ဒါရိုက်တာက မင်းသမီးငိုအောင် ပိုးစိုးပက်စက် ပြောခိုင်းတာ မပြောခဲ့ဘူးဆိုတဲ့ Keanue Reeves

Instagram- @winonaryderofficial, John Wick

ရုပ်ရှင်တစ်ကားရိုက်ကူးတယ်ဆိုတာ အပျော်အခန်းဆိုလည်း အပျော်ခန်းမလို့၊ အချစ်အခန်းဆိုလည်း အချစ်ခန်းမလို့၊ ဝမ်းနည်းကြေကွဲတဲ့အခန်း၊ ဒေါသထွက်ပေါက်ကွဲတဲ့အခန်း၊ ကြောက်ရွံ့ထိတ်လန့်အခန်း စသဖြင့် ခံစားချက်အားလုံးကို တကယ်ဖြစ်ပျက်နေသလို ပရိတ်သတ်က ထင်မှတ်ရလေအောင် သရုပ်ဆောင်များက သရုပ်ဆောင်ကြရပါတယ်။

People မဂ္ဂဇင်းမှ ဖော်ပြချက်အရ မင်းသမီး Winona Ryder အနေနဲ့ သူမဘဝမှာ အနုပညာလောကထဲ လူသားအဆန်ဆုံးသူနဲ့ အမှတ်တရလေးအကြောင်း ထုတ်ပြောလာခဲ့ပါတယ်။ Keanu Reeves နဲ့အကြောင်းလေးပါ။

View this post on Instagram

A post shared by Winona Ryder (@winonaryderofficial) on

၁၉၉၂ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Bram Stoker’s Dracula ဆိုတဲ့ ရုပ်ရှင်ထဲ Winona Ryder ဟာ မင်းသား Kaenu Reeves နဲ့အတူတူတွဲပြီး သရုပ်ဆောင်ခဲ့ရပါတယ်။ ဇာတ်လမ်းဟာ ပုံမှန်ထဲက ခွဲထွက်တဲ့ ကားမျိုးဖြစ်တာကြောင့် အံ့သြထိတ်လန့်မှု၊ အကြောက်တရား၊ နားလည်နိုင်တဲ့ပုံစံမျိုးတွေကို ပိုပြီး သရုပ်ဆောင်ခဲ့ရပါတယ်။

READ
လက်ထပ်လိုက်ပြီဖြစ်တဲ့ မိတ်ကပ်ဆရာမလေး PONY

တစ်ခန်းမှာ Winona Ryder အနေနဲ့ ကြောက်ရွံပြီးရုတ်တရက်ထိတ်လန့်သွားတဲ့ပုံစံမျိုး သရုပ်ဆောင်ရမှာပါ။ ဒီလိုသရုပ်ဆောင်မှုကို ဒါရိုက်တာ Francis Ford Coppola အနေနဲ့ မကျေနပ်နိုင်ဘဲ Winona Ryder ရဲ့ တကယ့်အပြင်မှာကြောက်ပြီး လန့်ငို ငိုတာမျိုးကို လိုချင်ပါသတဲ့လေ။ ဒါကြောင့် ဒါရိုက်တာကိုယ်တိုင်အနေနဲ့ မင်းသမီး Winona Ryder ကို “အပျက်မ” တို့ဘာတို့တောင် အော်ပြီးဆူခဲ့တာပါတဲ့။

Imdb/John Wick

အတူတွဲသရုပ်ဆောင်ရတဲ့ Keanue Reeves ကိုလည်း ဒါရိုက်တာဟာ ကူပြီး သူမကို အော်ပေး ဆူပေးဖို့ ညွှန်ကြားခဲ့ပါတယ်တဲ့။ ဒါပေမဲ့ Keanue Reeves က ဒီလိုညွှန်ကြားချက်ကို အပြတ်ပဲ ငြင်းပစ်လိုက်ပြီး သူမကိုသဘာဝအတိုင်း ပီပြင်စွာသရုပ်ဆောင်နိုင်ဖို့အတွက် လမ်းညွှန်ပြပေးခဲ့ပါတယ်တဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်တုန်းက ကိစ္စကို Winona Rdyer အနေနဲ့ အခုအချိန်ထိ မှတ်မိနေဆဲဖြစ်ပြီး အနုပညာလောကထဲ လူသားအဆန်ဆုံးသူဆိုရင် Kaenue Reeves ပဲလို့ပြောလာခဲ့ပါတယ်။

READ
ကြည့်ရှုသူ (၄)သိန်းခွဲကျော်သွားတဲ့ DJ Soda ရေကစားနေတဲ့ ဗီဒီိယိုဖိုင်

https://www.instagram.com/p/B9pQfCgAK6N/

Penny

SHARE