ဒဏ်ရာရှိနေသည့် ဒေါက်ဂလပ်ကော်စတာကို စောင့်ကြည့်နေရဟု ဘရာဇီးအသင်းကြေညာ

ဘရာဇီးအသင်းရဲ့ တောင်ပံတိုက်စစ်မှူး ဒေါက်ဂလပ်ကော်စတာမှာ ပေါင်ခြံဒဏ်ရာရှိနေပြီး စောင့်ကြည့်နေရဆဲ အနေအထားမှာ ရှိနေတယ်လို့ ဘရာဇီးအသင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဘရာဇီးအသင်းဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဖြစ်ပြီး ကော်စတာရဲ့အခြေအနေဟာ စိုးရိမ်စရာတော့မဟုတ်ဘူးလို့ အသင်းတာဝန်ရှိသူတွေက ဆိုပါတယ်။

“ကျွန်တော်တို့ သူ့အတွက် စမ်းသပ်မှုတွေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးပါပြီ။ သူ့ရဲ့ပေါင်ခြံဒဏ်ရာက အရှင်းမပျောက်သေးပါဘူး။ လက်ရှိအချိန်မှာတော့ လေ့ကျင့်ခန်းအစီအစဉ်ကို တစ်ယောက်တည်း ပြုလုပ်နေရပြီး ခြေစမ်းပွဲအချို့ကို သူလွဲချော်ပါလိမ့်မယ်။ ကမ္ဘာ့ဖလားပွဲအတွက် သူ့အနေနဲ့ စွန့်စားပြီး ကစားရတာမျိုးမဖြစ်အောင် ကျွန်တော်တို့ စောင့်ကြည့်သွားမှာပါ” လို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ရဲ့ အကြီးအကဲ လက်စ်မာ က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

ဒေါက်ဂလပ်ကော်စတာဟာ ဒီရာသီမှာ ဂျူဗင်တပ်စ်အသင်း ချန်ပီယံဖြစ်ဖို့ အဓိက ကူညီပေးခဲ့သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့လျှင်မြန်တဲ့ကစားပုံက ပြိုင်ဖက်အသင်းတွေကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။

READ
၁၈-၁-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : Footballitalia

SHARE