ဆေးခြောက်အဆီသုံးပြီး ကျွမ်းနေတဲ့ကင်ဆာကို ကုသခဲ့ကြောင်း ဖွင့်ဟခဲ့တဲ့အမျိုးသမီး

ကင်ဆာနောက်ဆုံးအဆင့် ရောဂါသည်အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ကျွမ်းနေပြီဖြစ်တဲ့ ကင်ဆာရောဂါကို ဆေးခြောက်အဆီနဲ့ ကုသနိုင်ခဲ့ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ သူမဟာ အခုအခါမှာ ဆေးခြောက်အဆီကို ယူကေအတွင်းမှာ ဆေးဖြစ်ဝါးဖြစ် တရားဝင်သုံးစွဲခွင့်ရရေးလှုပ်ရှားမှုတွေမှာ ပါဝင်နေပြီဖြစ်ပါတယ်။

ကာယကံရှင်အမျိုးသမီးရဲ့အမည်မှာ Joy Smith ဖြစ်ပြီး အသက်ကတော့ (၅၂)နှစ် ရှိနေပါပြီ။ သူမဟာ ကိုဗင်ထရီမြို့သူဖြစ်ပြီး၊ ဆရာဝန်တွေက နောက်ဆုံး ဓာတ်ကင်ကုသမှုပြုလုပ်ပြီးနောက် (၆)ပတ်သာ အသက်ရှင်ဖို့ရှိတော့တယ်လို့ သတ်မှတ်ခဲ့ပါတယ်။ Joy ဟာ (၂၀၁၆) ခုနှစ်က သြဂုတ်လကတည်းက အစာအိမ်နဲ့ အူမကြီးကင်ဆာကို ခံစားခဲ့ရတာပါ။

ဆရာဝန်တွေက လက်လျှော့လိုက်တဲ့အခါမှာ Joy က သူမနဲ့ဘဝတူ ကင်ဆာရောဂါသည်တစ်ယောက်အကြောင်း ကြားသိခဲ့ပါတယ်။ အဲဒီကင်ဆာရောဂါသည်ဟာ ဆေးခြောက်အဆီအသုံးပြုခဲ့ရင်း နောက်ဆုံး ကင်ဆာကနေ လွတ်ကင်းနိုင်ခဲ့ကြောင်း ဆိုပါတယ်။ ဒါကြောင့် Joy ကလည်း ကျန်နေတဲ့အသက်နဲ့ မထူတော့ဘူးဆိုပြီး ဆေးခြောက်အဆီ အခြေခံထုတ်လုပ်ထားတဲ့ ဆေးပြားတွေကိုသာ စားပါတော့တယ်။

READ
မိဘမဲ့ဆင်ကလေးတွေရဲ့ မိခင်သဖွယ်ဖြစ်လာတဲ့ အမျိုးသမီး

ယင်းနောက် (၆)ပတ်ကြာရင် သေမယ်လို့ပြောခဲ့တဲ့ ဆရာဝန်တွေထံ ဝမ်းမြောက်ဂုဏ်ယူစွာပြန်သွားရင်း ရောဂါကိုထပ်မံစစ်ဆေးစေတဲ့အခါမှာတော့ ကင်ဆာအကြိတ်ရဲ့ နဂိုပမာဏဟာ အလွန်သေးငယ်သွားတာကို တွေ့ရပြီး ဒေါက်တာတွေကလည်း “သိပ်ကို အံ့သြစရာကောင်းတဲ့ အမျိုးသမီး”လို့ မှတ်ချက်ချခဲ့ပါတယ်။

Joy ဟာ ယခင်က ဆေးခြောက်ဆေးပြားစားပြီးနောက် ဝင်ရောက်ယှဉ်ပြိုင်ထားတဲ့ တီဗွီအစီအစဉ်ပြိုင်ပွဲမှာလည်း အနိုင်ရခဲ့ပြီး ဆုကြေးပေါင် (၈၄၀၀၀) ရရှိခဲ့ပါတယ်။ ဒါကြောင့် Joy ဟာ အင်္ဂလန်မှာ ဆေးခြောက်အဆီကို ရောဂါဘယတွေ ကုသဖို့ တရားဝင်ခွင့်ပြုချက် ပေးစေလိုနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူမအသုံးပြုခဲ့တဲ့ဆေးတွေထဲမှာ THC လည်း ပါဝင်လို့ ဒါဟာမူးယစ်ဆေးအပြင်းစားထဲမှာပါဝင်တာကြောင့် ခွင့်ပြုဖို့မလွယ်ကူပါဘူး။ လက်ရှိအချိန်မှာတော့ သူမဟာ စပိန်နိုင်ငံကို သွားရောက်ပြီး တက်ကျွမ်းနာလည်တဲ့ဆရာဝန်တွေနဲ့ ဆက်လက်ပြသဖို့ ပြင်ဆင်နေပါတယ်။ အကြောင်းကတော့ အင်္ဂလန်မှာ ရောဂါရဲ့ရင်းမြစ်က ဘာလဲ၊ ဘယ်နေရာမှာလည်းဆိုတာကို သူမကို ပွင့်ပွင့်လင်းလင်း မပြောဘူးလို့ ဆိုပါတယ်။

READ
ပျိုမေတို့ သိထားသင့်တဲ့ အပ်ချည်ထိုးနည်း အလွယ်ဆုံးနည်းလမ်း

နတ်စည်တော် (Shwemom)

source : dailymail.co.uk

SHARE