နှစ်သစ်အလှူလေးမှာ ဘဝအကြောင်းတွေနဲ့ ပတ်သတ်ပြီး ရင်ဖွင့်လာတဲ့ ဝိုင်းစုခိုင်သိန်း

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်တဲ့ အနုပညာရှင် ဝိုင်းစုခိုင်သိန်းနဲ့ အဆိုတော် အောင်လတို့ကတော့ နှစ်ယောက်အတူ ပျော်ရွှင်စရာဘဝလေးကို တည်ဆောက်နေတဲ့ ချစ်သူနှစ်ဦးလည်းဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်းတို့ ချစ်သူနှစ်ဦးကတော့ နှစ်စမှာလည်း နှစ်ယောက်အတူ ကြိုးစားရှာဖွေထားတဲ့ ငွေတွေနဲ့ အလှူအတန်းပြုခဲ့ပါတယ်။

ဝိုင်းစုကတော့ ပရိသတ်တွေလည်း သာဓုခေါ်နိုင်ဖို့အတွက် သူမတို့ အလှူပုံရိပ်တွေကို တင်ပေးထားပြီး သူမရဲ့ ဘဝနဲ့ ရင်းပြီး ကြုံခဲ့ရတဲ့ အခက်အခဲတွေနဲ့ အတွေ့အကြုံတွေ ဘဝမှတ်တိုင်တွေကိုလည်း အခုလိုမျိုးရေးသားပြီးပြောထားတာဖြစ်ပါတယ်။

ဝိုင်းစုကတော့” နှစ်သစ်မှာ ဝိုင်းစုတို့ နှစ်ယောက်ရဲ့ နှစ်ဦးအလှူ ပျော်ရွှင်မှုတွေကို ဝေမျှပေးလိုက်ပါတယ်နော်
အားလုံးပဲ ပျော်ရွှင်ကြပါစေလို့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်…” လို့ရေးထားပြီး ပရိသတ်တွေကိုလည်း ဆုမွန်ကောင်းတောင်းပေးထားပါတယ်။

Source: Wine Su

SHARE