လေကြောင်းလိုင်းကို အရှက်ခွဲဖို့ကြိုးစားခဲ့ပေမယ့် သူသာအထိနာခဲ့တဲ့ မလေးရှားအလှမယ်

instagram/sabee996

(၂၀၁၇) ခုနှစ် Miss Charming International ဆုရရှိခဲ့သူ အလှမယ်တစ်ဦးဟာ လေကြောင်းလိုင်းတစ်လိုင်းကို အွန်လိုင်းပေါ်မှာ အရှက်ခွဲဖို့လုပ်ခဲ့ပေမယ့်လည်း သူမသာ အထိနာခဲ့ရကြောင်း asiaone သတင်းစာမျက်နှာအရ သိရပါတယ်။ အဆိုပါ အလှမယ်ဟာ မလေးရှားမော်ဒယ်တစ်ဦးဖြစ်ပြီး အသက် (၂၈) နှစ်ရှိပြီဖြစ်ကာ Sabee Chin အမည်ရပါတယ်။

instagram/Sabee Chin

Sabee Chin ဟာ တစ်နေ့တော့ လေယာဉ်စီးလာရင်း ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ် အမှတ်(၂) ကို လေယာဉ်ဆင်းသက်တော့မယ့်ဆဲဆဲ သူမက အိမ်သာအသုံးပြုချင်လို့ ခုံနေရာက ထလာခဲ့ပါတယ်။ သူမနဲ့အတူ အခြားခရီးသွားတစ်ယောက်ဟာလည်း အိမ်သာ အသုံးပြုခွင့်ရဖို့ စောင့်ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လေယာဉ်အမှုထမ်းတစ်ယောက်ကို အိမ်သာအသုံးပြုခွင့်ရမလားမေးကြည့်တော့ အမှုထမ်းက လေယာဉ်ဆင်းတော့မှာ ဖြစ်တဲ့အတွက် အိမ်သာအသုံးပြုလို့မရကြောင်းနဲ့ မိမိထိုင်ခုံနေရာပဲ သွားပြန်ထိုင်ကြဖို့ ပြောခဲ့ပါတယ်။

READ
နိုင်ငံအတွက်ထောက်ပံ့ငွေထဲက ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စီးဝယ်ခဲ့တဲ့မိုဇမ်ဘစ်သမ္မတ

Sabee Chin က မလျော့သေးပဲ ဒုတိယအကြိမ်မြောက်၊ တတိယအကြိမ်မြောက် အဆိုပါလေယာဉ်အမှုထမ်းကို အိမ်သာသုံးခွင့်ပြုဖို့ တောင်းဆိုပါတယ်။ ဒါပေမယ့် မရပါဘူး။ ဒီအခါ Sabee Chin ဟာ လေယာဉ်အမှုထမ်းရဲ့ အဖြေကို မကျေမနပ်ဖြစ်ကာ ၄င်းအမှုထမ်းကို အော်ဟစ်ခဲ့ပြီး မျက်နှာကို ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။ သူမဟာ လေယာဉ်ပေါ်က အဆင်းမှာလည်း လေယာဉ်ဝန်ထမ်းတွေရဲ့ မျက်နှာတွေကို ဗီဒီယိုလိုက်ရိုက်ပြီး “ဒါ AirAsia ၊ AirAsia..” ဆိုပြီးတော့လည်း အော်ဟစ်သွားခဲ့ပါသေးတယ်။

Facebook/Sabee Chin

ဒီအကြောင်းက အွန်လိုင်းမှာ ပြန့်သွားပြီးနောက်မှာတော့ အွန်လိုင်းပေါ်က လူတွေက Sabee Chin ရဲ့အပြုအမူဟာ ဆိုးရွားလွန်းကြောင်း မှတ်ချက်ပေးနေကြပါတယ်။ အများစုက ဒါဟာ မလေးလူမျိုးတွေကို သိက္ခာချတဲ့အပြုအမူလို့ဆိုလိုက်ပြီး သူမရဲ့ အလှမယ်ဘွဲ့ကို လှောင်တဲ့အနေနဲ့ Ms Toilet လို့တောင် နာမည်ပေးထားကြပါတယ်။

READ
လူ့မျက်လုံးအိမ်ထဲဝင်ပြီး မျက်ရည်တွေကို သောက်သုံးနေတဲ့ အံ့သြဖွယ် ပျားများ

https://www.facebook.com/sabee.chin/videos/3080625865345734/

ထိုအချိန်ကစပြီးတော့ Sabee Chin ဟာ သူမရဲ့ ယခင်က တင်ခဲ့တဲ့ လေကြောင်းလိုင်းကိုအော်ဟစ်ထားတဲ့ ပို့စ်ကို ပြန်ဖျက်ကာ ဖေ့စ်ဘုတ်မှာ လိုက်ဖ်လွှင့်ပြီး ပြန်လည်တောင်းပန်ခဲ့ပါတယ်။ အမှန်တော့ လေယာဉ်ပေါ်မှာ လိုက်ပါလာကြသူ ခရီးသည်တွေဟာ ထိုင်ခုံအချက်ပြမီးတွေဖွင့်ထားတာ တွေ့တိုင်း ခါးပတ်ကိုစနစ်တကျပတ်ထားပြီး ထိုင်ခုံမှာ ထိုင်နေရမှာဖြစ်ပါတယ်။ အခုလိုပြုလုပ်ခြင်းဟာ မမျှော်လင့်ပဲ ဖြစ်ပွားလာမယ့် ထိခိုက်အန္တရာယ်တွေနဲ့ မလိုလားအပ်တဲ့ အခြေအနေတွေမှ ကာကွယ်ပေးဖို့ဖြစ်ကြောင်းလည်း Civil Aviation Authority of Singapore အရ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE