ဆိုရှယ်မီဒီယာမှာနာမည်ကြီးနေတဲ့ အသက်(၄၀)ကွာတဲ့ စုံတွဲ

Twitter / Yahoo Lifestyle

လက်ရှိအချိန်မှာ အသက်(၂၃)နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ Ashleigh Petrie အမည်ရ ကောင်မလေးဟာ တရားသူကြီးတစ်ဦးဖြစ်တဲ့ ချစ်သူအဖိုးအို Rodney Higgins နဲ့ တရားဝင် စေ့စပ်ကြောင်းလမ်းလိုက်ပြီလို့ သိရပါတယ်။ ဒီသြစတြေးလျစုံတွဲဟာ လူငယ်ထုကြားမှာတော့ ပြောစမှတ်ပြုစရာ ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် သူတို့နှစ်ယောက်ကတော့ ပျော်နေကြပါတယ်။ တရားသူကြီး Higgins ဟာ အသက်(၆၃)ဝန်းကျင်အရွယ် ဖြစ်ပြီး၊ Petrie က “ ထင်မှတ်မထားတဲ့ တွေ့ဆုံမှုကနေ အခုဆိုရင် ကျွန်မရဲ့ လက်ချောင်းပေါ်မှာ စေ့စပ်လက်စွပ် ရောက်နေပါပြီ … ကျွန်မအသက်နဲ့ ရင်းပြီး ချစ်ရသူက … သူ့ကို လက်ထပ်မလား မေးတော့ ကျွန်မ ဟန်မဆောင်နိုင်စွာပဲ … ဟုတ်ကဲ့လို့ ဖြေခဲ့ပါတယ် ”လို့ ပြောခဲ့ပါတယ်။

သူတို့ဟာ ဖီဂျီကို အလည်အပတ်ခရီး ရောက်နေခဲ့တာဖြစ်ပြီး၊ ဒီခရီးစဉ်က Petrie တို့စုံတွဲအတွက်တော့ အမှတ်တရ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သူမက “ Rod ရဲ့ ချစ်သူအဖြစ်နဲ့ ဒီကိုရောက်ခဲ့တယ် … Rod ရဲ့ ဇနီးလောင်းအဖြစ်နဲ့ ဒီကနေ ထွက်ခွာခဲ့တာ … ဒါက အမှတ်တရပါဘဲ ”လို့ ပြောပါတယ်။ သူမက “ လက်ထပ်ပွဲကို မစောင့်နိုင်အောင်ပါဘဲ .. ကျွန်မ မစ္စ Higgins ဆိုတဲ့ အမည်ဘွဲ့ထူးကို ခံယူချင်လှပါပြီ ”လို့ ပြောခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ မဲလ်ဘုန်းမြို့က တရားရုံးတစ်ခုမှာ စတင်တွေ့ဆုံခဲ့တာဖြစ်ပြီး၊ မတ်လမှာ ချစ်သူတွေအဖြစ် တရားဝင်လက်တွဲခဲ့ကြတာပါ။ Petrie က သူမတို့စုံတွဲဟာ ကမ္ဘာပေါ်မှာ ပျော်စရာအကောင်းဆုံး စုံတွဲပါလို့ ဆိုပါတယ်။ Higgins မှာ အရင်အိမ်ထောင်နဲ့ သမီးသုံးယောက် ထွန်းကားခဲ့ပြီး၊ မြေးတွေတောင် ရထားတဲ့ အဖိုးတစ်ဦး ဖြစ်ပါတယ်။

Petrie က ပူဆာထားလို့ လာမယ့်လတွေလောက်မှာ ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်ပြီး၊ နှစ်ကိုတူ ကြည်နူးဖွယ်ဘဝကို ပိုက်ဆံတွေခင်းပြီး ဖြတ်သန်းဦးမယ်လို့ ဆိုပါတယ်။ သူတို့စုံတွဲဟာ မကြာသေးမီကပဲ အင်ဒိုနီးရှားနိုင်ငံ ဘာလီကို ရက်ရှည်အလည်အပတ် ရောက်ခဲ့ပြီး၊ မင်္ဂလာပွဲပြီးရင်လည်း သတို့သား Higgins တစ်ယောက် ပိုက်ဆံကုန်ပေါက် နှိုက်ရဦးမှာပါ။

 

View this post on Instagram

 

A post shared by Ashleigh Petrie (@ashleighpetrie) on

လင်းသူရိန်

SHARE