Fb အကောင့်ကို Hack ဖို့ ကြိုးစားနေသူတွေကြောင့် စိတ်တိုနေရတဲ့ ၀ိုင်းစုခိုင်သိန်း

အဆိုတော်မင်းသမီး ၀ိုင်းစုခိုင်သိန်းရဲ့ fb အကောင့်ကို Hack ဖို့ ကြိုးစားနေသူ တွေရှိတယ်လို့ သိရပါတယ်။အကောင့်ကို Hack ဖို့ ကြိုးစားနေသူ တွေကြောင့် စိတ်တိုနေရတယ်လို့ သူမရဲ့ fb ပေါ်မှာ ရေးထားပါတယ်။

“သူများfacebook accountကို hackဖို့ကြိုးစားနေသော သူတော်ကောင်းတစ်သိုက် သူများကိုယုတ်မာဖို့ အချိန်တွေပေးပြီစဉ်းစားနေရတာ မမောနိုင် မဝနိုင်ကြသေးဘူးလား??? အရှက်လေးဘာလေးလည်းရှိကြပါအုံး
အပြောတွေနဲ့ အလုပ်နဲ့ညီအောင်နေကြပါလားဒီaccount ကိုအရင်က ဘယ်သူမှhackဖို့ မကြိုးစားကြဘူးဆိုတာ သူတော်ကောင်းတစ်သိုက်သိရင် သိပ်ကောင်းမှာ ”

ဝိုင်းစုရဲ့ လက်တလောအနုပညာလှုပ်ရှားမှု အနေနဲ့ဆိုရင်တော့ (၁၆)ရက်နေ့မှာ ” မယ်သီတာ” ဆိုတဲ့ သူမရဲ့ အယ်လ်ဘမ်ထွက်ရှိလာတော့မှာပါ။အဲ့ဒီ အယ်လ် ဘမ်ထဲမှာတော့ သူမရဲ့ ချစ်သူအောင်လက ရေးပေးထားတဲ့ သီချင်းနှစ်ပုဒ် ပါဝင်တယ်လို့ သိရပါတယ်။

READ
အနီရောင်ဝတ်စုံလေးနဲ့ လှချင်တိုင်းလှနေတဲ့ ဘေဘီမောင်

သူမရဲ့ လူမှုရေးနဲ့ပတ်သက်ပြီး အပြင်မှာ ဝေဖန်ပြော ဆိုနေကြတာတွေရှိပေမယ့် ၀ိုင်းစုကတော့ ဒါတွေကို ဂရုမစိုက်ပဲ သူမရဲ့ အနုပညာလှုပ်ရှားတွေကိုသာ ဆက်တိုက်စိတ်နှစ်ဆောင်ရွက်နေပုံပါ။ဒီနှစ်ထဲမှာ လည်း တစ်ကိုယ်တော်ရှိုးပြုလုပ်သွားဖို့ ရှိပါတယ်။ဇွန်လကဆိုရင်  ” ဂါ” အတွက် လည်း music video ရိုက်ကူးနေပုံတွေကို သူမရဲ့ fb ပေါ် တင်ခဲ့ ပါတ ယ်။”ဂါ” MTV ကိုလည်း ဒီနှစ်ထဲမှာ ဖြန့်ချီသွားမယ်လို့ သိရပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

from Wine Su’s fb

SHARE