေရဲ့ ဖေပြာပြချက်အရဆိုရင်တော့ ရွာရဲ့ အနီးအနားမှာလည်း ဝိုင်သိုလှောင်တဲ့နေရာမရှိကြောင်း သိရပါတယ်။ ဒါ့ကြောင့် အခုလက်ရှိတော့ ရွာကို သွယ်ထားတဲ့ ရေပိုက်လိုင်းကို ခြေရာခံပြီး တာဝန်ရှိသူတွေက လိုက်လံ စစ်ဆေးနေကြောင်း သိရပါတယ်။

READ
အိမ်မှာကျောင်းလွယ်အိတ်ကျန်ခဲ့တဲ့သားကို ဟယ်လီကော်ပတာနဲ့ အိတ်ယူလာပေးတဲ့ မိဘများ
Facebook- 9 News Melbourne
Facebook- 9 News Melbourne
Flickr/Nardino

“တော်တော်တော့ထူးဆန်းတယ်ဗျ။ ရေပိုက်ခေါင်းဖွင့်လိုက်တိုင်းရေမထွက်လာပဲ ဝိုင်တွေပဲထွက်လာတာက။ အခုတော့ သုံးရေကော ချိုးရေကိုပါ ရွာရှိရေတွင်းကနေသာ သုံးနေရပါတယ်။ အမျိုးသမီးတွေအတွက်တော့ အဆင်မပြေပါဘူး။ ပန်ကန်ဆေးဖို့တွေ၊ အဝတ်လျှော်ဖို့တွေကော အကုန်ဒုက္ခရောက်ရပါတယ်။ တာဝန်ရှိသူတွေ ရေအရင်းအမြစ်ကို အမြန်ဆုံးရှာတွေ့ဖို့ပဲ ဆုတောင်းနေရပါတယ်” လို့ ရွာရဲ့ ဒေသခံတစ်ယောက်က ပြောကြားခဲ့ပါတယ်။

WINE NOT? Wine flows from Italian taps due to malfunction

What a delightful malfunction! Italian citizens in the Modena region were surprised to find red wine flowing from their taps, after a technical fault with a nearby winery silo. One resident said he bottled ‘a hundred bottles’ before the problem was fixed. #9News

Posted by 9 News Melbourne on Thursday, March 5, 2020

Pyi Hein Kyaw

SHARE