ဘီယာအလှူခံရင်း နာမည်ကျော်သွားခဲ့တဲ့ အမေရိကန်ကအဖွားအို

KDKA-TV

အမေရိကန်နိုင်ငံ၊ ပင်ဆယ်လ်ဗေးနီးယားမှာနေထိုင်တဲ့ အသက် (၉၃)နှစ်အရွယ် အဖွားအို တစ်ဦးဟာ သူ့ရဲ့နေအိမ်မှာ ဘီယာကုန်သွားခဲ့လို့ အလှူခံရင်း ဆိုရှယ်မီဒီယာမှာ နာမည်ကြီးသွားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် သက်ကြီးရွယ်အိုတွေအနေနဲ့ နေအိမ်မှာပဲ နေ နေရတဲ့အချိန်မှာ အဖွားအိုရဲ့အိမ်မှာ ဘီယာ ပြတ်လပ်သွားခဲ့တာဖြစ်ပြီး သူမက ၀ှိုက်ဘုတ်တစ်ခုပေါ်မှာ “ဘီယာလိုနေပါတယ်” ဆိုတဲ့အကြောင်း စာရေးသားပြီး ဆိုရှယ်မီဒီယာပေါ်တင်ခဲ့တာပါ။

KDKA-TV

သူမ က ပင်စင်စားအမျိုးသမီးကြီးတစ်ယောက်ဖြစ်ပြီး တခြားတစ်ဖက်က ဘီယာဗူးကိုင်ကာ၊ တခြားတစ်ဖက်က ၀ှိုက်ဘုတ်ကို ကိုင်ထားတဲ့ သူမရဲ့ ဓာတ်ပုံဟာ Facebook မှာ လျှင်လျှင်မြန်မြန်ပဲ လူသိများသွားခဲ့တာပါ။

အဲဒီနောက်မှာတော့ ဒီဓာတ်ပုံက အနည်းဆုံး လူတစ်သန်းကျော်ဆီ ပျံ့နှံ့သွားခဲ့ပြီး သူမဆီကို ဘီယာလာပို့ပေးမယ်လို့ ကမ်းလှမ်းသူတွေ အများကြီးရှိလာခဲ့ပါတယ်။

အများစုကတော့ သူတို့ရဲ့နေအိမ်က သက်ကြီးရွယ်အိုတွေအတွက် ဘီယာ မပြတ်သွားအောင် ဘယ်လိုစီမံထားရမလဲဆိုတာ စဉ်းစားကုန်ကြပါတော့တယ်။

READ
ဒိုးနပ်တွေဝယ်ကာ ပြန်ရောင်းခဲ့တဲ့ ကျောင်းသားလေးကို ပညာသင်ဆုပေးလိုက်တဲ့ ဒိုးနပ်ဆိုင်
KDKA-TV

အသက် (၇၀)ကျော်အရွယ် အများစုဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရဖို့ လွယ်ကူတာကြောင့် နေအိမ်ထဲမှာပဲ နေကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းထားကြပြီး သူတို့ရဲ့ လိုအပ်ချက်တွေကိုလည်း ကူညီပေးကြဖို့ အနီးဝန်းကျင်မှာရှိသူတွေကို နှိုးဆော်ထားကြတာပါ။

အိုလစ် ဗီရိုနီဆီ လို့ခေါ်တဲ့ အဖွားအိုကြီးရဲ့ Facebook စာမျက်နှာမှာတော့ ဘီယာဗူးတွေအများကြီး သူမဆီ ရောက်လာတဲ့ပုံကို ထပ်မံ တင်ပေးသွားပြီး သူမအတွက်တော့ အနည်းဆုံး (၂)လ (၃)လစာလောက် ဖူလုံသွားမယ့် ပုံပါပဲ။

အိုလစ် ဟာ Coors Light ဘီယာကို သောက်သုံးသူဖြစ်ကြောင်း သူမရဲ့ ဓာတ်ပုံမှာ တွေ့ခဲ့ရတာမို့ အဲဒီ ဘီယာကုမ္ပဏီက အိုလစ်ရဲ့ အိမ်ရှေ့ဆီရောက်လာပြီး သူမအတွက် ဘီယာဗူး (၁၅၀)ကို လက်ဆောင်အဖြစ် ပေးခဲ့တာပါ။

KDKA-TV

အိုလစ်နဲ့ အတူနေထိုင်တဲ့ မိသားစုဝင်တွေက အိုလစ် တစ်ယောက် ဘီယာဗူးတွေကြားမှာ ပျော်နေပုံကို ဆိုရှယ်မီဒီယာပေါ်တင်ပေးလိုက်ကြလို့ အသက် (၉၃)နှစ်အရွယ် အမျိုးသမီးကြီးရဲ့ ဘီယာစပွန်ဆာ ရှာနည်းဟာ အားလုံးအတွက် အတုယူစရာ ဖြစ်သွားခဲ့ရပါတယ်။

READ
ဒေါ်လာ(၃)သိန်းတန် BMW ကားကြီးစီးပြီး ကြက်တွေဘဲတွေ လိုက်ခိုးနေတဲ့ တရုတ်သူဌေးကြီး

Linn

SHARE