ပရိသတ်တွေနဲ့မခွဲချင်သေးလို့ မင်းမျိုးနွယ်ကို အတိတ်ပြန်မေ့ခိုင်းချင်နေတဲ့ စံမြန်း

“ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲကတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အပြင် ရသပေါင်းစုံကို ကြည့်ရှုသူ ပရိသတ်တွေကို ပေးစွမ်းနိုင်ခဲ့တာကြောင့် ကြည့်ရှုသူနှုန်းတော်တော်လေးမြင့်ခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ မနေ့က ဇာတ်သိမ်းသွားခဲ့ပြီဖြစ်ပြီး ပရိသတ်တွေကတော့ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေကိုတောင် လွမ်းပြီး ကျန်ခဲ့ရပါတယ်။

စံမြန်းအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဝင့်ယမုံနိုင်ကတော့ “ပရိသတ်တွေနဲ့ မခွဲချင်တော့ မောင့်ကိုပဲ အတိတ်ပြန်မေ့ခိုင်းရမလို ” လို့ ရေးထားပြီး မင်းမျိုးနွယ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ အောင်ရေးချမ်းနဲ့အတူ ဓါတ်ပုံတွေကို တင်ပေးထာဖြစ်ပါတယ်။ အောင်ရေချမ်းကတော့ “ကိုယ့်ကို မသနားဘူးလားမြန်းရယ်” ဆိုပြီး ကွန်းမန့်ရေးသားခဲ့ပါသေးတယ်။

မင်းမျိုးနွယ်နဲ့ စံမြန်းတို့စုံတွဲကို လွမ်းနေကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို ဝေမျှပေးလိုက်ပါတယ်။

Source: Wint Yamone Naing

SHARE