ဘယ်လိုပုံစံနဲ့မဆို ကြည့်ကောင်းနေကြောင်း သက်သေပြနေတဲ့ Woo Dohwan ပုံရိပ်များ

Instagram/wdohwan

The King: Eternal Monarch မှာ ကိုယ်ရံတော် တပ်မှူးလေး အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Woo Dohwan ကတော့ ပရိသတ်တွေအရမ်းကို ရေပန်းစားလျက် ရှိပါတယ်။ ဒီလို ရေပန်းစားတာကြောင့်ပဲ အရက်မူးနေတဲ့ပုံစံတွေကအစ ကြည့်ကောင်းလွန်းကြောင်းကို kstarlive ကနေ ဖော်ပြထားခဲ့ပါတယ်။

https://www.instagram.com/p/B-Y4O-sJCw5/

Woo Dohwan ကတော့ The King: Eternal Monarch မှာ မတူညီတဲ့ ဇာတ်ရုပ်ကို အံ့သြဖွယ်ကောင်းလိုက်အောင် သရုပ်ဆောင်ထားတာကြောင့် ပရိသတ်တွေက ပိုပြီး အချစ်ပိုနေကြတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို မရိုက်ကူးခင်ကတော့ My Country ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

My Country ဆိုတဲ့ ဇာတ်လမ်းတွဲရဲ့ နှုတ်ဆက်ပွဲကို ၂၀၁၉ နိုဝင်ဘာမှာ ကျင်းပခဲ့တာပါ။ အဲ့ပွဲမှာ ရှိခဲ့တဲ့ Woo Dohwan ရဲ့ ပုံရိပ်တွေက ပရိသတ်တွေကြားကို ပြန့်နှံ့နေလျက်ရှိပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို တစ်ပတ်ပြန်ပြီး ရရှိနေခဲ့တာ ဖြစ်ပါတယ်။

မူးနေရင်တောင်မှ ကြည့်ကောင်းတဲ့ ပုံရိပ်ကျန်နေလို့ ပရိသတ်တွေက အရမ်းကို ချီးမွမ်း သဘောကျနေကြပါတော့တယ်။

READ
မအေးသောင်းနဲ့အတူ တွဲပြီး သရုပ်ဆောင်နေပြီဖြစ်တဲ့ ဖြိုးမြတ်အောင်

Kham

 

 

SHARE